EPN
နိုင်ငံတကာ၊ ဇူလိုင် ၃
တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ မီရန်နင်စီရင်စု၌
အင်အားပြင်းထန်သော မိုးသက်မုန် တိုင်းတစ်ခု တိုက်ခတ်ခဲ့ရာ လူ ၁၆ ဦးထက်မနည်း
သေဆုံးခဲ့ပြီး ခြောက်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေ သန္တရအစိုးရအဖွဲ့၊
သတင်းပြန်ကြားရေးရုံးက ပြောကြားခဲ့သည်။
အဆိုပါစီရင်စုတွင် ဇွန်လ ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံပြည်သူ ၅၆၆၀ ဦးမှာ ယာ ယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရကြောင်း ပြန်ကြားရေးရုံးက ဆိုသည်။
မိုးသက်မုန်တိုင်း တိုက်ခတ်မှုကြောင့် တိုက်ရိုက် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုပမာဏမှာ အမေရိကန်ဒေါ် လာ ၁၀၄ သန်းနှင့်ညီမျှသည့် ယွမ် ၇၃၈ သန်းအထိ ရှိလာခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်မှု တားဆီးကာကွယ်နေရချိန် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ရခြင်းက မီရန်နင် စီရင်စုရှိ ဒေသန္တရအာဏာပိုင်များအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။
ယာယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရသည့် အရေအတွက် မြင့်တက်လာသောကြောင့် ဖိအား တိုး လာကြောင်း ယီဟိုင်းမြို့ ပါတီအတွင်းရေးမှူး လုကျန်၏ ပြောကြားချက်အရ သိရသည်။
--ကိုးကား--
စီဂျီတီအင်န်
Ref; 16 killed as heavy rainstorm lashes SW China's Sichuan

No comments:
Post a Comment