Search

Wednesday, June 24, 2020

မက္ကဆီကိုတောင်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် နှစ်ဦးထက်မနည်း သေဆုံး

မက္ကဆီကိုတောင်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် နှစ်ဦးထက်မနည်း သေဆုံး



EPN
နိုင်ငံတကာ၊ ဇွန် ၂၄

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းဒေသတွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြင်းအား ၇ ဒသမ ၄အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူနှစ်ဉီး သေဆုံးခဲ့ပြီး လမ်းမကြီးများ ပျက်စီးသွားကာ ကျေးရွာများ အ ဆက်အသွယ် ပြတ်တောက်ခဲ့သည်။


ငလျင်လှုပ်ခတ်ရာပြည်နယ်မြို့တော် အိုဇာကာမြို့တော်နှင့် ကမ်းရိုးတန်းကြားတွင်ရှိသည့် လမ်းများတွင် ကျောက် တုံးများပြိုကျမှုကြောင့် ကျောက်ခဲများဖြင့် ပိတ်ဆို့လျက်ရှိသည်။

ငလျင်ဗဟိုချက်မအနီး တောင်ပေါ်ကျေးရွာများရှိ ဆေးခန်းများနှင့်အခြားအဆောက်အဉီများမှာ အကြီးအကျယ် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည်။

မက္ကဆီကိုမြို့တော်၏ မိုင်ပေါင်းများစွာဝေးကွာသည့်နေရာတွင်ရှိသည့် အဆောက်အဉီများမှာ ပြင်းထန်စွာ လှုပ် ခတ်ခဲ့ပြီး ကြိုတင်ချက်ပေးအသံများ ထွက်ပေါ်ခဲ့မှုကြောင့် ဒေသခံများက လမ်းမပေါ်သို့ ပြေးထွက်ခဲ့ကြသည်။

ငလျင်လှုပ်ခတ်မှုကြောင့် အိုဇာကာဒေသတွင် အသေးစားဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှု ကြောင့် မြို့တော်နှင့်ပတ်ဝန်းကျင်ရှိပြည်နယ်များတွင် လူပေါင်း ၃၅၅ ဦး သေဆုံးခဲ့သည်။

--ကိုးကား--
စီအင်န် အင်န်
Ref; Major quake hits southern Mexico, at least 2 killed

No comments:

Popular Posts