Search
Thursday, May 16, 2019
EPN
ဆောင်းပါး၊ မေ ၁၆
---------------------------------------------------------------------------
" နောက် ယောင် ခံ လိုက် သ တင်း ယူ မှု "
EPN
ဆောင်းပါး၊ မေ ၁၆
လွှတ် တော် ကိုယ် စား လှယ် တွေ ရဲ့ လှုပ် ရှား မှု တွေ ကို စစ် ဖက် ဆိုင် ရာ လုံ ခြုံ ရေး " စ ရ ဖ " အ ဖွဲ့ တွေ က စောင့် ကြည့် သ လို မျိုး သ တင်း ရ ယူ တာ တွေ က ဥ ပ ဒေ နဲ့ ညီ ညွတ် မှု ရှိ သ လား ဆို တဲ့ ကိ စ္စ ။
မြန် မာ နိုင် ငံ မှာ လက် ရှိ အ စိုး ရ တက် ခဲ့ တော့ သန်း ခေါင် စာ ရင်း စစ် တဲ့ ဥ ပ ဒေ ရယ် နောက် ယောင် ခံ လိုက် ကြည့် တဲ့ ဥ ပ ဒေ ရယ် ကို ဖျက် သိမ်း ခဲ့ တယ် ။
သန်း ခေါင် စာ ရင်း စစ် တဲ့ ဥ ပ ဒေ မ ရှိ တော့ သန် ခေါင် စာ ရင်း မ စစ် ရုံ ပေါ့ လို့ ပြော ရုံ ပဲ ဆို ပေ မယ့် နောက် ယောင် ခံ မ လိုက် ရ တဲ့ ဥ ပ ဒေ က ပြ ဿ နာ နည်း နည်း ရှိ နေ တယ် ။
အ မှန် က တိုး တက် နေ ပြီး ဖြစ် တဲ့ နိုင် ငံ တွေ မှာ CCTV လို ကင် မ ရာ တွေ က နေ ရာ အ နှံ့ မှာ တတ် ထား ကြ တယ် ။ နောက် လက် ကိုင် ဖုန်း က နေ တစ် ဆင့် GPS ကို ကြည့် လိုက် ရင် ဘယ် သူ ဘယ် မှာ ရှိ နေ သ လဲ ဘာ လုပ် နေ သ လဲ ဆို တာ ထိုင် ရာ မ ထ သိ နေ နိုင် တယ် ။
သီ ရိ လ င်္ကာ နိုင် ငံ မှာ ဗုံး ဖောက် ခွဲ တဲ့ သူ က သူ ဖောက် ခွဲ မယ့် ဗုံး ကို ကျော ပိုး အိပ် အ ကြီး ကြီး ထဲ မှ ထည့် ပြီး အ ကြာ ကြီး လျှောက် သွား နေ ခဲ့ တာ ကို CCTV က နေ တစ် ဆင့် ပြန် မြင် ကြ ရ တယ် ။
မ သ င်္ကာ လို့ နောက် က နေ လိုက် ကြည့် ပြီး စစ် ဆေး လိုက် မိ ရင် အ ခု လို အ သေ အ ပျောက် များ ပါ့ မ လား လို့ တွေး မိ တယ် ။ ဒါ က တစ် ခု ။
နောက် တစ် ခု က ရဲ က ရာ ဇ ဝတ် သား တွေ ကို ထိမ်း ဖို့ နောက် ယောင် ခံ လိုက် မ ကြည့် ရ လို့ ရာ ဇ ဝတ် မှု ဖြစ် ခဲ့ ရင် နဲ့ စစ် တပ် က သူ ပုန် အ ပါ အ ဝင် နိုင် ငံ တော် လုံ ခြုံ ရေး အ တွက် ထောက် လှမ်း ရေး သ တင်း တွေ ရ ယူ ဖို့ နောက် ယောင် ခံ မ လိုက် ရ ဘူး ဆို တာ ထိ ခိုက် မှု မ တူ နိုင် ဘူး ထင် တယ် ။
လွှတ် တော် ကိုယ် စား လှယ် တွေ က ဖွဲ့ စည်း ပုံ ဥ ပ ဒေ ပုဒ် မ အ ရ အ များ ပြည် သူ လေး စား ထိုက် သော ပု ဂ္ဂိုလ် တွေ လို့ သတ် မှတ် ထား တယ် ။
မြန် မာ နိုင် ငံ က လွှတ် တော် ကိုယ် စား လှယ် တွေ က လော လော ဆယ် အ မေ ရိ ကန် နိုင် ငံ အ ထက် လွှတ် တော် အ မတ် တွေ လို ၊ အ င်္ဂ လန် နိုင် ငံ အ ထက် ပါ လီ မန် အ မတ် တွေ လို မ ဟုတ် သေး ဘူး ။ သာ မန် ပြည် သူ တွေ ထဲ က ပဲ ရွေး ကောက် ခံ ထား ကြ တာ ဆို တော့ ခံ ယူ ချက် အ မျိုး မျိုး ၊ အ ယူ အ ဆ အ မျိုး မျိုး ဖြစ် နိုင် သေး တယ် ။ သ ဘော က လွှတ် တော် အ မတ် တွေ ထဲ နိုင် ငံ သား မ ဟုတ် တဲ့ ရွှေ မောင် လို လူ တွေ ပါ လာ နိုင် သေး တယ် ။
ဒီ တော့ လွှတ် တော် အ မတ် က သူ့ အ မျိုး ကောင်း စား ဖို့ တစ် ခု ခု ကို ရည် ရွယ် ပြီး ကြံ စည် မှု ရှိ နိုင် သေး တယ် လို့ လက် ရှိ လက် နက် ကိုင် တွေ များ တဲ့ အ ယူ ဝါ ဒ တွေ များ တဲ့ မြန် မာ နိုင် ငံ မှာ ယူ ဆ လို့ ရ တယ် ။
နိုင် ငံ တော် လုံ ခြုံ ရေး နဲ့ ပတ် သက် လာ ရင် တော့ တစ် ချို့ ကိ စ္စ တွေ ကို လျစ် လျှု့ ရှု့ ကြ လိမ့် မယ် ။
ဒီ နေ ရာ မှာ မြန် မာ နိုင် ငံ ကာ ကွယ် ရေး တာ ဝန် ယူ ထား တဲ့ တပ် မ တော် ကို သာ မန် ပြည် သူ တွေ အ မြင် မှာ တပ် မ တော် က ထွက် ပြီး ပါ တီ ထောင် ထား တဲ့ ကြံ့ ခိုင် ရေး ဘက် တော် သား လို့ တစ် ထစ် ချ မြင် နေ ကြ တာ က တပ် မ တော် ရဲ့ လုပ် ငန်း စဉ် တွေ ကို အ မြင် မ ကြည် ဖြစ် နေ စေ တယ် လို့ ယူ ဆ မိ တယ် ။
တပ် မ တော် ကို ဘယ် အ စိုး ရ တက် တက် အ စိုး ရ ဘက် တော် သား အ ဖြစ် မြင် လာ အောင် ပြည် သူ ကော တပ် မ တော် ကော ဆောင် ရွက် ဖို့ လို ပါ တယ် ။
တပ် မ တော် က သူ့ ရဲ့ မူ ဝါ ဒ အ တိုင်း ရပ် တည် နေ ပေ မယ့် လော လော ဆယ် တော့ အ စိုး ရ ထောက် ခံ သူ တွေ ရဲ့ အ မြင် မ ကြည် မှု နဲ့ တိုက် ခိုက် မှု အောက် မှာ ပဲ ရှိ နေ ပါ တယ် ။
အ ရင် က အ မှား ပြု ခဲ့ ကြ သ လို ဖြစ် ခဲ့ တဲ့ စစ် ဗိုလ် ချုပ် ဟောင်း တွေ ကြောင့် အ မြင် မ ကြည် မှု တွေ ကို ဆက် ခံ ယူ နေ ရ တဲ့ လက် ရှိ စစ် တပ် က လွှတ် တော် ထဲ အ စိုး ရ ရဲ့ တစ် ဖက် သတ် လို ဖြစ် လာ နိုင် မယ် လို့ သူ တို့ ယူ ဆ တဲ့ အ ဆို အ မိန့် တွေ ကို ကန့် ကွက် ကြ တာ အ တိုက် အ ခံ ပါ တီ ကြံ့ ခိုင် ရေး ကို ပူး ပေါင်း တယ် လို့ အ စိုး ရ ထောက် ခံ သူ တွေ အ မြင် ရှိ ကြ တယ် ။
ထင် တာ တော့ ပြောင်း ပြန် ဖြစ် နေ တယ် လို့ ထင် တယ် ။
ထောက် ခံ သူ တွေ က လည်း စစ် တပ် ဘာ ကြောင့် ကန့် ကွက် ရ ပါ သ လဲ ဆို တာ ကို သေ ချာ သိ ဖို့ လေ့ လာ ရင် ပို သိ နိုင် မယ် ။
နိုင် ငံ ရေး မှာ ရန် သူ ရဲ့ ရန် သူ က မိတ် ဆွေ ဆို တဲ့ အ ယူ အ ဆ က ၂၀ ရာ စု မှာ ကျန် ခဲ့ ပါ ပြီ ။ ဒီ လို ကိ စ္စ ကို SSPP နဲ့ RCSS အ ဖွဲ့ အ တွင်း မှာ လည်း တွေ့ နိုင် သ လို အ မေ ရိ ကန် ၊ ISIS ၊ ဆော် ဒီ အ စ ရှိ တဲ့ ဆက် ဆံ ရေး တွေ မှာ လည်း တွေ့ နိုင် ပါ တယ် ။
ဒီ တော့ စစ် တပ် က ကန့် ကွက် တာ အား လုံး ကြံ့ ခိုင် ရေး အ တွက် ၊ အ ဘ တွေ ကို ကာ ကွယ် ဖို့ အ တွက် လို့ မြင် နေ ရင် လွဲ နေ လိမ့် မယ် ။ စစ် တပ် က လည်း ကိုယ့် ရပ် တည် ချက် က ကြံ့ ခိုင် ရေး အ တွက် သူ များ အ တွက် ရပ် တည် နေ တာ မ ဟုတ် ဘူး ဆို တာ ပို သိ သာ စေ ရင် ပို ကောင်း မယ် ။
ဒီ လို ပဲ စစ် တပ် ကို နံ မည် တတ် ပြီး မ လှိမ့် တ ပတ် နဲ့ ဆဲ သ လို လို နံ မည် အ တို ကောက် ခေါ် သ လို လို နဲ့ ထိုင် ပြော နေ လို့ လည်း စစ် တပ် က ပု ဂ္ဂိုလ် ရေး အ ရ ကို ကြိုက် ကြ မှာ မ ဟုတ် ဘူး ။
နှစ် ဖက် စ လုံး မြင် အောင် ကြည့် ပြီး သေ ချာ တွေး ရ ပါ မယ် တိုင်း ပြည် ကို တ ကယ် စေ တ နာ ရှိ တယ် ဆို ရင် ပေါ့ ။
ဒါ ပေ မဲ့ စစ် ရေး နဲ့ ပတ် သက် လာ ရင် တော့ နိုင် ငံ တော် လုံ ခြုံ ရေး ကိ စ္စ က စစ် တပ် မှာ တာ ဝန် ပို ရှိ တယ် ။ ဒီ တော့ စစ် တပ် က သူ့ ထောက် လှမ်း ရေး သ တင်း ကို ရ အောင် တစ် နည်း နည်း နဲ့ ယူ နေ မှာ ပဲ လို့ တွေး လို့ ရ တယ် ။ စစ် တပ် က အ စိုး ရ အောက် က အ ဖွဲ့ လို့ သတ် မှတ် လိုက် နိုင် ရင် ဒီ ပြ ဿ နာ ရှင်း သွား လိမ့် မယ် ။
ဒီ မို က ရေ စီ စံ နှုန်း နဲ့ ပြော ရ ရင် နောက် ယောင် ခံ လိုက် နေ တာ ပု ဂ္ဂ လိ က လွတ် လပ် မှု အ တွက် က လည်း အ ဆင် မ ပြေ ပါ ဘူး ။ လူ တိုင်း မှာ ကိုယ့် သ ဘော နဲ့ ကိုယ် ဘယ် သူ့ ကို မှ မ ထိ ခိုက် စေ ဘူး ဆို ရင် လွတ် လွတ် လပ် လပ် ကြိုက် တာ လုပ် ပိုင် ခွင့် ရှိ တယ် ။
ဝါ သ နာ ပါ လို့ ကာ ရာ အို ကေ သွား ဆို ချင် ဆို မယ် ။ ညောင်း တတ် လို့ အ နှိပ် ခံ ချင် သွား ခံ မယ် ပေါ့ ။ ဒါ ကို ပြိုင် ဖက် ကို အ သာ ရ ယူ လို တဲ့ သ ဘော နဲ့ နောက် ယောက် ခံ လိုက် ပြီး သ တင်း ပြု စု ထား ရင် မ သင့် ပြန် ဘူး ။
ဒီ လို ကိ စ္စ တွေ က မြန် မာ နိုင် ငံ အ ဖို့ ခက် ပါ တယ် ။
ဒီ တော့ အ ခု လို " စ ရ ဖ " က သ တင်း လိုက် ယူ တာ ကို ထောက် ခံ ရ မ လား ကန့် ကွက် ရ မ လား ဆို တာ အ ဖြေ ပေး ရ ခက် တယ် ။ ကိုယ့် နောက် က လိုက် နေ မယ် ဆို ရင် တော့ ဘယ် ကြိုက် မ လဲ ။
ကိုယ် တိုင် တွေး ကြည့် ကြ အုံး ပေါ့ ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် ) 
No comments:
Popular Posts