Search

Saturday, October 3, 2020

ကျန်းမာရေးဝန်ထမ်း လေးဥိီးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား

ကျန်းမာရေးဝန်ထမ်း လေးဥိီးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား

EPN
မိုးညှင်း၊ အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းပြည်သူ့ ဆေးရုံကြီးတွင်  ကျန်းမာရေး ဝန်ထမ်း (၄)ဦး အထိကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတာကြောင့် ဆေးရုံအဝင်အထွက်ကို ယာယီ ကန့်သတ်ထားကြောင်းမိုးညှင်း ခရိုင်ကိုဗစ်ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ဆေးရုံကြီးကို ပိတ်ထားတာတော့ မဟုတ်ပါဘူး။ ရောဂါတအားဆိုးရွားတယ်ဆိုရင်တော့ ကျွန်မတို့ဆီကို ဖုန်းဆက်အကြောင်းကြားလို့ ရပါတယ်။ တိုင်ပင်လို့လည်း ရပါတယ်။ ”ဟု မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး Dr ဒေါ်လာမာမီး က ပြောသည်။

မိုးညှင်းဆေးရုံကြီးအတွင်းအဝင်အထွက် ကန့်သတ်ရခြင်းမှာ အခြားလူနာများနှင့် အခြားသူများအား ကူးစက်မူ မဖြစ်စေရန် ကန့်သတ်ရခြင်း ဖြစ်ပြီး မလိုအပ်ဘဲ ဆေးရုံသို့ မလာရန်နှင့် လူနာစောင့်နှင့် ဧည့်သည် အများအပြား လာရောက်တွေ့ဆုံခြင်း မပြုလုပ်ရန်  အသိပေးညွန်ကြားမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄ ဦးမှာ ကလေးအထူးကုဆရာဝန် နှစ်ဦးနှင့်သူနာပြုဆရာမ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် ကိုဗစ်ရောသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနက တာဝန်ရှိသူများထံ ပြသဖို့ ညွှန်ကြားထားပြီးဖြစ်ပြီး ​ဤသို့ သွားရောက်ပြသပါက ယင်းလူနာ၏ ခရီးသွား ရာဇဝင်ရယူပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်​ပြင်ဆင်ထားကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ဆိုသည်။

''အခု မိုးညှင်း ဆေးရုံကြီးမှာ အတည်ပြုလူနာကိုပဲ ထားရှိကုသပေးမှာပါ ကိုဗစ်ရောဂါ လက္ခဏာရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပြင်းထန်ဆိုးရွားတဲ့ အရေးပေါ်လူနာတွေ ကိုလည်း လက်ခံကုသပေးပါတယ်''ဟု ၎င်းက ပြောသည်။

ထို့အ​ပြင် ကျန်းမာရေး ဝန်ထမ်းများကိုလည်း အဆိုင်းများ ခွဲထားပြီး ကျန်းမာရေး စောင့်ရှောက်မှုများပေးနေကြောင်း သိရသည်။

လက်ရှိတွင် မိုးညှင်းတစ်မြို့နယ်လုံး၌ အောက်တိုဘာ (၂)ရက်နေ့အထိ Covid-19 ရောဂါကူးစက်ခံရသူ(၇)ဦး အထိရှိပြီး ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

မြစ်ကြီးနား မလိခ ဝန်ထမ်းအိမ်ယာက အမျိုးသား တစ်ဦး အနံ့ပျောက်နေသဖြင့် နေအိမ်တွင် စောင့်ကြည့်ထား

မြစ်ကြီးနား မလိခ ဝန်ထမ်းအိမ်ယာက အမျိုးသား တစ်ဦး အနံ့ပျောက်နေသဖြင့် နေအိမ်တွင် စောင့်ကြည့်ထား

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်ရှိ မလိခဝန်ထမ်းအိမ်ရာက အမျိုးသားတစ်ဦး အနံ့မရသည်မှာ လေးရက်တိတိရှိပြီ ဖြစ်သောကြောင့် လက်ရှိ ယင်းနေအိမ်အခန်းတွင်​ စောင့်ကြည့်ထားကြောင်း သီတာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

ယင်းမျိုးသားမှာ ဝိုင်းမော်မြို့နယ် မြေစာရင်းဌာနရုံးက ဝန်ထမ်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့မှ ယမန်နေ့ (၂) ရက်နေ့ အထိ နှာခေါင်းအနံ့မရသဖြင့်​ လက်ရှိ ယင်းနေအိမ်အခန်း၌ Quarantine (၇)ရက်စောင့်ကြည့်မည် ဖြစ်ကြောင်း သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးကဆိုသည်။

''သူက နှာစေးချောင်းဆိုးဖြစ်ပြီးတော့မှ နှာခေါင်းထဲမှာ တစ်ခုခုဝင်သွားတဲ့ အနေအထားပေါ့ အခုလောဆယ် အနံ့က လေးရက်ပျောက်သွားတယ်တဲ့ အခုက အနံ့ပြန်ရတယ်တဲ့ကျန်းမာရေးဘက်က စိုးရိမ်ရတဲ့အနေအထား မရှိတဲ့အတွက်စောင့်ကြည့်အနေအထားနဲ့ပဲ ခုနှစ်ရက်စောင့်ကြည့်မယ်'' ဟု ဦးဝင်းဇော်ဦးကပြောသည်။

ယင်းအမျိုးသားကို ယနေ့နံနက်ပိုင်းက စတင်ကာ ၄င်းနေထိုင်ရာ မလိခဝန်ထမ်းအိမ်ရာတွင် Home Quarantine ၇ ရက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

Popular Posts