Search
Monday, April 1, 2019
EPN
ဆောင်းပါး၊ ဧပြီ ၁
အ ဆင့် အ ရမ်း ကွာ နေ တယ် ။
----------------------------------------------
" နိုင် တိုင်း ကောင်း တာ တော့ မ ဟုတ် ဘူး "
EPN
ဆောင်းပါး၊ ဧပြီ ၁
မ နေ့ ( ၃၁ ရက် နေ့ ) ည နေ ၆း၀၀ နာ ရီ မှာ အောင် လ ဆန်း ပွဲ ကို ရင် တုန် ပြီး ကြည့် နေ မိ တယ် ။ နိုင် သွား လို့ ပျော် နေ ကြ တဲ့ အ ချိန် မှာ ရှုံး သွား တဲ့ သူ မျက် နှာ ကို တစ် ချိန် လုံး ကြည့် နေ မိ တယ် ။ သူ မ ငို မိ အောင် စိတ် တင်း ထား ပုံ ပဲ ။
လူ တွေ က နိုင် တာ ကို ပဲ ခံ စား တတ် ကြ တယ် ရှုံး တာ ကို မ မြင် ကြ ဘူး ။ ကိုယ် က ရှုံး တဲ့ ဖက် ကော နိုင် တဲ့ ဖက် ကော ကြည့် တတ် တယ် လေ ။
၂၀၀၉ ခု နှစ် က မြန် မာ နိုင် ငံ ရိုး ရာ ခြင်း ခပ် အား က စား ကို အ ရှေ့ တောင် အာ ရှ အ ဆင့် မှာ ပါ ဖို့ ၊ အဲ့ ဒီ က နေ အာ ရှ အ ဆင့် က မ္ဘာ့အ ဆင့် ထိ တက် နိုင် ဖို့ စာ ရေး ပြီး အ ကြံ ကော နည်း ကော ပေး ခဲ့ တယ် ။ အဲ့ ဒီ အ ချိန် က ဥ က္က ဌ ( အ ခု လည်း ဥ က္က ဌ ပါ ပဲ ) က ပြော တဲ့ အ တိုင်း လုပ် ခဲ့ လို့ ၂၀၁၂ အာ ဆီ ယံ ပြိုင် ပွဲ စ ပြီး ပါ ဝင် ခဲ့ တယ် ။
နောက် ပိုင်း လည်း ဆက် ပြီး အာ ဆီ ယံ ပြိုင် ပွဲ တွေ မှာ ပါ ခဲ့ ပေ မယ့် ၂၀၁၀ မှာ ကိုယ် က အ ဖွဲ့ က ထွက် ခဲ့ ပြီ ။ ဆက် လုပ် ရ မယ့် လမ်း ကြောင်း ပြော မယ့် သူ မ ရှိ တော့ အ ခု အာ ဆီ ယံ ပြိုင် ပွဲ မှာ တောင် မ ပါ တော့ ပါ ဘူး ။
မ နေ့ ( ၃၁ ၊ ၃ ၊ ၂၀၁၉ ) က ရန် ကုန် မြို့ စည် ပင် သာ ယာ ရွေး ကောက် ပွဲ မှာ NLD ကိုယ် စား ပြု တွေ ပဲ အ နိုင် ရ ခဲ့ ပြီး မဲ ပေး တဲ့ သူ ထင် တာ ထက် ကို ပို နည်း ခဲ့ တယ် ။
၂၀၁၈ ကြား ဖြတ် ရွေး ကောက် ပွဲ မှာ NLD ပါ တီ ထောက် ခံ အား ကျ သွား ပြီး မဲ ပေး တဲ့ သူ နည်း သွား တာ ကို အ ခု စည် ပင် ရွေး ကောက် ပွဲ က ထပ် ပြီး သ တိ ပေး လိုက် တယ် လို့ ပဲ မြင် တယ် ။ NLD က တော့ ပါ တီ ကို တစ် ခဲ တစ် နက် ထောက် ခံ နေ ကြ သေး တယ် လို့ မြင် ကောင်း မြင် မှာ ပေါ့ ။
အောင် လ ဆန်း မ နေ့ က ဂျ ပန် ကြီး ကို အ နိုင် ယူ ပြီး ချိန် မှာ ပဲ ဝိုင်း ထဲ ဝင် လာ ပြီး Heavy weight ချန် ပီ ယံ က အောင် လ ဆန်း ကို စိမ် ခေါ် တယ် ။ အောင် လ ဆန်း က လည်း လက် ခံ ခဲ့ တယ် ။ လက် မ ခံ လို့ လည်း မ ရ ပါ ဘူး ။ ဒါ စည်း ကမ်း ပဲ လေ ။
အောင် လ ဆန်း ကို စိမ် ခေါ် တဲ့ သူ က ဟဲ ဗီး ဝိတ် ( Heavy weight ) က နေ လိုက် ဟဲ ဗီး ဝိတ် ( Light heavy weight ) ကို ဆင်း ထိုး မှာ ။ အောင် လ ဆန်း က မစ် ဒယ် ဝိတ် ( Middle weight ) က နေ လိုက် ဟဲ ဗီး ဝိတ် ( Light heavy weight ) ကို တန်း တက် ထိုး ရ မှာ ။
အ ဆင့် အ ရမ်း ကွာ နေ တယ် ။
အောင် လ ဆန်း နိုင် ကောင်း နိုင် နိုင် ပေ မယ့် မျှော် လင့် ချက် အ ရမ်း နည်း တယ် ။
ရန် ကုန် စည် ပင် သာ ယာ ရွေး ကောက် ပွဲ မှာ ရန် ကုန် က ပ ရ ဟိ တ သ မား တွေ ပ ညာ ရှင် တွေ ပါ ဝင် ကြ ပါ စေ ။ ဒါ ကို နိုင် ငံ ရေး တစ် ခု လို သ ဘော ထား ပြီး အာ ဏာ ရ ပါ တီ အ စိုး ရ က သ မ္မ တ ကော ဝန် ကြီး ချုပ် ကော ပါ တီ ကော အ တင်း မဲ ဆွယ် ကြ ၊ မဲ ဆွယ် သ လို လုပ် ကြ တာ တစ် ဖက် စောင်း နင်း နိုင် လွန်း လှ တယ် ။
မဲ ပေး မယ့် ပြည် သူ က သူ တို့ ထက် ပို ပြီး ပ ညာ ရှိ တာ ကို ပြ လိုက် ကြ ပါ တယ် ။ ဘယ် သူ မှ မဲ သွား မ ပေး ကြ တော့ ဘူး ။ ကိုယ် တွေ ရပ် ကွက် ထဲ မှာ ကိုယ် တိုင် ကော အိမ် ဘေး နား က ကော တစ် ယောက် မှ မဲ သွား မ ပေး ကြ ဘူး ။ အ ခု မဲ သွား ပေး ကြ တဲ့ သူ တွေ က NLD ပါ တီ ဝင် တွေ ပါ ပဲ ။
လတ် တ လော ရုပ် ရှင် လော က အ န္တ ရယ် လို ကြုံ နေ ရ တယ် ။ ပြည် သူ တွေ ညီ ပြီး မင်း ကို အား မ ပေး ဘူး ကွာ လုပ် နေ ကြ လို့ တော် တော် အ ထိ နာ နေ ပြီ ။ ဒါ ဘာ ဖြစ် လို့ လဲ ဆို တော့ တစ် ခါ မှား တာ သည်း ခံ ပေး နိုင် ပေ မယ့် နောက် တစ် ခါ နောက် တစ် ခါ ကို တော့ ပြည် သူ မ ကြိုက် တော့ ဘူး လေ ။ အ ခု ဥ က္က ဌ ခေါင်း စား နေ ရ ပြီ ။
မ မျှ တ ဘူး လို့ ယူ ဆ ရင် မြန် မာ တွေ ဘယ် သူ့ မျက် နှာ မှ မ ကြည့် ဘူး ။ တ ရား မျှ တ တဲ့ ဖက် မှာ ပဲ နေ တယ် ဆို တာ လက် ရှိ လူ တွေ သိ ဖို့ အ ရေး ကြီး ပါ တယ် ။ ခေတ် အ ဆက် ဆက် လည်း အဲ့ ဒီ စိတ် တစ် ခု တည်း နဲ့ မြန် မာ နိုင် ငံ ဖြတ် သန်း လာ လို့ လက် ရှိ ပါ တီ အ စိုး ရ ဖြစ် နေ ရ တာ ပဲ လေ ။
ဒါ ကို ဟဲ ဗီး ဝိတ် က အောင် လ ဆန်း ကို စိန် ခေါ် သ လို အ စိုး ရ ပါ တီ ကြီး က ပါ တီ ဝတ် စုံ တွေ ဝတ် ပြီး သာ မန် ပြည် သူ တွေ နဲ့ ဆိုင်း ဘုတ် ထောင် ပြိုင် တယ် ။ ဝန် ကြီး ချုပ် က ကိုယ် တိုင် ရပ် ကွက် တွေ ထဲ ဆင်း ပြီး မဲ ဆွယ် တယ် ။ သ မ္မ တ က နေ ပြည် တော် က လာ ပြီး မဲ ထည့် တယ် ။
ရွေး ကောက် ပွဲ ကော် မ ရှင် ဥ က္က ဌ ကိုယ် တိုင် က မ သင့် လျှော် ဘူး ထုတ် ပြော ရ တယ် ။
စည် ပင် သာ ယာ မှာ သာ မန် ပြည် သူ တွေ ဝင် ပါ တာ ပို မ ကောင်း ဘူး လား ။ ဘာ လို့ နေ ရာ တ ကာ လု သ လို လုပ် နေ ရ တာ လဲ ။ တ ကယ် လို့ NLD ပါ တီ ဝင် တွေ က လည်း စည် ပင် သာ ယာ လူ ကြီး ဝင် အ ရွေး ခံ ချင် တယ် ဆို ရင် သာ မန် ပြည် သူ လို ပဲ ဝင် ပြိုင် ပေါ့ ။
အ ခု ဆို သေ ချာ တယ် စည် ပင် သာ ယာ ရွေး ကောက် ပွဲ ဝင် တဲ့ သူ တွေ ရယ် အ သိုင်း အ ဝိုင်း တွေ ရယ် က NLD ပါ တီ ကို တစ် မျိုး မြင် သွား ကြ ပြီ ။ အ နိုင် ကျင့် တယ် လို့ ခံ စား သွား ကြ ရ ပြီ ။
NLD ပါ တီ ဟာ အာ ဏာ ရ အ စိုး ရ ပါ တီ ပါ ။ အ စိုး ရ ဖွဲ့ တဲ့ အ ခါ ဒေါင် ဒေါင် မည် တွေ ကို တာ ဝန် ပေး ခဲ့ ကြ ရ မှာ ပါ ။
သ ဘော က စည် ပင် သာ ယာ မှာ မြို့ တော် ဝန် ထက် ပို သာ တဲ့ သူ မ ရှိ လို့ လက် ရှိ မြို့ တော် ဝန် ကို ခန့် ခဲ့ တာ ပေါ့ ။ လက် ရှိ မြို့ တော် ဝန် ထက် ပို သာ ပို တော် တဲ့ သူ ရှိ ရင် အ စိုး ရ ဖွဲ့ တုန်း က အဲ့ ဒီ ပို သာ တဲ့ သူ ကို မြို့ တော် ဝန် ခန့် မှာ ပေါ့ ။
အ ခု စည် ပင် သာ ယာ ရွေး ကောက် ပွဲ ဝင် ကြ တဲ့ NLD တွေ က လက် ရှိ မြို့ တော် ဝန် ထက် ပို တော် တဲ့ သူ တွေ လို့ ပြော ရ ခက် မယ် ထင် တယ် ။ အ လွန် ဆုံး မြို့ တော် ဝန် လောက် ပဲ ပေါ့ လို့ သာ မန် လူ တွေ တွေး ကြ လိမ့် မယ် ။
သာ မန် ပြည် သူ တွေ ထဲ မှာ လက် ရှိ မြို့ တော် ဝန် ထက် သာ တဲ့ သူ များ ပါ လာ မ လား လို့ တော့ ပြည် သူ တွေ နည်း နည်း မျှော် လင့် ကြ မှာ ပေါ့ ။ အ ခု တော့ စိတ် ကျေ နပ် လိုက် ရ ပြီ ။
အောင် လ ပွဲ တိုင်း နိုင် တော့ ဟဲ ဗီး ဝိတ် က စိန် ခေါ် တာ လက် ခံ လိုက် ရ ပြီ ။
မြန် မာ ပြည် မှာ ပဲ က စား တဲ့ ခြင်း ခပ် က စား နည်း ကို ရေ ရှည် အ တွက် မ ကြည့် ပဲ ပွဲ တိုင်း နိုင် ချင် တာ ကြောင့် အ ခု အာ ဆီ ယံ အ ဆင့် မှာ တောင် မ ပါ တော့ ဘူး ။
NLD ပြိုင် ဖက် မ ဟုတ် တဲ့ သူ တွေ နဲ့ တံ တား ကိ စ္စ က အ စ ၊ ရုပ် တု ကိ စ္စ ကအ စ အ တင်း လိုက် ပြိုင် နေ တာ ကောင်း တဲ့ လ က္ခ ဏာ မ ဟုတ် ဘူး ။ နိုင် တာ မ ဟုတ် ဘူး ရှုံး တာ ။
အောင် လ ဆန်း နိုင် တာ ဂုဏ် ယူ စ ရာ ပါ ။ တန်း တူ ကို စိန် ခေါ် ထိုး တာ ။ တန် တက် ထိုး လို့ ရှုံး သွား လည်း သိ က္ခာ မ ကျ ဘူး ပို တောင် သ တ္တိ ရှိ လို့ ဂုဏ် ယူ ရ အုံး မယ် ။
NLD တန်း ဆင်း ထိုး နေ ရင် တ ကယ့် ပွဲ မှာ ကွဲ ထွက် သွား လိမ့် မယ် လို့ သ တိ ပေး ချင် တယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment