ႀကိဳက္သည္ျဖစ္ေစ၊
မႀကိဳက္သည္ျဖစ္ေစ ရွိရင္း ဥပေဒမ်ားကုိ လုိက္နာၾကရသည္
EPN
အေတြးအျမင္ေဆာင္းပါး၊
စက္တင္ဘာ ၁၅
ဗိုလ္က်ေရးသည္
ကခ်င္ျပည္နယ္သည္
သယံဇာတေပါၾကြယ္ဝျခင္း၊ ျပင္ပႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ျမွင့္တက္လာျခင္း၊ လွပေသာ
သဘာဝပတ္ဝန္းက်င္ မ်ားျပားေနျခင္း၊ တုိင္းရင္းသား လူမ်ိဳးေပါင္းစုံေနထုိင္ၾကျခင္း၊ ရွားပါးေတာရိုင္း
တိရိစာၦန္ရွိ ေနျခင္းတို႔ေၾကာင့္ ကခ်င္ျပည္နယ္သည္ တန္ဖိုးမျဖတ္ႏုိင္ဘဲ ေလခံ၊ ေရခံ၊
ေျမခံေကာင္းမြန္သည့္ ျပည္နယ္ျဖစ္သည္။
ယခုလို
ျဖစ္တည္ေနေသာ ကခ်င္ျပည္နယ္တြင္ ျမန္မာႏုိင္ငံအတြင္းရွိ အျခားေသာ တုိ္င္းႏွင့္ ျပည္နယ္မ်ားႏွင့္
မတူဘဲ ထူးျခားျဖစ္စဥ္မ်ား သည္ ႏွစ္စဥ္၊ လစဥ္ မရိုးႏုိင္ေအာင္ပင္ ရွိေနသည္ကုိ သတိထားမိသည္။
အက်ဥ္းေျပာရမည္ဆုိလွ်င္ မႈခင္း ျဖစ္စဥ္မ်ား၊ ေဆြးေႏြးပြဲမ်ားႏွင့္ ဆႏၵထုတ္ေဖၚမႈမ်ားအပါအဝင္
အျခားေသာ ျဖစ္စဥ္မ်ိဳးမ်ားလည္း ျဖစ္ေနၾကသည္ ကုိ သတိထားမိသည္။
ဤေနရာမွာ
ႏွစ္စဥ္ႏွစ္တို္င္းလို သက္ဆုိင္ရာအုပ္ခ်ဳပ္သူမ်ားႏွင့္ လူထုတို႔ၾကား ထိပ္တိုက္ႀကဳံေတြ႔ေနၾကသည့္
အေၾကာင္း ကိစၥတစ္ခုကို ဦးတည္ခ်က္ (Focus)ထားၿပီး ေရးသားတင္ျပရမည္ဆုိလွ်င္ လတ္တေလာ
ျမစ္ႀကီးနား ၿမိဳ႕တြင္းမွာ ျဖစ္ပြားခဲ့သည့္ ၿငိမ္း၊ စု၊ စီ ပုဒ္မျဖင့္ တရားစြဲဆုိျခင္း၊
ယင္းစြဲဆုိျခင္းကို တရားရုံးၾကားနာျခင္း၊ အမိန္႔ခ် ျခင္းမ်ားအေၾကာင္း ျဖစ္သည္။
အဘယ္ေၾကာင့္ဆိုေသာ္
ျမစ္ႀကီးနားၿမိဳ႕မွာနည္းတူ အျခားေသာ ေဒသမ်ားတြင္လည္း သက္ဆုိင္ရာ အေၾကာင္း အရာအလိုက္
ကြဲလြဲ၍ ဆႏၵထုတ္ေဖၚမႈမ်ားရွိေနေသာ္လည္း ယင္းဆႏၵထုတ္ေဖၚပြဲမ်ားႏွင့္မတူညီသည္မွာ ဆႏၵ
ထုတ္ေဖၚမႈ ပြဲတုိင္းလုိလိုမွာ ျမစ္ႀကီးနား၌ ျပဳလုပ္သည့္ ဆႏၵျပပြဲမ်ားသည္ ရဲတပ္ဖြဲ႔၏
ၿငိမ္း၊ စု၊ စီ ဥပေဒအရ တရား စြဲဆိုခံေနရသူ မ်ားေနေၾကာင္းကို လူတိုင္းၾကားသိခဲ့မည္ျဖစ္သည္။
၂၀၀၈
ဖြဲ႔စည္းပုံ အေျခခံဥပေဒတြင္ ႏုိင္ငံသား၊ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးႏွင့္ တာဝန္မ်ားႏွင့္
စပ္လ်ဥ္း၍ အခန္း(၈) ပုဒ္မ ၃၅၄၊ ပုဒ္မခြဲငယ္(က)တြင္ မိမိ၏ ယုံၾကည္ခ်က္၊ ထင္ျမင္ယူဆခ်က္မ်ားကုိ
လြတ္လပ္စြာ ထုတ္ ေဖၚခြင့္၊ ေရးသားျဖန္႔ေဝခြင့္၊ ပုဒ္မခြဲငယ္ (ခ) တြင္ လက္နက္အမပါဘဲ
ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ စီတန္းလွည့္လည္ ခြင့္ရွိေၾကာင္း ျပဌာန္းထားသည္။
ထုိ
ဖြဲ႔စည္းပုံအေျခခံဥပေဒေဖၚျပခ်က္အရ နုိင္ငံသားတုိင္းသည္ ဥပေဒျပဌာန္းခ်က္ႏွင့္အညီ မိမိတုိ႔၏
ခံစားခ်က္၊ ထင္ျမင္ယူဆခ်က္မ်ားကို လြတ္လပ္စြာ ေရးသား၊ ေျပာဆုိ၊ ထုတ္ေဖၚခြင့္ရွိသည္။
ဤအခ်က္မ်ားကို ၾကည့္ျခင္း အားျဖင့္ လက္ရွိ ကခ်င္လူငယ္အဖြဲ႔မ်ား၏ ေဆာင္ရြက္ခ်က္မ်ားသည္
ဖဲ႔ြစည္းပုံပါ ျပဌာန္းခ်က္အတုိင္း လုပ္ေဆာင္ ခဲ့ျခင္းျဖစ္သည္ဟု ဆိုႏုိင္သည္။
ဤကဲ့သုိ႔
၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားႏွင့္ အညီေဆာင္ရြက္ျခင္းျဖစ္သည္ဟုဆုိေသာ္
ရဲတပ္ ဖြဲ႔က အဘယ္ေၾကာင့္ တရားစြဲဆုိေနသနည္းဟု ေမးခြန္းထုတ္ရမည္ျဖစ္သည္။ သို႔ေသာ္ ယခုကဲ့သုိ႔
ဆႏၵထုတ္ ေဖၚမႈမ်ားႏွင့္ ပတ္သက္၍ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္ျခင္းကုိ မည္သည့္ေနရာမွာ
ပင္ျဖစ္ေစ လူအမ်ားစု စုေဝးျခင္း၊ စီတန္းျခင္း၊ ေဟာေျပာ ျခင္း၊ မိမိခံစားခ်က္ကို စုေဝးထုတ္ေဖၚျခင္း
အစရွိသည္မ်ားကုိ လုပ္ေဆာင္ရာတြင္ ၿငိမ္း၊ စု၊ စီတင္ျပၿပီးမွ လုပ္ေဆာင္ရမည္ဟု ျပဌာန္းထားသည္။
ဆိုိလိုရင္းမွာ
၂၀၀၈ ဖဲြ႔စည္းပုံအေျခခံ ဥပေဒ၏ ျပဌာန္းခ်က္သည္ ႏိုင္ငံသားတုိင္း လိုက္နာရမည့္ ပင္မ ဥပေဒ
ျဖစ္သလို ယင္းဖဲ႔ြစည္းပုံအေျခခံဥပေဒ ေအာက္မွာ ျပဌာန္းထားသည့္ သက္ဆုိ္င္ရာအလုိက္ နည္းဥပေဒကဲ့သုိ႔
ေသာ လုပ္ေဆာင္ခ်က္တိုင္း လုိက္နာရမည့္ ဥပေဒအသီးသီးရွိေပသည္။
မည္သို႔ပင္ဆုိေစကာမူ
ဒီမိုကေရစီျပည့္ဝခံစားရေသာ ႏုိင္ငံမ်ားႏွင့္ ဒီမိုကေရစီမထြန္းကားေသးေသာႏုိင္ငံမ်ား၊
ဒီမုိကေရစီႏုိင္ငံသို႔ အသြင္ကူးေျပာင္းေနဆဲ ႏုိင္ငံမ်ားတြင္ အုပ္ခ်ဳပ္သူမ်ားႏွင့္ ႏုိင္ငံသူ၊
ႏုိ္င္ငံသားမ်ားအၾကားမွာ ျခားနားမႈမ်ားရွိႏုိင္သည္။ ထို႔ေၾကာင့္ အဓိက ဆိုလုိရင္းသည္
မည္သည့္ လႈပ္ရွားမႈမဆုိ ေဆာင္ရြက္မည္ဆုိပါက သက္ဆုိင္ရာ ဌာနမ်ား၏ ျပဌာန္းခ်က္အတုိင္း
ေဆာင္ရြက္ရမွာျဖစ္သည္။ ေဖၚျပထားသည့္အတုိင္း လုပ္ေဆာင္ရ မည္ျဖစ္သည္။
လတ္တေလာ
ကခ်င္ျပည္နယ္အတြင္း ျဖစ္ပြားေနေသာ ျဖစ္စဥ္မ်ားကို ၾကည့္လွ်င္ လုပ္ေဆာင္သူမ်ားႏွင့္
ေဆာင္ ရြက္ရျခင္း၏ ရည္ရြယ္ခ်က္ ေကာင္းမြန္ေသာ္လည္း လက္ေတြ႔လုပ္ေဆာင္သည့္ အခ်က္အေပၚ
ၾကည့္ၿပီး ဥပေဒ နည္းလမ္းက်မက်ကို ဆုံးျဖတ္ရမည္ျဖစ္သည္။
ထို႔ေၾကာင့္
မည္သည့္ ႏုိင္ငံ၌မဆို ယင္းႏုိင္ငံ၏ ဥပေဒကို ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ၊ ၎ႏုိင္ငံ
အ တြင္းရွိ ႏုိင္ငံသားတုိင္း လိုက္နာရမည္ျဖစ္ေၾကာင္း သိေစလိုရင္း ဤေဆာင္းပါးျဖင့္ သတိေပး
ေဖၚျပလိုက္ပါသည္။
ဗိုလ္က်
---------------------------------------------------------------------ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှိရင်း ဥပဒေများကို လိုက်နာကြရသည်
EPN
အတွေးအမြင်ဆောင်းပါး၊ စက်တင်ဘာ ၁၅
ဗိုလ်ကျရေးသည်
ကချင်ပြည်နယ်သည် သယံဇာတပေါကြွယ်ဝခြင်း၊ ပြင်ပနိုင်ငံခြားရင်းနှီးမြုပ်နှံမှု မြှင့်တက်လာခြင်း၊ လှပသော သဘာဝပတ်ဝန်းကျင် များပြားနေခြင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ကြခြင်း၊ ရှားပါးတောရိုင်း တိရိစ္ဆာန်ရှိ နေခြင်းတို့ကြောင့် ကချင်ပြည်နယ်သည် တန်ဖိုးမဖြတ်နိုင်ဘဲ လေခံ၊ ရေခံ၊ မြေခံကောင်းမွန်သည့် ပြည်နယ်ဖြစ်သည်။
ယခုလို ဖြစ်တည်နေသော ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံအတွင်းရှိ အခြားသော တို်င်းနှင့် ပြည်နယ်များနှင့် မတူဘဲ ထူးခြားဖြစ်စဉ်များ သည် နှစ်စဉ်၊ လစဉ် မရိုးနိုင်အောင်ပင် ရှိနေသည်ကို သတိထားမိသည်။ အကျဉ်းပြောရမည်ဆိုလျှင် မှုခင်း ဖြစ်စဉ်များ၊ ဆွေးနွေးပွဲများနှင့် ဆန္ဒထုတ်ဖေါ်မှုများအပါအဝင် အခြားသော ဖြစ်စဉ်မျိုးများလည်း ဖြစ်နေကြသည် ကို သတိထားမိသည်။
ဤနေရာမှာ နှစ်စဉ်နှစ်တို်င်းလို သက်ဆိုင်ရာအုပ်ချုပ်သူများနှင့် လူထုတို့ကြား ထိပ်တိုက်ကြုံတွေ့နေကြသည့် အကြောင်း ကိစ္စတစ်ခုကို ဦးတည်ချက် (Focus)ထားပြီး ရေးသားတင်ပြရမည်ဆိုလျှင် လတ်တလော မြစ်ကြီးနား မြို့တွင်းမှာ ဖြစ်ပွားခဲ့သည့် ငြိမ်း၊ စု၊ စီ ပုဒ်မဖြင့် တရားစွဲဆိုခြင်း၊ ယင်းစွဲဆိုခြင်းကို တရားရုံးကြားနာခြင်း၊ အမိန့်ချ ခြင်းများအကြောင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြစ်ကြီးနားမြို့မှာနည်းတူ အခြားသော ဒေသများတွင်လည်း သက်ဆိုင်ရာ အကြောင်း အရာအလိုက် ကွဲလွဲ၍ ဆန္ဒထုတ်ဖေါ်မှုများရှိနေသော်လည်း ယင်းဆန္ဒထုတ်ဖေါ်ပွဲများနှင့်မတူညီသည်မှာ ဆန္ဒ ထုတ်ဖေါ်မှု ပွဲတိုင်းလိုလိုမှာ မြစ်ကြီးနား၌ ပြုလုပ်သည့် ဆန္ဒပြပွဲများသည် ရဲတပ်ဖွဲ့၏ ငြိမ်း၊ စု၊ စီ ဥပဒေအရ တရား စွဲဆိုခံနေရသူ များနေကြောင်းကို လူတိုင်းကြားသိခဲ့မည်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ အခန်း(၈) ပုဒ်မ ၃၅၄၊ ပုဒ်မခွဲငယ်(က)တွင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ် ဖေါ်ခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ ပုဒ်မခွဲငယ် (ခ) တွင် လက်နက်အမပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ရှိကြောင်း ပြဌာန်းထားသည်။
ထို ဖွဲ့စည်းပုံအခြေခံဥပဒေဖေါ်ပြချက်အရ နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်နှင့်အညီ မိမိတို့၏ ခံစားချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ရေးသား၊ ပြောဆို၊ ထုတ်ဖေါ်ခွင့်ရှိသည်။ ဤအချက်များကို ကြည့်ခြင်း အားဖြင့် လက်ရှိ ကချင်လူငယ်အဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံပါ ပြဌာန်းချက်အတိုင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ဤကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသော် ရဲတပ် ဖွဲ့က အဘယ်ကြောင့် တရားစွဲဆိုနေသနည်းဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ဆန္ဒထုတ် ဖေါ်မှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်ခြင်းကို မည်သည့်နေရာမှာ ပင်ဖြစ်စေ လူအများစု စုဝေးခြင်း၊ စီတန်းခြင်း၊ ဟောပြော ခြင်း၊ မိမိခံစားချက်ကို စုဝေးထုတ်ဖေါ်ခြင်း အစရှိသည်များကို လုပ်ဆောင်ရာတွင် ငြိမ်း၊ စု၊ စီတင်ပြပြီးမှ လုပ်ဆောင်ရမည်ဟု ပြဌာန်းထားသည်။
ဆိိုလိုရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပြဌာန်းချက်သည် နိုင်ငံသားတိုင်း လိုက်နာရမည့် ပင်မ ဥပဒေ ဖြစ်သလို ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ပြဌာန်းထားသည့် သက်ဆို်င်ရာအလိုက် နည်းဥပဒေကဲ့သို့ သော လုပ်ဆောင်ချက်တိုင်း လိုက်နာရမည့် ဥပဒေအသီးသီးရှိပေသည်။
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီပြည့်ဝခံစားရသော နိုင်ငံများနှင့် ဒီမိုကရေစီမထွန်းကားသေးသောနိုင်ငံများ၊ ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းနေဆဲ နိုင်ငံများတွင် အုပ်ချုပ်သူများနှင့် နိုင်ငံသူ၊ နို်င်ငံသားများအကြားမှာ ခြားနားမှုများရှိနိုင်သည်။ ထို့ကြောင့် အဓိက ဆိုလိုရင်းသည် မည်သည့် လှုပ်ရှားမှုမဆို ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ရမှာဖြစ်သည်။ ဖေါ်ပြထားသည့်အတိုင်း လုပ်ဆောင်ရ မည်ဖြစ်သည်။
လတ်တလော ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဖြစ်စဉ်များကို ကြည့်လျှင် လုပ်ဆောင်သူများနှင့် ဆောင် ရွက်ရခြင်း၏ ရည်ရွယ်ချက် ကောင်းမွန်သော်လည်း လက်တွေ့လုပ်ဆောင်သည့် အချက်အပေါ် ကြည့်ပြီး ဥပဒေ နည်းလမ်းကျမကျကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ထို့ကြောင့် မည်သည့် နိုင်ငံ၌မဆို ယင်းနိုင်ငံ၏ ဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ၎င်းနိုင်ငံ အ တွင်းရှိ နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ကြောင်း သိစေလိုရင်း ဤဆောင်းပါးဖြင့် သတိပေး ဖေါ်ပြလိုက်ပါသည်။
ဗိုလ်ကျ
---------------------------------------------------------------------
No comments:
Post a Comment