Search
Friday, March 29, 2019
ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္-ပူတာအို လမ္းပိုင္းကို ၂၀၂၀တြင္ အၿပီးသတ္ေဆာင္ရြက္မည္ဟု ကခ်င္ျပည္နယ္ ဝန္ႀကီးခ် ဳပ္ဆို
ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္-ပူတာအို လမ္းပိုင္းကို ၂၀၂၀တြင္ အၿပီးသတ္ေဆာင္ရြက္မည္ဟု ကခ်င္ျပည္နယ္ ဝန္ႀကီးခ် ဳပ္ဆို
EPN
ျမစ္ႀကီးနား၊ မတ္ ၂၉
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား-ဆြမ္ပရာဘြမ္-ပူတာအုိလမ္းပိုင္းမ်ားအားျပဳ ျပင္ေဆာင္ရြက္ေနမႈကို လာမည့္၂၀၂၀ခုႏွစ္အတြင္းတြင္အၿပီးသတ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ႏွင့္ ေတြ႔ဆံုရာတြင္ ေျပာဆိုခဲ့သည္။
"အရင္က ဒီျမစ္ႀကီးနား-ဆြမ္ပရာဘြမ္-ပူတာအိုလမ္းဆိုတာ တစ္ႏွစ္ပတ္လံုးသြားလို႔မရဘူး။ မိုးတြင္းဆိုရင္ပိုဆိုး ဘယ္လိုမွသြားလို႔မရဘူး ေျခခ်င္ဘဲသြားလို႔ရတယ္။ အခုဆိုရင္ မနက္ဒီကေနထြက္ရင္ ညဆိုရင္ပူတာအိုေရာက္တဲ့အထိ လမ္းကအဆင္ေျပသြားပါတယ္။ ဒီေတာ့ ဒါကအၿပီးအစီးၿပီးသြားၿပီလားဆိုေတာ့မၿပီးေသးပါဘူး။ ၂၀၂၀ၾကမွဘဲ ဒီလမ္းကအၿပီးအစီးေဆာင္ရြက္ႏိုင္မွာျဖစ္ပါတယ္။"ဟုကခ်င္ျပည္နယ္ဝန္ႀကီးခ် ဳပ္ေဒါက္တာခက္ေအာင္က ေျပာသည္။
ယခုကဲ့သို႕ လမ္းပိုင္းမ်ား ေဆာင္ရြက္ရာတြင္ ျပည္ေထာင္စုဝန္ႀကီးအေနျဖင့္ ျပည္နယ္အစိုးရႏွင့္ပူးေပါင္းေဆာင္ရြက္သကဲ့သို႔ စည္ပင္သာယာေရးအဖြဲ႔မွလည္း ကြန္ဂရက္လမ္း ငါးမိုင္၊ ႏိုင္လြန္ကတၱရာလမ္း ၁၅မိုင္၊ ကတၱရာလမ္း ၈၃မိုင္၊ ေက်ာက္ေခ်ာလမ္း ခုႏွစ္မိုင္၊ သဲေက်ာက္လမ္းမိုင္း ၂၀၊ ေျမသားလမ္း (၅ဒသမ၃)ဖာလံုတို႔ကို ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္း ေျပာဆိုခဲ့သည္။
အစိုးရသစ္လက္ထက္၌ ကခ်င္ျပည္နယ္အစိုးရအေနျဖင္ ့လမ္းပိုင္းမ်ားေဖာက္လုပ္ခဲ့သည့္အျပင္ တံတားအစင္းေရ (၁၄၄၃)စင္းေဆာက္လုပ္ၿပီးစီးခဲ့ၿပီး ေပ ၅၀ေအာက္တံတားေပါင္း ၁၄၂ဆင္း၊ ေပ ၅၀မွေပ ၁၀၀ၾကား၁၇စင္း၊ ေပ ၁၀၀မွ ေပ၁၈၀ၾကား တံတား ၄စင္း၊ ေပ ၁၈၀ႏွင့္အထက္ ၆ စင္းတို႔ေဆာက္လုပ္ၿပီးစီးႏိုင္ခဲ့ေၾကာင္း ကခ်င္ျပည္နယ္ဝန္ႀကီး၏ ေျပာၾကားခ်က္အရသိရသည္။
လြမ္းေအာင္
--------------------------------------------
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကို ၂၀၂၀တွင် အပြီးသတ်ဆောင်ရွက်မည်ဟု ကချင်ပြည်နယ် ဝန်ကြီးချု ုပ်ဆို
EPN
မြစ်ကြီးနား၊ မတ် ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းများအားပြု ပြင်ဆောင်ရွက်နေမှုကို လာမည့်၂၀၂၀ခုနှစ်အတွင်းတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
"အရင်က ဒီမြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းဆိုတာ တစ်နှစ်ပတ်လုံးသွားလို့မရဘူး။ မိုးတွင်းဆိုရင်ပိုဆိုး ဘယ်လိုမှသွားလို့မရဘူး ခြေချင်ဘဲသွားလို့ရတယ်။ အခုဆိုရင် မနက်ဒီကနေထွက်ရင် ညဆိုရင်ပူတာအိုရောက်တဲ့အထိ လမ်းကအဆင်ပြေသွားပါတယ်။ ဒီတော့ ဒါကအပြီးအစီးပြီးသွားပြီလားဆိုတော့မပြီးသေးပါဘူး။ ၂၀၂၀ကြမှဘဲ ဒီလမ်းကအပြီးအစီးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။"ဟုကချင်ပြည်နယ်ဝန်ကြီးချ ုပ်ဒေါက်တာခက်အောင်က ပြောသည်။
ယခုကဲ့သို့ လမ်းပိုင်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးအနေဖြင့် ပြည်နယ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သကဲ့သို့ စည်ပင်သာယာရေးအဖွဲ့မှလည်း ကွန်ဂရက်လမ်း ငါးမိုင်၊ နိုင်လွန်ကတ္တရာလမ်း ၁၅မိုင်၊ ကတ္တရာလမ်း ၈၃မိုင်၊ ကျောက်ချောလမ်း ခုနှစ်မိုင်၊ သဲကျောက်လမ်းမိုင်း ၂၀၊ မြေသားလမ်း (၅ဒသမ၃)ဖာလုံတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
အစိုးရသစ်လက်ထက်၌ ကချင်ပြည်နယ်အစိုးရအနေဖြင့်လမ်းပိုင်းများဖောက်လုပ်ခဲ့သည့်အပြင် တံတားအစင်းရေ (၁၄၄၃)စင်းဆောက်လုပ်ပြီးစီးခဲ့ပြီး ပေ ၅၀အောက်တံတားပေါင်း ၁၄၂ဆင်း၊ ပေ ၅၀မှပေ ၁၀၀ကြား၁၇စင်း၊ ပေ ၁၀၀မှ ပေ၁၈၀ကြား တံတား ၄စင်း၊ ပေ ၁၈၀နှင့်အထက် ၆ စင်းတို့ဆောက်လုပ်ပြီးစီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ဝန်ကြီး၏ ပြောကြားချက်အရသိရသည်။
လွမ်းအောင်
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News ျမစ္ႀကီးနား၊ ေဖေဖၚဝါရီ ၂၀ ကခ်င္ျပည္နယ္ ေခါင္လန္ဖူးေဒသခံမ်ားအတြက္ လီဆူရိုးရာ ဝတ္ဆုံ ၂၀စုံကို ကခ်င္ျပည္နယ္ လီဆူတုိင္းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" ျမန္ မာ နိုင္ ငံ ကို ေပး သင့္ တဲ့ နစ္ နာ ေၾကး အ ေလ်ာ္ " (ေဆာင္း ပါး) ရ ခိုင္ ေဒ သ က မြတ္ စ လင္ ဘ ဂၤါ လီ ျပ ႆ နာ ေၾကာင္...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment