EPN
နိုင်ငံတကာ၊ ဇူလိုင် ၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း အူဒရာပရာဒေ့ရှ်ပြည်နယ်တွင် ယနေ့
နံနက်အစောပိုင်းက ရာဇဝတ်သားများ၏ တိုက် ခိုက်မှုကြောင့် ရဲအရာရှိ
၈ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတစ်ဉီးက ဖုန်းဖြင့်
အတည်ပြုပြော ကြားခဲ့သည်။
ကန်ပါခရိုင်တွင် ရဲတပ်ဖွဲ့နှင့် ရာဇဝတ်သားများအကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည့် ပြစ်မှုကျူးလွန်သည့် ရာဇဝတ်သားအား ရှာဖွေရေးအတွက် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းသည့်အခါ ရဲများကို ရာဇဝတ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့၄၀ ဦးထက်မနည်း ပါဝင်ခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့ကြသည်။
ရဲဝန်ထမ်းရှစ်ဦးသေဆုံးသည့်အတွက် မိသားစုများကို ဝမ်းနည်းကြောင်း ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအင်ဒီယန်နာ က ထုတ်ဖော်ပြောကြားခဲ့ကြောင်း မီဒီယာများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရာဇဝတ်မှုကျူးလွန်သည့် ရာဇဝတ်သားများအား တင်းကျပ်စွာ အရေးယူရန်အတွက် ပြည်နယ်ရဲတပ်ဖွဲ့မှ ထိပ် တန်းရဲအရာရှိများကို ၎င်းက ညွှန်ကြားခဲ့သည်။
--ကိုးကား-
ဆင်ဟွာ
Ref; 8 police killed, 12 others injured in India's Uttar Pradesh

No comments:
Post a Comment