EPN
မြစ်ကြီးနား၊ ဇူလိုင် ၃
မြန်မာပြည်သူ့ အချစ်တော် MMA နာမည်ကျော် MMA ကစားသမားအောင်လအန်ဆန်၌
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရကြောင်း၎င်း၏ Facebook
မှတဆင့်ယမန်နေ့က ရေးသားဖေါ်ပြခဲ့သည်။
ယခင်၊ ဇွန်လ ၂၉ ရက်နေ့တွင်ဆေးစစ်ခဲ့ပြီး ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း Positive အဖြေထွက်ရှိခဲ့ခြင်း ဖြစ်သည်။
အောင်လအန်ဆန်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လက္ခဏာများဖြစ်သည့် အဖျားတက်ခြင်း၊ ဝမ်းလျောခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆီပြန်ခြင်းစသည့် ဝေဒနာများအား ပထမနှစ်ရက်တွင်ခံစားခဲ့ရကြောင်းလည်း ရေးသားဖေါ်ပြထားသည်။
အောင်လအန်ဆန်သည်မြန်မာ့စပါးအုံးဟုလူသိများသည့် ကချင်လူမျိုး လက်ဝှေ့သမားတစ်ဦးဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအရှေ့ခြမ်း မေရီလန်းပြည်နယ်ရှိ ဘောလ်တီမိုးမြို့၌ မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှုကြောင့် အောင်လအန်ဆန်နှင့် ၎င်း၏မိသားစုဝင်များသည် Quarantine ၁၄ ရက်ဝင်နေပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန် ကြောင်း သိရသည်။
အောင်လအန်ဆန်နေထိုင်သည့်အမေရိကန်ပြည်ထောင်စု၌ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅၀၀၀၀ အထိရှိခဲ့ပြီး တစ်ရက်အတွင်း ကူးစက်မှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
Photo -Aung La Nsang(Burmese Python)

No comments:
Post a Comment