Search

Wednesday, June 3, 2020

အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်လက်တွဲလိုဟု WHO အကြီးအကဲ ပြော

အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်လက်တွဲလိုဟု WHO အကြီးအကဲ ပြော



EPN
နိုင်ငံတကာ၊ ဇွန် ၃

အမေရိကန်ပြည်ထောင်စုနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက် လုပ်ကိုင်လိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း အကြီးအကဲက ပြောကြားခဲ့သည်။

ဂျနီဗာမြို့တွင် ဇွန်လ ၁ရက်နေ့က ကျင်းပသည့် ပုံမှန်အစည်းအဝေးပွဲတွင် ကမ္ဘာ့ကျန်မားရေးအဖွဲ့ချုပ် ညွှန်ကြားရေးမှူးဖြစ်သူ တက်စ်ဒရော့က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ထောက်ပံ့နေသည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည့် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။

ဆယ်စုနှစ်များအတွင်း အမေရိကန်အစိုးရနှင့် ပြည်သူတို့က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအပေါ် ရက်ရောမှုများက အလွန်ကြီးမားပြီး အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့မှုသည် ကမ္ဘာတစ်ဝန်းလုံးရှိ ပြည်သူများ၏ ကျန်းမာရေးအပေါ် ကြီးမားသည့် အပြောင်းအလဲများကို ဖြစ်ပေါ်စေကြောင်း တက်စ်ဒရော့က ပြောကြားခဲ့သည်။

WHOအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်ပူးပေါင်းလုပ်ကိုင်လိုကြောင်း တက်စ်ဒရော့က ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆက်အသွယ် ဖြတ်တောက်ကြောင်းကို ၎င်းထံသို့ တရားဝင် အကြောင်းကြားစာ မရရှိသေးကြောင်း တက်စ်ဒရော့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်မီဒီယာတစ်ခု၏ ဖော်ပြမှုသည် ၎င်းတို့ရရှိသည့် တစ်ခုတည်းသော ဆက်သွယ်မှုဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref; WHO wishes to continue collaboration with US
ကိုးကား-အန်အိတ်ချ်ကေ

No comments:

Popular Posts