ဖားကန်မြို့ မြေပြိုမှုကြောင့် သေဆုံးခဲ့သူ ရုပ် အလောင်း ၁၇၂ လောင်းတွေ့ရှိထား
EPN
ဖားကန့် ၊ ဇူလိုင် ၄
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှာ ဇူလိုင်လ ၂ ရက်နေက
မြေစာပြိုကျမှူကြောင့် လူအများသေဆုံးခဲ့ရာ ယနေ့အထိ ရုပ်အလောင်း ၁၇၂ လောင်း
တွေ့ရှိထားပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ
သိရသည်။
သေဆုံးသူ ရုပ်အလောင်း ၁၇၂ လောင်းအပြင် ဒဏ်ရာရရှိသူ ၄၀
ကျော်ရှိနေပြီး ယင်းဒဏ်ရာရရှိသူများကို သက်ဆိုင်ရာ ကျန်းမာရေးဌာနမှာ
ဆေးကုသမှုများခံယူနေကြောင်း
ဖားကန့်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦး ဖုန် ဂရိန်က ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် သို့ ယနေ့ ဇူလိုင် ၄ ရက်နေ့က ပြောသည်။
ရှာဖွယ်ကယ်ဆယ်ရေးများပြုလုပ်ရာတွင် ရာသီဥတုအခြေအနေကြောင့် မို့ရွာနေလျှင်
ရှာဖွေကယ်ဆယ်ရေးများကို ရပ်နားထားပြီး ရာသီဥတု အခြေအနေကောင်းမှသာ
ရှာဖွေကယ်ဆယ်ရေးများကို ပြုလုပ်နိုင်ကြောင်း ဦး ဖုန်ဂရိန်က ပြောသည်။
"ရာသီဥတုအခြေအနေအရ မိုးရွာရင်ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အခါ
အန္တရာယ်တွေရှိတယ်။ အဲ့ဒါကြောင့် မိုးရွာရင်
ကယ်ဆယ်ရှာဖွေရေးတွေရပ်နားဖြစ်တယ်။ ရှာဖွေကယ်ဆယ်ရေး ပြီးစီးဖို့ကတော့
ဒီရာသီဥတုအပေါ်ပဲမူတည်တယ်၊ဒီအလောင်းတွေက ၄ရက်၊၅ ရက်လောက်ဆိုရင်
ရေပေါ်ပေါ်လာတက်တယ် ၊ အဲ့အချိန်ထိ ကယ်ဆယ်ရေးတွေလုပ်နေမှာပါ"ဟု ၎င်းက
ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊
ဝှေခါကျေးရွာရှိ ကျောက်စိမ်း တူးဖော်ရေး ဧရိယာအတွင်း ဇူလိုင်လ ၂ရက်နေ့
နံနက်ပိုင်း က မြေစာပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝေယံ
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း လုံထန်နှင့် ချင်းရွှေဟော်မြို့တို့တွင် ၂၁ ရက် အသွားအလာကန့်သတ်ထားရှိခဲ့သူအချ...
-
အမြင့်ပေ ၃၀၀ ခန့်ရှိ စွန့်ပစ်မြေစာပုံမှ ပြုတ်ကျသည့် ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံး EPN ဖားကန့်၊ ဇွန် ၂၁ ဖားကန့်ကျောက်စိမ်းမှော်ဒေ...
-
သာသနာတော် အဓွန့်ရှည်စေရန်အတွက် ရဟန်းခံရှင်ပြုပွဲပြုလုပ်ပေးခြင်းဖြစ်သည်ဟု ရွှေသစ်ပင်ဆရာတော်မှ မိန့်ကြား EPN မိုးညှင်း မတ်လ ၂၇ ယနေ့ မတ်လ(...
-
ယူကရိန်းတွင် ၅နှစ်သားကလေးကို မူးပြီးပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ EPN နိုင်ငံတကာ၊ ဇွန် ၅ ယူကရိန်းနိုင်ငံမှာ အရက်သေစာမူ...
No comments:
Post a Comment