Search

Saturday, July 4, 2020

လူသုံးယောက်စီးနင်းလာသည့် ဆိုင်ကယ် အတိုက်ခံရသဖြင့် တပ်မတော်သား တစ်ဦး သေဆုံး

လူသုံးယောက်စီးနင်းလာသည့် ဆိုင်ကယ် အတိုက်ခံရသဖြင့် တပ်မတော်သား တစ်ဦး သေဆုံး



EPN
မိုးကောင်း၊ ဇူလိုင် ၄

မိုးကောင်းမြို့နယ်အတွင်း ယမန်နေ့ လူသုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တိုက်ခံရသည့် တပ်မတော်သား တစ်ဦး အား ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းက သိရသည်။


သေဆုံးခဲ့သည့် တပ်မတော်သားမှာ တပ်ကြပ်ကြီးစာရေး တစ်ဦးဖြစ်ပြီး ၎င်းသည် ယမန်နေ့၊ ဇူလိုင် ၃ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က မိုးကောင်းမြို့နယ် ကျွန်းပင်သာ ကျေးရွာအုပ်စု ပြည်ထောင်စု လမ်းမကြီး ပေါ် ကီလိုမီတာ(၄၂၂)နှင့် (၄၂၃)ကြား ခမရ (၃၈၁) ဂိတ်ပေါက်အနီး အရောက်၌တွင် နမ္မတီးမြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့ မောင်ဘရန်ဆိုင်း၊ (၂၇)နှစ်မောင်းနှင်ပြီး မောင်နော်လတ်နှင့် ဒီလာ (ခ) ဆွတ်ရိန်အောင် တို့နောက်ထိုင်လိုက်ပါလာ‌သော KENBO-125 နက်/နီ ကြား ဆိုင်ကယ်က အနောက်ဘက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တပ်မတော်သားသည် ဆိုင်ကယ်တိုက်ခံရခြင်းကြောင့် ပြင်းထန်ဒဏ်သည့် ဒဏ်ရာများ ရရှိကာ သတိလစ် သွားသဖြင့် မြစ်ကြီးနားရှိ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်း အရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ မောင်ဘရန်ဆိုင်း၊ (၂၇)နှစ်၊ မြို့သာရပ်ကွက်၊ ကံလှကျေးရွာ၊ နမ္မတီးမြို့၊ မိုးကောင်းမြို့နယ် နေထိုင်သူ အား မိုးကောင်းမြို့မ ရဲစခန်း မှ ယာဉ်(ပ)၁၀/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ချိုမောင်

No comments:

Popular Posts