Search

Tuesday, April 2, 2019

ျမန္မာ တပ္မေတာ္က အရြယ္မေရာက္ဘဲစစ္မႈထမ္းေနသူနဲ႔ လူငယ္ ၃၂ ဦးကို ႏုတ္ထြက္ခြင့္ျပဳ




ျမန္မာ တပ္မေတာ္က  အရြယ္မေရာက္ဘဲစစ္မႈထမ္းေနသူနဲ႔ လူငယ္ ၃၂ ဦးကို  ႏုတ္ထြက္ခြင့္ျပဳ

EPN
ႏိုင္ငံတကာ၊ ဧၿပီ ၂

အရြယ္မေရာက္မီ စစ္မႈထမ္းေဆာင္ေနသူ ကေလးသူငယ္ နဲ႔ လူငယ္ (၃၂)ဦးကို ျမန္မာတပ္မေတာ္က  ႏုတ္ထြက္ခြင့္ျပဳခဲ့တယ္လို႔  ကုလသမဂၢကဆုိပါတယ္။

ျမန္မာႏိုင္ငံအစိုးရ က တပ္မေတာ္တြင္အရြယ္မတိုင္မီစစ္မႈ ထမ္းေဆာင္ ေနတဲ့ ကေလးသူငယ္ (၇)ဦး နဲ႔ လူငယ္ (၂၅)ဦးကို ႏုတ္ထြက္ခြင့္ျပဳခဲ့ေၾကာင္း၊ အခုႏုတ္ထြက္ခြင့္ျပဳလုိက္တာဟာ ၂၀၁၉ခုႏွစ္အတြင္း ပထမဦးဆံုးအၾကိမ္ျဖစ္ပါယ္။

 ၂၀၁၂ခုႏွစ္၊ ဇြန္ လကတည္းက ျမန္မာႏိုင္ငံအစိုးရက  ကုလသမဂၢနဲ႔ အတူပူးတြဲ လုပ္ငန္းေဆာင္ရြက္မႈ စီမံခ်က္ (Joint Action Plan)ကို စတင္သေဘာတူလက္မွတ္ေရးထိုးခဲ့ၿပီး အဲဒီအခ်ိန္မွစတင္ကာ ဒီေန႔အထိ ကေလးသူငယ္ နဲ႔ လူငယ္စုစုေပါင္း (၉၅၆)ဦးကို တပ္မေတာ္က ႏႈတ္ထြက္ခြင့္ျပဳခဲ့ၿပီးလည္းျဖစ္ပါတယ္။

ဒီလိုႏုတ္ထြက္ခြင့္ျပဳလုိက္တာ ဟာ ‘ကေလးသူငယ္မ်ားေတြကို တပ္မေတာ္အတြင္းဝင္ေရာက္တာဝန္ထမ္းေဆာင္ေစမႈနဲ႔ အသံုးျပဳျခင္းမွတားဆီးရပ္တန္႔ေစေရးအတြက္ ႏိုင္ငံေတာ္အစိုးရမွ ၾကိဳးပမ္းလုပ္ေဆာင္တဲ့ အားရဖြယ္ ေနာက္ ထပ္ ေျခလွမ္းတစ္ခု’ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢဌာေနညွိႏႈိင္းေရးမွဴး (ယာယီ )Knut Ostby  နဲ႔ ယူနီဆက္မွ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကုိယ္စားလွယ္ June Kunugi တို႔က ၾကိဳဆုိခဲ့ပါတယ္။
-----------------------------------

မြန်မာ တပ်မတော်က  အရွယ်မရောက်ဘဲစစ်မှုထမ်းနေသူနဲ့ လူငယ် ၃၂ ဦးကို  နုတ်ထွက်ခွင့်ပြု

EPN
နိုင်ငံတကာ၊ ဧပြီ ၂

အရွယ်မရောက်မီ စစ်မှုထမ်းဆောင်နေသူ ကလေးသူငယ် နဲ့ လူငယ် (၃၂)ဦးကို မြန်မာတပ်မတော်က  နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့  ကုလသမဂ္ဂကဆိုပါတယ်။

မြန်မာနိုင်ငံအစိုးရ က တပ်မတော်တွင်အရွယ်မတိုင်မီစစ်မှု ထမ်းဆောင် နေတဲ့ ကလေးသူငယ် (၇)ဦး နဲ့ လူငယ် (၂၅)ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း၊ အခုနုတ်ထွက်ခွင့်ပြုလိုက်တာဟာ ၂၀၁၉ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ပါယ်။

 ၂၀၁၂ခုနှစ်၊ ဇွန် လကတည်းက မြန်မာနိုင်ငံအစိုးရက  ကုလသမဂ္ဂနဲ့ အတူပူးတွဲ လုပ်ငန်းဆောင်ရွက်မှု စီမံချက် (Joint Action Plan)ကို စတင်သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဲဒီအချိန်မှစတင်ကာ ဒီနေ့အထိ ကလေးသူငယ် နဲ့ လူငယ်စုစုပေါင်း (၉၅၆)ဦးကို တပ်မတော်က နှုတ်ထွက်ခွင့်ပြုခဲ့ပြီးလည်းဖြစ်ပါတယ်။

ဒီလိုနုတ်ထွက်ခွင့်ပြုလိုက်တာ ဟာ ‘ကလေးသူငယ်များတွေကို တပ်မတော်အတွင်းဝင်ရောက်တာဝန်ထမ်းဆောင်စေမှုနဲ့ အသုံးပြုခြင်းမှတားဆီးရပ်တန့်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းလုပ်ဆောင်တဲ့ အားရဖွယ် နောက် ထပ် ခြေလှမ်းတစ်ခု’ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (ယာယီ )Knut Ostby  နဲ့ ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi တို့က ကြိုဆိုခဲ့ပါတယ်။

No comments:

Popular Posts