မလိေရအားလွ်ပ္စစ္စက္ရံုျပဳ ျပင္ေနျခင္းေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ရျခင္းျဖစ္သည္ဟု ဘူးဂါလွ်ပ္စစ္တာဝန္ရိွသူေျပာ
EPN
ျမစ္ႀကီးနား၊ ဧၿပီ ၃၀
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း
ျမစ္ႀကီးနား၊ ၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ လွ်ပ္စစ္မီး ခၾကာခဏျပတ္ေတာက္မႈမ်ားျဖစ္ခဲ့ၿပီး ဤသို႔ျပတ္ေတာက္ခဲ့ရျခင္းမွာ မလိေရအားလွ်ပ္စစ္စက္ရံုျပဳျပင္ေနေသာေၾကာင့္ ျဖစ္ေၾကာင္း ဘူးဂါးလွ်ပ္စစ္ကုမၸဏီ တာဝန္ရိွသူ တစ္ဦးကေျပာသည္။
အဆိုပါ
မလိေရအားလွ်ပ္စစ္စက္ရံုမွာ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ကန္ေတာ္ယန္ေက်းရြာတြင္ တည္ရိွၿပီး မလိေရအားလွ်ပ္စစ္စက္ရံုႏွင့္ စက္ရံုအနီးရိွ 66KV ေႂကြသီးမ်ား
လွဲလွယ္ျပဳျပင္ေနေသာေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ရျခင္းျဖစ္ေၾကာင့္ ဘူးဂါးလွွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴ းေရးကုမၸဏီမွ တာဝန္ရိွတစ္ဦးျဖစ္သူ ဦးလွေအာင္ကေျပာသည္။
"ဒီရက္ပိုင္းအတြင္း မီးခဏ ခဏပ်က္ေနတဲ့ ျပႆနာကေတာ့ ဒီ ၂၇ရက္ ကေန မလိစက္ရံုျပင္ဆင္တာေတြျပဳလုပ္ေနလို႕ပါ၊ အခုလိုအေျခအေနမ်ိဳးမွာ မီးအသံုးျပဳသူေတြကို အသိေပးထားပါတယ္။ အခုေတာ့ ပံုမွန္ အေျခအေနကို ေရာက္ပါၿပီ"ဟု ဦးလွေအာင္က ေျပာသည္။
ပူျပင္းေျခာက္ေသြ႔သည့္ ရာသီေရာက္ရိွလာၿပီးျဖစ္သည့္အတြက္ စက္ရံုအတြင္းေရရိွမႈအားနည္းမႈမ်ားရိွလာမည္ျဖစ္သည့္အတြက္ လွ်ပ္စစ္မီးျပတ္ေတာက္မႈအေျခအေနမ်ားရိွလာႏိုင္ၿပီး ဤသို႔ျဖစ္ခဲ့ပါက မီးအသံုးျပဳသူမ်ားကို
ႀကိဳတင္အေၾကာင္းၾကားေပးမည္ျဖစ္ေၾကာင္း ၎ကေျပာဆိုခဲ့သည္။
လြမ္းေအာင္
-------------------------------------------------------------
မလိရေအားလျှပ်စစ်စက်ရုံပြု ပြင်နေခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရခြင်းဖြစ်သည်ဟု ဘူးဂါလျှပ်စစ်တာဝန်ရှိသူပြောEPN
မြစ်ကြီးနား၊ ဧပြီ ၃၀
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြစ်ကြီးနား၊ မြို့ပေါ် ရပ်ကွက်များတွင် လျှပ်စစ်မီး ခကြာခဏပြတ်တောက်မှုများဖြစ်ခဲ့ပြီး ဤသို့ပြတ်တောက်ခဲ့ရခြင်းမှာ မလိရေအားလျှပ်စစ်စက်ရုံပြုပြင်နေသောကြောင့် ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အဆိုပါ မလိရေအားလျှပ်စစ်စက်ရုံမှာ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာတွင် တည်ရှိပြီး မလိရေအားလျှပ်စစ်စက်ရုံနှင့် စက်ရုံအနီးရှိ 66KV ကြွေသီးများ လှဲလှယ်ပြုပြင်နေသောကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရခြင်းဖြစ်ကြောင့် ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူ းရေးကုမ္ပဏီမှ တာဝန်ရှိတစ်ဦးဖြစ်သူ ဦးလှအောင်ကပြောသည်။
"ဒီရက်ပိုင်းအတွင်း မီးခဏ ခဏပျက်နေတဲ့ ပြဿနာကတော့ ဒီ ၂၇ရက် ကနေ မလိစက်ရုံပြင်ဆင်တာတွေပြုလုပ်နေလို့ပါ၊ အခုလိုအခြေအနေမျိုးမှာ မီးအသုံးပြုသူတွေကို အသိပေးထားပါတယ်။ အခုတော့ ပုံမှန် အခြေအနေကို ရောက်ပါပြီ"ဟု ဦးလှအောင်က ပြောသည်။
ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် စက်ရုံအတွင်းရေရှိမှုအားနည်းမှုများရှိလာမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေများရှိလာနိုင်ပြီး ဤသို့ဖြစ်ခဲ့ပါက မီးအသုံးပြုသူများကို ကြိုတင်အကြောင်းကြားပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
လွမ်းအောင်
No comments:
Post a Comment