ၿငိမ္းခ်မ္းေရးကို ျပည္သူလူထုေတြစိတ္ဝင္စားမွ ျပည္သူလူထုေတြပူးေပါင္းပါ၀င္မွ ၂၁ရာစုပင္လံုညီလာခံ ေအာင္ျမင္မယ္ဟု တစ္ကိုယ္ေတာ္ လမ္းေလွ်ာက္သူမွေျပာ
EPN
မိုးေကာင္း၊ မတ္ ၂၈
ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ျပည္ၿမိဳ႕မွ ကခ်င္ျပည္နယ္၊ ျမစ္ဆုံအထိတစ္ကိုယ္ေတာ္ ေျခက်င္လမ္းေလွ်ာက္မည့္ ဦးစိုးေဝ(ခ)ကိုငယ္သည္ ယေန႕ မတ္ ၂၈ရက္ေန႔ မြန္းလြဲ ၁နာရီခန္႕ အခ်ိန္တြင္ မိုးေကာင္းၿမိဳ႕ကိုျဖတ္ေက်ာ္စဥ္ ၿငိမ္းခ်မ္းေရးကို ျပည္သူလူထုေတြစိတ္ဝင္စားမွ ျပည္သူလူထုေတြပူးေပါင္းပါ၀င္မွ ၂၁ရာစုပင္လံုညီလာခံ ေအာင္ျမင္မယ္ဟု ေျပာဆိုခဲ့သည္။
"၁၉၆၄ခုႏွစ္က ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ တစ္ၾကိမ္ႀကိဳးစားတာ မေအာင္မျမင္ျဖစ္ရခ်င္းမွာ အခ်က္ ၃ခ်က္ေတြ႕ရပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႕အတြက္ (၁) အခြင့္အာဏာရွိသူေတြက ၿငိမ္းခ်မ္းေရးကို စိတ္မ၀င္စားဘူး၊ (၂) တကယ္ၿငိမ္းခ်မ္းခ်င္လို႕လာေရာက္ေဆြးေႏြးတဲ့သူေတြမွာ အခြင့္အာဏာမရွိဘူး၊ (၃) အဲ့ဒီအခ်ိန္က ျပည္သူေတြက မသိလိုက္လို႕ ပါ၀င္ခြင့္မရွိဘူး၊ ဒါေၾကာင့္ ၁၉၆၄ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ပ်က္သြားခဲ့တယ္။ ၿငိမ္းခ်မ္းေရးကို ျပည္သူလူထုေတြ စိတ္၀င္စားမွ ျပည္သူလူထုေတြ ပူးေပါင္းပါ၀င္မွ ၂၁ ရာစု ပင္လံုညီလာခံ ေအာင္ျမင္မယ္၊ အဲ့ဒီအေပၚ ကၽြန္ေတာ္ဘာလုပ္ေပးႏိုင္မလည္း စဥ္းစားမိရင္း လမ္းေလွ်ာက္ျဖစ္တာပါ " ဟု ဦးစိုးေ၀က ေျပာသည္။
အသက္ (၅၈)ႏွစ္အရြယ္ရွိ ဦးစိုးေ၀(ခ) ကိုငယ္သည္ သံတြဲၿမိဳ႕၊ ဒြါရ၀တီရပ္ကြက္တြင္ ေနထိုင္လွ်က္ရွိၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးရည္ရြယ္ခ်က္ျဖင့္ ၂၀၁၈၊ ၾသဂုတ္၉ရက္ေန႔က စတင္ၿပီး ျပည္ၿမို႕ မွ ကခ်င္ျပည္နယ္၊ ျမစ္ဆံုသို႕ တစ္ကိုယ္ေတာ္ လမ္းေလွ်ာက္ထြက္လာရာ မတ္ ၂၈ ရက္ေန႕၊ မြန္းလြဲတစ္နာရီအခ်ိန္က မိုးေကာင္းၿမိဳ႕သို႕ ေရာက္ရွိလာခံသည္။
"၂၁ရာစု ပင္လုံညီလာခံေခါင္းစဥ္နဲ႔ အတိုင္ပင္ခံပုဂၢိဳ လ္ဦးေဆာင္တဲ့အစိုးရအဖြဲ႕၊ တပ္မေတာ္၊ လက္နက္ကိုင္အဖြဲ႕ေတြက ႀကိဳးစားေနၾကတယ္။ ကြၽန္ေတာ္ထင္တယ္ ၂၁ရာစုပင္လုံညီလာခံမွာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးကိုလိုလားတဲ့အပင္ပန္းခံႀကိဳးစားတဲ့သူေတြပါဝင္သလို မလြဲသာလို႔ ၂၁ရာစု ပင္လုံညီလာခံကိုေရာက္ ေနတဲ့သူေတြလည္း ပါဝင္ပါတယ္။ ၂၁ရာစုပင္လုံညီလာခံ လြဲေခ်ာ္သြားလို႔မျဖစ္ဘူး။ ျပည္သူလူထုေတြစိတ္ဝင္စားၿပီးပူးေပါင္းပါဝင္မွ ေအာင္ျမင္မယ္"ဟု၎မွဆက္၍ေျပာသည္။
တစ္ကိုယ္ေတာ္လမ္းေလ်ွာက္သူ ဦးစိုးေဝ သည္ ျမန္မာႏိုင္ငံေဒသအသီးသီး လမ္းေလ်ွာက္ခဲ့သူျဖစ္ၿပီး ယခုျမစ္ဆုံအထိလမ္းေလ်ွာက္မႈကို ျပည္ၿမိဳ ႔မွစတင္ခဲ့ျခင္းျဖစ္ၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ျပည္နယ္ႏွင့္တိုင္း(၁၄)ခုအားလံုးသို ႔လမ္းေလ်ွာက္မည္ျဖစ္သည္။
ယခုႏွစ္ဇန္နဝါရီ ၃ ရက္ေန႔ကလည္းျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ျမန္မာနိုင္ငံေတာင္ပိုင္း ေကာ့ေသာင္းၿမိဳ႕မွ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕အထိ မိုင္ေပါင္းတစ္ေထာင္ေက်ာ္ခရီးစဥ္ကို္ တစ္ကိုယ္ေတာ္မိုင္ရွည္စက္ဘီးစီးနင္းသူူ ဦးစိုးျမင့္(၇၇)ႏွစ္သည္ ဇန္နဝါရီ ၃ ရက္ မြန္းလြဲ ၁ နာရီခြဲက မိုးေကာင္းၿမိဳ႕ကိုျဖတ္၍ ျမစ္ဆံုထိ စက္ဘီးစီးနင္းခဲ့ၾကသည္။
ခ်ိဳေမာင္
-----------------------------------
ငြိမ်းချမ်းရေးကို ပြည်သူလူထုတွေစိတ်ဝင်စားမှ ပြည်သူလူထုတွေပူးပေါင်းပါဝင်မှ ၂၁ရာစုပင်လုံညီလာခံ အောင်မြင်မယ်ဟု တစ်ကိုယ်တော် လမ်းလျှောက်သူမှပြော
EPN
မိုးကောင်း၊ မတ် ၂၈
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်မြို့မှ ကချင်ပြည်နယ်၊ မြစ်ဆုံအထိတစ်ကိုယ်တော် ခြေကျင်လမ်းလျှောက်မည့် ဦးစိုးဝေ(ခ)ကိုငယ်သည် ယနေ့ မတ် ၂၈ရက်နေ့ မွန်းလွဲ ၁နာရီခန့် အချိန်တွင် မိုးကောင်းမြို့ကိုဖြတ်ကျော်စဉ် ငြိမ်းချမ်းရေးကို ပြည်သူလူထုတွေစိတ်ဝင်စားမှ ပြည်သူလူထုတွေပူးပေါင်းပါဝင်မှ ၂၁ရာစုပင်လုံညီလာခံ အောင်မြင်မယ်ဟု ပြောဆိုခဲ့သည်။
"၁၉၆၄ခုနှစ်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်ကြိမ်ကြိုးစားတာ မအောင်မမြင်ဖြစ်ရချင်းမှာ အချက် ၃ချက်တွေ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် (၁) အခွင့်အာဏာရှိသူတွေက ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘူး၊ (၂) တကယ်ငြိမ်းချမ်းချင်လို့လာရောက်ဆွေးနွေးတဲ့သူတွေမှာ အခွင့်အာဏာမရှိဘူး၊ (၃) အဲ့ဒီအချိန်က ပြည်သူတွေက မသိလိုက်လို့ ပါဝင်ခွင့်မရှိဘူး၊ ဒါကြောင့် ၁၉၆၄ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားခဲ့တယ်။ ငြိမ်းချမ်းရေးကို ပြည်သူလူထုတွေ စိတ်ဝင်စားမှ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်မှ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်မယ်၊ အဲ့ဒီအပေါ် ကျွန်တော်ဘာလုပ်ပေးနိုင်မလည်း စဉ်းစားမိရင်း လမ်းလျှောက်ဖြစ်တာပါ " ဟု ဦးစိုးဝေက ပြောသည်။
အသက် (၅၈)နှစ်အရွယ်ရှိ ဦးစိုးဝေ(ခ) ကိုငယ်သည် သံတွဲမြို့၊ ဒွါရဝတီရပ်ကွက်တွင် နေထိုင်လျှက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးရည်ရွယ်ချက်ဖြင့် ၂၀၁၈၊ သြဂုတ်၉ရက်နေ့က စတင်ပြီး ပြည်မြို့ မှ ကချင်ပြည်နယ်၊ မြစ်ဆုံသို့ တစ်ကိုယ်တော် လမ်းလျှောက်ထွက်လာရာ မတ် ၂၈ ရက်နေ့၊ မွန်းလွဲတစ်နာရီအချိန်က မိုးကောင်းမြို့သို့ ရောက်ရှိလာခံသည်။
"၂၁ရာစု ပင်လုံညီလာခံခေါင်းစဉ်နဲ့ အတိုင်ပင်ခံပုဂ္ဂို လ်ဦးဆောင်တဲ့အစိုးရအဖွဲ့၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့တွေက ကြိုးစားနေကြတယ်။ ကျွန်တော်ထင်တယ် ၂၁ရာစုပင်လုံညီလာခံမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့အပင်ပန်းခံကြိုးစားတဲ့သူတွေပါဝင်သလို မလွဲသာလို့ ၂၁ရာစု ပင်လုံညီလာခံကိုရောက် နေတဲ့သူတွေလည်း ပါဝင်ပါတယ်။ ၂၁ရာစုပင်လုံညီလာခံ လွဲချော်သွားလို့မဖြစ်ဘူး။ ပြည်သူလူထုတွေစိတ်ဝင်စားပြီးပူးပေါင်းပါဝင်မှ အောင်မြင်မယ်"ဟု၎င်းမှဆက်၍ပြောသည်။
တစ်ကိုယ်တော်လမ်းလျှောက်သူ ဦးစိုးဝေ သည် မြန်မာနိုင်ငံဒေသအသီးသီး လမ်းလျှောက်ခဲ့သူဖြစ်ပြီး ယခုမြစ်ဆုံအထိလမ်းလျှောက်မှုကို ပြည်မြို့မှစတင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်နယ်နှင့်တိုင်း(၁၄)ခုအားလုံးသို့လမ်းလျှောက်မည်ဖြစ်သည်။
ယခုနှစ်ဇန်နဝါရီ ၃ ရက်နေ့ကလည်းပြည်တွင်းငြိမ်းချမ်းရေးအတွက်မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့မှ ကချင်ပြည်နယ် ပူတာအိုမြို့အထိ မိုင်ပေါင်းတစ်ထောင်ကျော်ခရီးစဉ်ကို တစ်ကိုယ်တော်မိုင်ရှည်စက်ဘီးစီးနင်းသူူ ဦးစိုးမြင့်(၇၇)နှစ်သည် ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက မိုးကောင်းမြို့ကိုဖြတ်၍ မြစ်ဆုံထိ စက်ဘီးစီးနင်းခဲ့ကြသည်။
ချိုမောင်
No comments:
Post a Comment