Search

Tuesday, June 23, 2020

ပြီးခဲ့သောတစ်ပတ်အတွင်း တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀၀ နီးပါး ကျဆုံး၊ ၅၀၀ ကျော် ဒဏ်ရာရ

ပြီးခဲ့သောတစ်ပတ်အတွင်း တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀၀ နီးပါး ကျဆုံး၊ ၅၀၀ ကျော် ဒဏ်ရာရ



EPN
နိုင်ငံတကာ၊ ဇွန် ၂၃

တာလီဘန်အဖွဲ့က ပြီးခဲ့သောတစ်ပတ်အတွင်း အာဖဂန် လုံခြုံရေးအဖွဲ့ဝင် ၂၉၁ ဦးကို သတ်ဖြတ်ခဲ့ ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဆွေးနွေးမှုများမစတင်မီ အကြမ်းဖက်မှုများ လုပ်ဆောင်နေ ကြောင်း စွပ်စွဲလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်မှာ ၁၉ နှစ်ကြာ အာဖဂန်နစ္စတန် ပဋိပက္ခအတွင်း လူအသေအပျောက်အများဆုံး သီတင်းပတ်ခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျာဗက်ဖိုင်ဆယ်က ပြောသည်။


ယင်းကာလအတွင်း တာလီဘန်အဖွဲ့က ပြည်နယ် ၃၂ ခုတွင် တိုက်ခိုက်မှု ၄၂၂ ကြိမ် လုပ်ဆောင်ခဲ့ရာ လုံ ခြုံရေးတပ်ဖွဲ့ဝင် ၂၉၁ ဦး ကျဆုံခဲ့ပြီး ၅၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖိုင်ဆယ်က ပြောသည်။

တာလီဘန်အဖွဲ့၏ အကြမ်းဖက်မှုလျော့ချမည့် ကတိကဝတ်က အဓိပ္ပာယ်မရှိဘဲ လုပ်ရပ်များက အပြော နှင့်မညီဟု ၎င်းက ပြောကြားခဲ့သော်လည်း တာလီဘန်အဖွဲ့က အစိုးရ၏ အချက်အလက်များကို ပယ်ချခဲ့သည်။

“အာဖဂန်အစိုးရက ဒီလိုသတင်းမှာတွေ ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အာဖဂန်ဆွေးနွေးပွဲကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်နေတာပါ” ဟု တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟက်က ပြော သည်။

အာဖန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီကလည်း အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီ တာလီဘန်အဖွဲ့၏ လက်ချက်ဟု ပြစ်တင်လိုက်သည်။ အကြမ်းဖက်လုပ်ရပ်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကတိကဝတ်ကို ထိခိုက် စေသည်ဟု သမ္မတ ဂါနီက ပြောသည်။

ယမန်နေ့နံနက်ပိုင်းကလည်း သေနတ်သမားနှစ်ဦးက ရှေ့နေ့ချုပ်ရုံးမှ အစိုးရရှေ့နေနှစ်ဉီးနှင့် ဝန်ထမ်း သုံးဦးကို ပစ်သတ်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို ဖေဖော်ဝါရီလအတွင်း သဘောတူညီချက်တစ်ရက် လက်မှတ်မထိုးမီ စေ့စပ်ညှိနှိုင်းမှုများ ဦးဆောင်ခဲ့သည့် အမေရိကန် အထူးကိုယ်စားလှယ် ဇယ်လ်မေခါလီဇက်က ပြစ်တင်ရှုတ်ချခဲ့ သည်။

အဒ်နေ့ အထိမ်းအမှတ်ကျင်းပရန် မေလ ၂၄ ရက်က သုံးရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် တာလီ ဘန်အဖွဲ့က ကြေညာပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများ လျော့ချသွားသည်ဟု ဆိုသော်လည်း တာလီဘန်အဖွဲ့က မကြသေးမီသီတင်းပတ်များအတွင်း အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ သည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။

--ကိုးကား--
သည်စထရိတ်တိုင်းမ်
Ref; Taleban killed 291 Afghan security personnel in past week, government says

No comments:

Popular Posts