EPN
နိုင်ငံတကာ၊ ဇွန် ၂၄
တစ်ကမ္ဘာလုံးတွင် လူပေါင်း ၅ သိန်းနီးပါးနှင့် အမေရိကန်နိုင်ငံတွင်
လူပေါင်း ၁၂၂၀၀၀ ကျော် သေဆုံးခဲ့ သည့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ
တရုတ်နိုင်ငံတွင် တာဝန်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြော
ကြားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအတွက် တရုတ်နိုင်ငံက တာဝန်ရှိပြီး မမှန်မကန်သတင်းများ ဖြန့်ဝေမှုနှင့်ပတ် သက်၍ တရုတ်နိုင်ငံ၏ ပြစ်တင်ရှုတ်ချမှုခံရသည့် အမေရိကန်တပ်ဖွဲ့များဘက်မှ သမ္မတ ဒေါ်နယ်ထရမ့်က ရပ် တည်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကေလိတ်ဂျ်မတ်အန်နီက ပြောသည်။
လူမျိုးရေးခွဲခြားသော မှတ်ချက်တစ်ခုအဖြစ် လူအများစုက ယုံကြည်နေသည့် ပြီးခဲ့သည့်အပတ်က တူစ လာမြို့၌ကျင်းပသော မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း ဒေါ်နယ်ထရမ့်က “ကွန်တုပ်ကွေး” ဟူသောဝေါဟာရ သုံးစွဲခဲ့ မှုနှင့်ပတ်သက်သော မေးခွန်းများကိုဖြေကြားစဉ် မတ်အန်နီက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“သမ္မတ ဒေါ်နယ်ထရမ့်က လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းမသုံးခဲ့ပါဘူး။ သမ္မတဆိုလိုတာက ဗိုင်းရပ်စ်ရဲ့ မူလအစက တရုတ်နိုင်ငံဖြစ်တယ်လို့ ပြောတာပါ” ဟု သူက ဆိုသည်။
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ အမေရိကန်တပ်ဖွဲ့များအပေါ် အပြစ်ပုံချ၍ သ မိုင်းသစ်ရေးထိုးရန် ကြိုးပမ်နေပြီး သမ္မတ ထရမ့်ပြောသည်မှာ ဗိုင်းရပ်စ်က တရုတ်နိုင်ငံမှစတင်ဖြစ်ပွားခဲ့သည်ဟု ဆိုလိုကြောင်း ၄င်းက ပြောသည်။
အမေရိကန်နှင့် တစ်ကမ္ဘာလုံးရှိ အာရှနွယ်ဖွားများကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီးပြီး ဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ အာရှနွယ်ဖွားများ၏ အပြစ်ကြောင့်မဟုတ်ကြောင်း သူက ဆိုသည်။
နယူးယောက်တိုင်းမ်၊ ရိုက်တာ၊ စီအင်န်အင်န် အစရှိသော အမေရိကန်မီဒီယာများက တရုတ်ဗိုင်းရပ်စ်၊ တရုတ်ကိုရိုနာဗိုင်းရပ်စ် အစရှိသော စကားလုံးများသုံးစွဲ၍ သတင်းဖော်ပြခဲ့သည်။
--ကိုးကား--
တိုင်းမ်အော့ဖ် အိန္ဒိယ
Ref; Trump holds China responsible for coronavirus deaths: White House spokeswoman

No comments:
Post a Comment