Search

Friday, August 23, 2019

ကချင်ပြည်နယ်တွင် (၈)လ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၂၂ ဦးအထိရှိလာ



ကချင်ပြည်နယ်တွင် (၈)လ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၂၂ ဦးအထိရှိလာ

EPN
မြစ်ကြီးနား၊ သြဂုတ်၂၃

ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၂၂ရက်နေ့ အထိ ၈လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၂၂ ဦးအထိရှိလာကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူများမှာ အသက် ၁၅ နှစ်အောက် အရွယ် ၁၀ဦးနှင့် ၁၅နှစ်အထက် အရွယ်၁၂ ဦးဖြစ်ပြီး အများစုမှာ မြစ်ကြီးနားမြို့နယ်မှ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးမြို့နယ်မှာ မြစ်ကြီးနားမြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၁၄၃၀ ၊ သေဆုံးသူ၁၇ဦး ၊ ဖားကန့်မြို့နယ် တွင် ရောဂါဖြစ်ပွားသူ ၁၈၇ ဦးနှင့် သေဆုံးသူ ၃းဦး၊ မိုးကောင်းမြို့နယ်တွင် ရောဂါဖြစ်ပွားသူ ၁၄၉ဦးနှင့် သေဆုံးသူ ၁ ဦး၊ ဝိုင်းမော်မြို့နယ်တွင် ရောဂါဖြစ်ပွားသူ ၆၀ ဦးနှင့် သေဆုံးသူ ၁ဦးခန့်ရှိပြီး အခြားမြို့နယ်များတွင် ရောဂါဖြစ်ပွားသူ အနည်းငယ်သာ ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ်၏ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်ထက် ပိုမိုဖြစ်ပွားနိုင်ပြီး သေဆုံးမှုများလာနိုင်သည့် အတွက် ခြင်ပေါက်ဖွားမှုများ မရှိစေရေးအတွက် ပြည်သူများ လုပ်ဆောင်ကြရန် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

ပြီးခဲ့သည် ၂၀၁၈ ခုနှစ်အတွင်း ကချင်ပြည်နယ် တပြည်နယ်လုံးအတိုင်းအတာ အနေဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၁၄ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁ ဦးသာ ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန မှသိရသည်။

သွယ်သွယ်

No comments:

Popular Posts