EPN
မြစ်ကြီးနား၊ ဇွန် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းကဆိုင်ကယ်သူခိုးများထံမှ
ဖမ်းဆီးရမိသည့်ဆိုင်ကယ် စုစုပေါင်း(၁၁)စီးအထိ
ရှိထားပြီးယင်းဆိုင်ကယ်များကို အထောက်အထားများဖြင့်
သွားရောက်ထုတ်ယူနိုင်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ
သိရသည်။
ယင်းဆိုင်ကယ်များကို မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် အမှတ်(၂)နယ်မြေရဲစခန်းတို့တွင် သွားရောက်ထုတ်ယူနိုင်ပြီး ပိုင်ရှင်မှန်ကန်ကြောင်း အထောက်အထားမှန်ကန်မှသာ ထုတ်ပေးမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်မိုးထံမှ သိရသည်။
“ပျောက်တဲ့နေရာရယ်၊ ဆိုင်ကယ်အမျိုးအစားရယ်၊ ဆိုင်ကယ်မှာရှိတဲ့အမှတ်အသားရယ်၊ ပျောက်တဲ့ရက်ရယ်၊ ပြီးရင်ဆိုင်ကယ်ဝယ်တဲ့အခါပါတဲ့ စာအုပ်ပါရင်လည်းရတယ်။”ဟု ရဲမှူးမြင့်မိုးက ပြောသည်။
အဆိုပါ ဆိုင်ကယ်(၁၁)စီးမှာ သက်ဆိုင်ရာနယ်ထိန်းတပ်ဖွဲ့ဝင်များမှ ဇွန်လ (၁၆)ရက်နေ့နောက်ပိုင်း ဖမ်းဆီးရမိသည့်ဆိုင်ကယ်များဖြစ်ပြီး လက်ရှိတွင်မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တစ်စီး၊ အမှတ်(၂)နယ်မြေရဲစခန်းတွင် (၁၀)စီး ရှိထားကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ (၁၆)ရက်နေ့အထိ ဆိုင်ကယ်သူခိုးများထံမှ ဖမ်းဆီးရမိသည့်ဆိုင်ကယ် အစီးရေစုစုပေါင်း (၃၄)စီးအထိရှိထားပြီးဖြစ်ပြီး တရားခံများကိုလည်းတရားဥပဒေအရ အရေးယူထားကြောင်း သိရသည်။
လွမ်းအောင်

No comments:
Post a Comment