Search

Monday, June 8, 2020

ကချင်ပြည်နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းပေးကြ သည့် UN အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ကချင်ပြည်နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းပေးကြ သည့် UN အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်



EPN
မြစ်ကြီးနား၊ ဇွန် ၈

ကချင်ပြည်နယ် COVID -19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းပေးကြ သည့် UN အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပလူမှုရေးအဖွဲ့အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုလို ကပ်ရောဂါကာလအတွင်း ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပြန်လည်ရောက်ရှိလာသော Quarantine ဝင်ရောက်လျက်ရှိ သည့် ပြည်နယ်သူ/ ပြည်နယ်သားများအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက် လှူဒါန်းပေးကြသည့် UN လက်အောက်ခံအဖွဲ့အစည်းများနှင့် ကုမ္ပဏီ၊ အသင်းအဖွဲ့များအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်း ရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပမှ ဝင်ရောက်လာသူများအား Quarantine ထားရှိဆောင်ရွက်လျှက်ရှိသည့် အခြေအနေ များနှင့် ကော်မတီအနေဖြင့် လှူဒါန်းလက်ခံရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ Quarantine Center များတွင် အသုံးပြုရန်အတွက် UNHCR မှ ငွေကျပ် (၆၈၈၂၄၁၂၄)တန်ဖိုးရှိ ခုတင်၊ မွေ့ယာ၊ စောင်၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ ရေချိုးဖလား၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဆပ်ပြာခွက်၊ သဘက်၊ စတီးပန်းကန်ပြား၊ ပန်းကန်လုံးနှင့် ဇွန်း စသည့် ပစ္စည်း (၁၅)မျိုး၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) မှ ငွေ ကျပ် ၂၁၄၆၅၀၀၀ တန်ဖိုးရှိ ဆန်အိတ် (၇၉၅)အိတ်၊ နယ်စည်းမထားဆရာဝန်များအဖွဲ့မှ ငွေကျပ် ၂၉၄၉၀၀၀ တန်ဖိုးရှိ လူသုံးကုန်ပစ္စည်း (၉)မျိုး၊ Humanity Insitute အဖွဲ့မှ မြစ်ကြီးနားနှင့် ပူတာအို မြို့နယ်တို့အတွက် ငွေကျပ် ၁၃၁၄၅၀၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာများ၊ Transparency and Accountability Network Kachin State(TANKS) မှ ငွေကျပ် ၈၁၇၀၇၅၀ တန်ဖိုးရှိ လူသုံးကုန်ပစ္စည်း (၇)မျိုးနှင့် စားနပ်ရိက္ခာများ၊ ဖားကန့်မြို့နယ် ကျောက်မျက် လုပ်ငန်းရှင်ကုမ္ပဏီ (၁၇)ခုမှ ငေွကျပ် ၁၀၀၁၃၀၀၀၀ နှင့် အလားတူ ဖားကန့်မြို့နယ်အတွင်းရှိ ကုမ္ပဏီ (၁၀)မှ ငွေကျပ် ၅၇၃၇၃၀၀၀ တန်ဖိုးရှိ ဆန်အိတ် (၂၀၅၀)အိတ်တို့ကို တာဝန်ရှိသူများ၏ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

သတင်း/ဓါတ်ပုံ - ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး

No comments:

Popular Posts