EPN
မိုးမြင့်
-----------------------------------------------
မိုးညှင်း-ဟိုပင်သွားကားလမ်းမပေါ်တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်
EPN
မိုးညှင်း-ဖေဖော်ဝါရီ ၂၇
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ရက် နံနက်ပိုင်းအချိန်က မိုးညှင်းဟိုပင်သွား ကားလမ်းမကြီး၌ ကုန်တင်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း မိုး
ညှင်းမြို့မရဲစခန်းထံမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ မုံရွာမြို့မှဖားကန့်သို့ သွားမည့် ISUZU အပြာရောင်(၆)ဘီး ကုန်တင်ယာဉ်
သည် မိုးညှင်းဟိုပင်သွားကားလမ်းမကြီး မိုင်တိုင်အမှတ်၃/၀ အရောက်တွင်အရှိန်မထိမ်းနိုင်ဘဲ လမ်း၏ ဝဲဘက်အခြမ်းသို့ တိမ်းမှောက်ခဲ့ရာ ၎င်း ယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ (၄)ဦးမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
အဆိုပါယာဉ်ကို ယင်းမာပင်မြို့နယ်ဆင်စွယ်ကျေးရွာနေ ကျော်ထွန်း အသက်(၃၃)နှစ်က မောင်းနှင်၍ ယာဉ်နောက်လိုက် မောင်သင်္ကြန်ဦး အသက်(၁၈နှစ်)နှင့် အတူ ခရီးသည်(၂)ဦးတို့ အတူ လိုက်ပါ မောင်းနှင်ခဲ့စဉ် မိုးညှင်းဟိုပင်ကားလမ်းမကြီးပေါ်တွင် အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ (၁၉၈၉)မော်တော်ယာဉ်နည်းဥပဒေပုဒ်မ(၁၇၂)အား လိုက်နာခြင်းမရှိဟု စစ်ဆေးတွေ့ရှိချက်အရ ယာဉ်အားမဆင်မခြင်မောင်းနှင်ခဲ့သူ ယာဉ်မောင်းကျော်ထွန်းကို
အမှတ်(၁၀၁)ယာဉ်ထိမ်းတပ်ဖွဲ့ ဒုရဲအုပ်အောင်လင်းမှ တရားလိုပြုလုပ်၍ ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
မိုးမြင့်

No comments:
Post a Comment