Search
Tuesday, April 2, 2019
ရန္ကုန္ၿမိဳ႕မွာ ေရေၾကာင္းျပ အေဆာက္အအံု ကို တရုတ္ အင္ဂ်င္နီယာ ကုမၸဏီ တည္ေဆာက္
ရန္ကုန္ၿမိဳ႕မွာ ေရေၾကာင္းျပ အေဆာက္အအံု ကို တရုတ္ အင္ဂ်င္နီယာ ကုမၸဏီ တည္ေဆာက္
EPN
ႏိုင္ငံတကာ၊ ဧၿပီ ၂
တရုတ္ အင္ဂ်င္နီယာ Harbour Engineering ကုမၸဏီတစ္ခု ကတည္ေဆာက္တဲ့ ေရေၾကာင္းျပအေဆာက္အအံုတစ္ခုကို ရန္ကုန္ၿမိဳ႕မွာ ယမန္ေန႔ကဖြင့္လွစ္ခဲ့တယ္လို႔ တရုတ္ အေျခစိုက္ Global Time သတင္းကဆုိပါတယ္။
အဆုိပါ ေရေၾကာင္းျပအေဆာက္အအံုက ျမန္မာႏုိင္ငံရဲ႕ ကုန္သြယ္ေရးအဓိက က်တဲ့ၿမိဳ႕ျဖစ္တဲ့ ရန္ကုန္ ဆိပ္ကမ္း သယ္ယူပို႔ေဆာင္ေရးအတြက္ ကူညီေထာက္ပံေပးႏုိင္မယ္လုိ႔ ျမန္မာႏုိင္ငံဆုိင္ရာ တရုတ္သံအမတ္ႀကီး ဟုန္လ်န္ကေျပာပါတယ္။
အဆုိပါ အေဆာက္အအံုဟာ ရန္ကုန္ျမစ္ ၀ ကေန မုိင္ ၂၀ အကြာမွာတည္ရွိၿပီး အလ်ား ၃၃ ဒသမ ၂ မိတာ၊ အနံ ၃၀ ဒသမ ၄ မိတာအရြယ္အစားရွိ သံကူကြန္ကရစ္ အေဆာက္အအံုတစ္ခု၊ ဆိပ္ခံတံတားတစ္စင္း၊ မီးစက္၊ ေရစက္၊ ေရဆုိးသန္႔စင္စက္ ေရေၾကာင္းဆက္သြယ္ေရး ကိရိယာနဲ႔ ေရဒါေတြ ပါ၀င္ပါတယ္။ ေရေၾကာင္းျပအေဆာက္အအံုကို ၂၀၁၇ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ၿပီးအေမရိကန္ေဒၚလာ ၂၀ ဒသမ ၉ သန္းကုန္က်ခံတည္ေဆာက္ခဲ့တယ္လို႔ ဆုိပါတယ္။
-------------------------------------
ရန်ကုန်မြို့မှာ ရေကြောင်းပြ အဆောက်အအုံ ကို တရုတ် အင်ဂျင်နီယာ ကုမ္ပဏီ တည်ဆောက်
EPN
နိုင်ငံတကာ၊ ဧပြီ ၂
တရုတ် အင်ဂျင်နီယာ Harbour Engineering ကုမ္ပဏီတစ်ခု ကတည်ဆောက်တဲ့ ရေကြောင်းပြအဆောက်အအုံတစ်ခုကို ရန်ကုန်မြို့မှာ ယမန်နေ့ကဖွင့်လှစ်ခဲ့တယ်လို့ တရုတ် အခြေစိုက် Global Time သတင်းကဆိုပါတယ်။
အဆိုပါ ရေကြောင်းပြအဆောက်အအုံက မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးအဓိက ကျတဲ့မြို့ဖြစ်တဲ့ ရန်ကုန် ဆိပ်ကမ်း သယ်ယူပို့ဆောင်ရေးအတွက် ကူညီထောက်ပံပေးနိုင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်ကပြောပါတယ်။
အဆိုပါ အဆောက်အအုံဟာ ရန်ကုန်မြစ် ၀ ကနေ မိုင် ၂၀ အကွာမှာတည်ရှိပြီး အလျား ၃၃ ဒသမ ၂ မိတာ၊ အနံ ၃၀ ဒသမ ၄ မိတာအရွယ်အစားရှိ သံကူကွန်ကရစ် အဆောက်အအုံတစ်ခု၊ ဆိပ်ခံတံတားတစ်စင်း၊ မီးစက်၊ ရေစက်၊ ရေဆိုးသန့်စင်စက် ရေကြောင်းဆက်သွယ်ရေး ကိရိယာနဲ့ ရေဒါတွေ ပါဝင်ပါတယ်။ ရေကြောင်းပြအဆောက်အအုံကို ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီးအမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းကုန်ကျခံတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News ျမစ္ႀကီးနား၊ ေဖေဖၚဝါရီ ၂၀ ကခ်င္ျပည္နယ္ ေခါင္လန္ဖူးေဒသခံမ်ားအတြက္ လီဆူရိုးရာ ဝတ္ဆုံ ၂၀စုံကို ကခ်င္ျပည္နယ္ လီဆူတုိင္းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
ပူတာအိုမြို့ လေယာဉ်ကွင်းဈေး၌ ကိုရိုနာဗိုင်းရပ်ရောဂါအသိပညာပေးလုပ်ငန်းပူးပေါင်း ဆောင်ရွက် EPN ပူတာအို၊ မတ် ၃၁ ကချင်ပြည်နယ်၊ ပူတာအ...
-
" ျမန္ မာ နိုင္ ငံ ကို ေပး သင့္ တဲ့ နစ္ နာ ေၾကး အ ေလ်ာ္ " (ေဆာင္း ပါး) ရ ခိုင္ ေဒ သ က မြတ္ စ လင္ ဘ ဂၤါ လီ ျပ ႆ နာ ေၾကာင္...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
No comments:
Post a Comment