Search
Tuesday, April 30, 2019
EPN
ဗန်းမော်၊ ဧပြီ ၃၀
ဗန်းမော်မြို့မရဲစခန်း မယ (ပ ) ၅၆ /၂၀၁၉၊ မူး /စိတ် ပုဒ်မ ၁၆ (ဂ) အမှုမှ ပြစ်မှု ကျူးလွန်သူ ချစ်မျိုးလင်း ၏ အစစ်ခံဖေါ်ထုတ်ချက်အရ ရဲအုပ် စိုးဦးနှင့်အဖွဲ့သည့် သက်သေများနှင့်အတူ ဧပြီ ၂၉ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်က ဗန်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မက်သဒုန်းတိုက်သည့် အဆောင်သို့  ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး ရောင်းချသူစိုင်းမြင့်ထွန်းနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရန်ရောက်ရှိနေသော ပိုင်စိုးပါ (၁၃)ဦးတို့ ကိုအသင့်တွေ့ ရှိခဲ့ပြီး စိုင်းမြင့်ထွန်းထိုင်နေသည့် အရှေ့ စတီးချိုင့်အတွင်း အဝါရောင်အဖုံး အပိတ်ပါ အဖြူရောင် ကော်ဗူးအတွင်းမှ ဘိန်းဖြူ ဝါကြားမှုန့် ဝ ဒသမ ၄ ဂ ရမ်စီပါ ကော်ဗူး ၁၀ ဗူး၊ စုစုပေါင်း၎ ဂရမ်၊ အနီရောင်အဖုံး ပိတ်ပါ အဖြူရောင် ကော်ဗူးအတွင်းမှ ဖြူဝါကြားမှုန့်  ၁ ဒသမ ၅ ဂရမ် ပါ ကော်ဗူး ၁ ဗူး၊ ဖြူဝါကြားမှုန့်  ၀ ဒသမ ၁ ဂရမ် ပါ တိုက်ငါးလုံးတံဆိပ်သတ္ထု ဗူး ၂ ဗူး၊ အလေးချိန် ၀ ဒသမ ၂ ဂရမ်၊ စုစုပေါင်းဘိန်းဖြူ ဟု ယူဆရသော ဖြူဝါးကြားအမှုန့်  ၅ ဒသမ ၇ ဂရမ်၊ ခန့်မှန်းတန်ဘိုး ငွေကျပ် ၅၇၀၀၀၀နှင့် အဝါရောင် အပိတ် တပ်လျက်ကော်ဗူးခြောက်ဗူး၊ စိုင်းမြင့်ထွန်းလွယ်ထားသော ကချင်လွယ်အိတ် အတွင်းမှ 3m ဆေးထိုးအပ် တပ်လျှက် ပိုက် ၄ ခု၊ True စာတမ်းပါ အနက်ရောင် ဖုန်းတစ်လုံး၊ မြန်မာငွေစက္ကူ ရောရာ ၆၅၀၀ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
ဗန်းမော် သုခမိန်
-------------------------------------------------------
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား စစ်ဆေးဖော်ထုတ်ခဲ့ရာ နောက်ထပ်မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ
EPN
ဗန်းမော်၊ ဧပြီ ၃၀
ကချင်ပြည်နယ် ဗန်းမော် မြို့တွင် မူးယစ်ဆေးဝါးအမှုနှင့် ဖမ်းဆီးခံရသူအား စစ်ဆေးဖော်ထုတ်ချက်အရ နောက်ထပ် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိကြောင်း ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ဗန်းမော်မြို့မရဲစခန်း မယ (ပ ) ၅၆ /၂၀၁၉၊ မူး /စိတ် ပုဒ်မ ၁၆ (ဂ) အမှုမှ ပြစ်မှု ကျူးလွန်သူ ချစ်မျိုးလင်း ၏ အစစ်ခံဖေါ်ထုတ်ချက်အရ ရဲအုပ် စိုးဦးနှင့်အဖွဲ့သည့် သက်သေများနှင့်အတူ ဧပြီ ၂၉ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်က ဗန်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မက်သဒုန်းတိုက်သည့် အဆောင်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး ရောင်းချသူစိုင်းမြင့်ထွန်းနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရန်ရောက်ရှိနေသော ပိုင်စိုးပါ (၁၃)ဦးတို့ကိုအသင့်တွေ့ရှိခဲ့ပြီး စိုင်းမြင့်ထွန်းထိုင်နေသည့် အရှေ့ စတီးချိုင့်အတွင်း အဝါရောင်အဖုံး အပိတ်ပါ အဖြူရောင် ကော်ဗူးအတွင်းမှ ဘိန်းဖြူ ဝါကြားမှုန့်၀ ဒသမ ၄ ဂ ရမ်စီပါ ကော်ဗူး ၁၀ ဗူး၊ စုစုပေါင်း၄ ဂရမ်၊ အနီရောင်အဖုံး ပိတ်ပါ အဖြူရောင် ကော်ဗူးအတွင်းမှ ဖြူဝါကြားမှုန့် ၁ ဒသမ ၅ ဂရမ် ပါ ကော်ဗူး ၁ ဗူး၊ ဖြူဝါကြားမှုန့် ၀ ဒသမ ၁ ဂရမ် ပါ တိုက်ငါးလုံးတံဆိပ်သတ္ထု ဗူး ၂ ဗူး၊ အလေးချိန် ၀ ဒသမ ၂ ဂရမ်၊ စုစုပေါင်းဘိန်းဖြူ ဟု ယူဆရသော ဖြူဝါးကြားအမှုန့် ၅ ဒသမ ၇ ဂရမ်၊ ခန့်မှန်းတန်ဘိုး ငွေကျပ် ၅၇၀၀၀၀နှင့် အဝါရောင် အပိတ် တပ်လျက်ကော်ဗူးခြောက်ဗူး၊ စိုင်းမြင့်ထွန်းလွယ်ထားသော ကချင်လွယ်အိတ် အတွင်းမှ 3m ဆေးထိုးအပ် တပ်လျှက် ပိုက် ၄ ခု၊ True စာတမ်းပါ အနက်ရောင် ဖုန်းတစ်လုံး၊ မြန်မာငွေစက္ကူ ရောရာ ၆၅၀၀ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ်စိုးဦးက တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် မြို့မရဲစခန်း က မယ( ပ) ၅၇။ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၀ (က )/၂၁ အရ အမှု ဖွင့်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းချသူ စိုင်းမြင့်ထွန်း၂၉ နှစ်၊ (ဘ) ဦးမြင့်သိန်း၊ ပေါက်ကုန်းရပ်ကွက်။ဗန်းမော် မြို့နေသူနှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိ နေကြသူ ပိုင်စိုးပါ (၁၃)ဦး တို့ကို အမှုစစ် ဒုရဲအုပ် အေးကျော်က တာဝန်ယူ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို သပြေကုန်း အနီး တောထဲတွင် တွေ့ရှိသော အမည်မသိသူ အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူ ဝါကြားမှုန့်ပါ ကော်ဗူး တစ်ဗူးလျှင် ငွေ ကျပ် ၁၂၀၀၀ ဖြင့်ကော်ဗူး ၁၆ ဗူး၊ ငွေကျပ် ၁၉၂၀၀၀ ဘိုး သုံးစွဲရောင်းချရန်အတွက် ဝယ်ယူခဲ့ကြောင်းစိုင်းမြင့်ထွန်း မှ အစစ်ခံထွက်ဆိုခဲ့ကြောင်း ရဲစက္ကူ မှတ်တမ်းအရ သိရသည်။
ဗန်းမော် သုခမိန်
မလိ​ရေအားလျှပ်​စစ်​စက်​ရုံပြု ပြင်​​နေခြင်း​ကြောင့်​ လျှပ်​စစ်​မီး​ပြတ်​​တောက်​ခဲ့ရခြင်းဖြစ်​သည်​ဟု ဘူးဂါလျှပ်​စစ်​တာဝန်​ရှိသူတစ်​ဦး​ပြော
EPN
မြစ်ကြီးနား၊ ဧပြီ ၃၀ 
အဆိုပါ မလိရေအားလျှပ်စစ်စက်ရုံမှာ ဝိုင်မော်မြို့နယ်၊ ကန်​​တော်ယန်​​ကျေးရွာတွင်တည်ရှိပြီး မလိရေအားလျှပ်စစ်စက်ရုံနှင့် စက်ရုံအနီးရှိ 66KV ကြွေသီးများ လှဲလှယ်ပြုပြင်​​နေသောကြောင့် လျှပ်စစ်မီးပြတ်​​တောက်ခဲ့ရခြင်းဖြစ်​​ကြောင့် ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှ တာဝန်ရှိတစ်ဦးဖြစ်သူ ဦးလှအောင်ကပြောသည်။ 
"ဒီရက်ပိုင်းအတွင်း မီးခဏ ခဏပျက်​​နေတဲ့ ပြဿနာကတော့ ဒီ ၂၇ရက်​​ ကနေ မလိစက်ရုံပြင်ဆင်တာတွေပြုလုပ်​​နေလို့ပါ၊ အခုလိုအခြေအနေမျိုးမှာ မီးအသုံးပြုသူတွေကို အသိပေးထားပါတယ်အခုတော့ ပုံမှန်အခြေအနေကိုရောက်ပါပြီ"ဟု ဦးလှအောင်ကပြောသည်။ 
ပူပြင်ခြောက်​​သွေ့သည့် ရာသရောက်ရှိလာပြီးဖြစ်သည့်အတွက် စက်ရုံအတွင်ရေရှိမှုအားနည်းမှုများရှိလာမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးပြတ်​​တောက်မှုအခြေအနေများရှိလာနိုင်ပြီး ဤသို့ဖြစ်ခဲ့ပါက မီးအသုံးပြုသူများကို ကြိုတင်ကြောင်းကြားပေးမည်ဖြစ်​​ကြောင်း ၎င်းကပြောဆိုခဲ့သည်။ 
လွမ်အောင်
-------------------------------------------------------------
မလိရေအားလျှပ်စစ်စက်ရုံပြု ပြင်နေခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရခြင်းဖြစ်သည်ဟု ဘူးဂါလျှပ်စစ်တာဝန်ရှိသူပြော
EPN
မြစ်ကြီးနား၊ ဧပြီ ၃၀
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြစ်ကြီးနား၊ မြို့ပေါ် ရပ်ကွက်များတွင် လျှပ်စစ်မီး ခကြာခဏပြတ်တောက်မှုများဖြစ်ခဲ့ပြီး ဤသို့ပြတ်တောက်ခဲ့ရခြင်းမှာ မလိရေအားလျှပ်စစ်စက်ရုံပြုပြင်နေသောကြောင့် ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အဆိုပါ မလိရေအားလျှပ်စစ်စက်ရုံမှာ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာတွင် တည်ရှိပြီး မလိရေအားလျှပ်စစ်စက်ရုံနှင့် စက်ရုံအနီးရှိ 66KV ကြွေသီးများ လှဲလှယ်ပြုပြင်နေသောကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရခြင်းဖြစ်ကြောင့် ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူ းရေးကုမ္ပဏီမှ တာဝန်ရှိတစ်ဦးဖြစ်သူ ဦးလှအောင်ကပြောသည်။
"ဒီရက်ပိုင်းအတွင်း မီးခဏ ခဏပျက်နေတဲ့ ပြဿနာကတော့ ဒီ ၂၇ရက် ကနေ မလိစက်ရုံပြင်ဆင်တာတွေပြုလုပ်နေလို့ပါ၊ အခုလိုအခြေအနေမျိုးမှာ မီးအသုံးပြုသူတွေကို အသိပေးထားပါတယ်။ အခုတော့ ပုံမှန် အခြေအနေကို ရောက်ပါပြီ"ဟု ဦးလှအောင်က ပြောသည်။
ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် စက်ရုံအတွင်းရေရှိမှုအားနည်းမှုများရှိလာမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေများရှိလာနိုင်ပြီး ဤသို့ဖြစ်ခဲ့ပါက မီးအသုံးပြုသူများကို ကြိုတင်အကြောင်းကြားပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
လွမ်းအောင်
Monday, April 29, 2019
EPN
မြစ်ကြီးနား၊ ဧပြီ ၂၉ 
ထို့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်ရေးကို အမြန် ဆုံးဖေါ်ဆောင်ပေးပြီး တိုင်းရင်းသားများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦး စန်းဝေက ယင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုပြောကြားခဲ့သည်။ "ငြိမ်းချမ်ရေးကိုအမြန်ဆုံးအကောင်အထည်​​ဖော်​​ပေးပါ၊ တိုင်းရင်းသားပြည်သူတွေအကြောက်တရားနေကြရတာကိုအဆုံးသတ်​​ပေးပါ၊လူ့အသက်​​ပေါင်းများစွာ​​ကြေပျက်စီးတာကိုမမြင်ချင်​​တော့ပါဘူး၊ ကမ္ဘာ့လယ်မှာငြိမ်းချမ်းတဲ့မြန်မာနိုင်ငံကြီးဖြစ်ဖို့အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။ 
မိုးဝေ
-----------------------------------------------
KIO/KIA အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ လီဆူနှင့် ရှမ်းမျိုးနွယ်စုအဖွဲ့တို့မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
EPN
မြစ်ကြီးနား၊ ဧပြီ ၂၉
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(Lisu NationalDevelopment Party)နှင့် သျှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(Shan Ethnic Affairs)တို့ပူးပေါင်းပြုလုပ်သည့် KIA/KIO အဖွဲ့က လီဆူလူမျိုးများနှင့် ရှမ်းမျိုးနွယ်စုများအပေါ် မတရားဖမ်းဆီးညှင်းပန်းနှိပ်စက် အကြမ်းဖက်သတ်ဖြတ်ခြင်းအပေါ်ဆန့်ကျင်ရှုံ့ချသည့်သတင်းစားရှင်းလင်းပွဲကို ဧပြီလ၂၉ရက်နေ့က မြစ်ကြီးနားမြို့ရှိ Cartal Hotelတွင်ကျင်းပခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင်" လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဖြေရှင်းတောင်းပန်ခြင်းမရှိသလို ယခင် ၂၀၁၆ခုနှစ်ကတည်းကဖြစ်ပွားခဲ့သည့်ကိစ္စများ ကိုလည်း KIO/KIAအနေဖြင့် တရားဝင်တောင်းပန်ခြင်း၊ ဖြေရှင်းပေးခြင်းမရှိကြောင်း လီဆူ ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။ “ကချင်အုပ်စု ၆မျိုးကြားမှာ ပြေလည်ဖို့က အဓိကပိုအရေးကြီးပါတယ်။ မဟုတ်ရင်မလိုလားအပ်တဲ့ပြသနာတွေလူမျိုးရေးပဋိပက္ခတွေဖြစ်ပေါ်လာနိုင်ဖို့တွေ့နေရတယ်။ ကျွန်တော်တို့ကအ မုန်းပွားဖို့ လုပ်တာမဟုတ်ဘူး။ KIA/KIOအနေနဲ့ကျွန်တော်တို့မတရားညင်းပန်းသတ်ဖြတ်ခံရတာတွေကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုအဓိကတောင်းဆိုနေတာ ဖြစ်တယ်။ လူမျိုးရေးမုန်းတီးဖို့ပြသနာတွေကြီးထွားလာဖို့မရည်ရွယ်ဘူး'' ဟု ၎င်းက ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို အမြန် ဆုံးဖေါ်ဆောင်ပေးပြီး တိုင်းရင်းသားများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦး စန်းဝေက ယင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုပြောကြားခဲ့သည်။ "ငြိမ်းချမ်းရေးကိုအမြန်ဆုံးအကောင်အထည်ဖော်ပေးပါ၊ တိုင်းရင်းသားပြည်သူတွေအကြောက်တရားနေကြရတာကိုအဆုံးသတ်ပေးပါ၊လူ့အသက်ပေါင်းများစွာကြေပျက်စီးတာကိုမမြင်ချင်တော့ပါဘူး၊ ကမ္ဘာ့လယ်မှာြငိမ်းချမ်းတဲ့မြန်မာနိုင်ငံကြီးဖြစ်ဖို့အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါသတင်းသတင်းစာရှင်းလင်းပွဲတွင် KIO/KIAအဖွဲ့၏အကြမ်းဖက်တိုက်ခိုက်ခံရသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
မိုးဝေ
Popular Posts