Search

Friday, March 1, 2019




EPN
မြစ်​ကြီးနား၊ ​မတ်​ ၁
မီးမီး
--------------------------------------------------
ဆိုင်ကယ်မောင်းသူကို ကားဖြင့်တိုက်ခဲ့သည့် အမှုမှ ကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်နေ
EPN
မြစ်ကြီးနား၊ မတ် ၁
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ် ၊မော်ဖောင်း ကျေးရွာ၊ဘက်စုံစိုက်ပျိုးရေးခြံဝင်းရှေ့တွင် ဖေဖော်ဝါရီ၁၈ရက်ည၈နာရီခန့်က ဆိုင်ကယ်မောင်းနှင်သူအားကားဖြင့် တိုက်၍ တိုက်ခဲ့သူမှာ
ထွက်ပြေးတိမ်းရှောင်နေကြောင်း အမှတ်၉၈ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ တရားခံဟု ယူဆရသည့် ထွက်ပြေး
တိမ်းရှောင်နေသူက ၎င်းမောင်း နှင်လာသည့် ကားသည်တစ်ဖက်ယာဉ်ကြော အတွင်းသို့
ရောက်ရှိသွားရာမှ မျက်နှာချင်းဆိုင်မှလာသည့် ယိန်းယောမောင်းနှင်လာသည့်ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီးယင်းကားကိုထားခဲ့ကာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးကောင်းမြို့ နယ်အတွင်း ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းအတိုင် းစုံစမ်းရသည့်ရလာဒ်အရ မိုးကောင်းမြို့ ကျွန်း တောရပ်ကွက်နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရ သည်ဟု အမှတ်၉၈ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မြတ်မိုးအောင်ကပြောသည်။
ဆိုင်ကယ်မောင်းနှင်သူ ကိုယိန်းယော(၂၅)နှစ်၊မောဖောင်းကျေးရွာမှာ ရရှိသည့်ဒဏ်ရာဖြင့်မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် သေဆုံးသွားခဲ့သဖြင့် မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင်အမှုအမှတ် (ပ)၈/၂၀၁၉ အရ အမှုရေးဖွင့်ထား သော်လည်း တရားခံမှာထွက်ပြေးလွှတ်မြှောက်နေဆဲဖြစ်ကြောင်း အမှတ်၉၈ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ မှတ်တမ်းများအရ သိရသည်။
မီးမီး
ပုံ အမှတ်၉၈ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး

No comments:

Popular Posts