မစ္စစ္စပီမြစ်၏ မြစ်ချောင်း ထိန်းချုပ်ရေးမှတဆင့် အမေရိကန်၏ နှစ်ပေါင်းတစ်ရာကျော် ရေဘေးအန္တရာယ် ကာကွယ်ရေး သမိုင်း
EPN
ဆောင်းပါး၊ သြဂုတ် ၂၈
(ဗိုလ်ကျရေးသည်)
မစ္စစ္စပီမြစ်သည် အမေရိကန်နိုင်ငံမြောက်ဘက်နှင့် တောင်ဘက်ကို ဖြတ်တန်း၍ မြောက်ဘက်မှာ ကနေဒါနိုင်ငံ အထိ စီးဆင်းပြီး တောင်ဘက်မှာ မက္ကဆီကို ပင်လယ်အော်ထဲသို့ စီးဆင်းသည်။ မစ္စစ္စပီမြစ်သည် အမေရိကန်နိုင်ငံ မိခင်မြစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်သည် နိုင်ငံ၏အသက်သွေးကြော မြစ်ဖြစ်သလို အမေရိကန်နိုင်ငံအတွက် မစ္စစ္စပီမြစ်သည်လည်း နိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် နိုင်ငံအတွက် အဓိက ပင်မမြစ်ကြီးတစ်စင်းဖြစ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ယင်း မစ္စစ္စပီမြစ်သည် အမေရိကန်နိုင်ငံမြေ ဧရိယာ၏ ၄၁ ရာခိုင်နှုန်းကို ဖြတ်ကျော်ပြီး ရေဆင်း ဧရိယာမှာ စတုရန်း မိုင်ပေါင်း ၁ဒသမ၂ သန်းကျော်ရှိသည်။ မြောက်အမေရိကတိုက် တစ်ခုလုံး၏ ရှစ်ပုံ တစ်ပုံလောက် ရှိပါသည်။ အခုခေတ် နိုင်ငံတိုင်းလိုလို ရေးကြောင်းသွားလာရေး အဓိကအားကိုး ရသည့်ကာလမှာ အမေရိကန်နိုင်ငံ မြောက်ဘက်ကနေ တောင်ဘက်သို့ သွားလာရေးမှာ မစ္စစ္စပီမြစ်ကိုသာ အားကိုးနေရသည်။
Search
Friday, August 28, 2020
မစ္စစ္စပီမြစ်၏ မြစ်ချောင်း ထိန်းချုပ်ရေးမှတဆင့် အမေရိကန်၏ နှစ်ပေါင်းတစ်ရာကျော် ရေဘေးအန္တရာယ် ကာကွယ်ရေး သမိုင်း
Saturday, August 22, 2020
ဆည်တမံများ တည်ဆောက်ခြင်းဖြင့် မြစ်ချောင်းအသုံးပြုမှု တိုးမြှင့်နေသည့် အနောက်အုပ်စု
ဆည်တမံများ တည်ဆောက်ခြင်းဖြင့် မြစ်ချောင်းအသုံးပြုမှု တိုးမြှင့်နေသည့် အနောက်အုပ်စု
EPN
ဆောင်းပါး၊ သြဂုတ် ၂၂
ယခုနှစ်ပိုင်းများတွင် အနောက်နိုင်ငံများ၊ အထူးသဖြင့် ဥရောပနှင့် အမေရိကန်နိုင်ငံများသည် ကိုယ့် နိုင်ငံ၏ ဆည်တမံများကို အဆင့်မြှင့်တင်ရန် ကြိုးစားဆောင်ရွက်နေကြသည်။ ၎င်းတို့၏ ပြည်တွင်း ဆည်တမံများ အသုံးပြုမှုနှုန်းမှာ ၉၀ ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့သည်။ ဥပမာအားဖြင့် မီဒီယာများ ဖော်ပြထားသည့် အမေရိကန်နိုင်ငံသည် ဆည်တမံ ၉၀၀ကျော် ဖြုတ်ဖျက် လိုက်သည်ဟူသော သတင်းမှားကိုလည်း တွေ့ရှိခဲ့ရသည်။
ဆည်တမံ ကိုးရာကျော်ကို ဖြုတ်လိုက်သည်ဆိုသည့် သတင်း ကြောင့် ဆည်တမံများကို ဆောက်လုဆဲ၊ ဆောက်နေဆဲ အိမ်နီးချင်းနိုင်ငံအချို့မှာ ဂဟက်ရိုက်ခဲ့သည်။ အမှန်က အမေရိကန် ဖြုတ်ဖျက်ခဲ့သည့် ဆည်တမံ၉၀၀ကျော်သည် ပျက်စီးယိုယွင်းနေသည့် အသေးစား တမံများသာ ဖြစ်သည်။
Saturday, August 15, 2020
ရိုးရိုးလေးပဲ တွေးပြီး ပြောပါ
ရိုးရိုးလေးပဲ တွေးပြီး ပြောပါ
EPN Article
ဆောင်းပါး၊ သြဂုတ် ၁၅၊ ၂၀၂၀
(ဗိုလ်ကျရေးသည်)
ကိုယ့်ပြည်တွင်းမှာ သစ်တောပြုန်းတီးမှုတွေ ဖြစ်နေတယ်ဆိုတာကတော့ ရှေးလွန်ခဲ့တဲ့ ကာလအစဉ် အဆက်က ဖြစ်နေခဲ့တာ ယနေ့အချိန်ထိပဲလို့ ပြောလို့ရပါတယ်။ နေရာဒေသတိုင်းမှာ တရားမဝင် သစ် ခိုးထုတ်ယူသူတွေက သစ်တွေ ခိုးထုတ်တာကြောင့် သဘာဝသစ်တောတွေ ပြုန်းတီးနေတာဖြစ်ပါ တယ်။
အဲဒီလို တရားမဝင် သစ်ထုတ်ယူခဲ့လို့လည်း နောက်ပိုင်းမှာ တောတောင်၊ ရေမြေသဘာဝအလှ တရားတွေ ပျက်စီးစေခဲ့တာဖြစ်ပါတယ်။ ဒီလို တရားမဝင်ခိုးထုတ်တာကြောင့် သစ်ပင်တွေ တလုံးတခဲ ပျက်စီးစေခဲ့တာ မှန်ပေမယ့် နှစ်ပေါင်းကာလကြာရှည် မသိမသာနဲ့ သစ်ပင်တွေ ပြုန်းတီးမှုဖြစ်စဉ်ကြီး ကိုတော့ လူတွေက သိပ်အလေးမထားဘဲ အမူးမေ့အမှတ်မေ့ဖြစ်ခဲ့ရပါတယ်။
Saturday, August 8, 2020
ဆန့်ကျင်မှုများ၏ နောက်ကွယ်က လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှု
ဆန့်ကျင်မှုများ၏ နောက်ကွယ်က လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှု
EPN
ဆောင်းပါး၊ သြဂုတ် ၈ (၂၀၂၀)
ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်အများဆုံးသော အပူပိုင်း မိုးသစ်တောသယံဇာတနှင့် ရေချိုသယံဇာတ များ ပိုင်ဆိုင်ထားခြင်းသာမက ကြွယ်ဝသောစွမ်းအင်နှင့် ဓါတ်တုတွင်း ပစ္စည်းများအမျိုးမျိုးရှိပါသည်။ တရုတ်နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ အစရှိသော နိုင်ငံကဲ့သို့ ရေအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံလည်းဖြစ်သည်။ ယခင်က ဆင်းရဲသော အခြေခံလူတန်းစားများ အများအပြားရှိခဲ့သော်လည်း လက်ရှိမှာ ရေအရင်းအမြစ်ကို အသုံးချပြီး နိုင်ငံအတွက် အကျိုးရှိစွာ အသုံးချနိုင်ခဲ့သည့်အတွက် အ ခြားသော နိုင်ငံများလို ချမ်းသာသော နိုင်ငံများစာရင်း ဝင်ရောက်လာပြီဖြစ်သည်။
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...