Search

Sunday, September 8, 2019

ျမစ္ႀကီးနားၿမိဳ႕တြင္း ေဖာက္ထြင္းလုယက္သူမ်ားကုိ ရဲတပ္ဖြဲ႔မွ ေဖၚထုတ္ႏိုင္ခဲ့



ျမစ္ႀကီးနားၿမိဳ႕တြင္း ေဖာက္ထြင္းလုယက္သူမ်ားကုိ ရဲတပ္ဖြဲ႔မွ ေဖၚထုတ္ႏိုင္ခဲ့

EPN
ေဆာင္းပါး၊ စက္တင္ဘာ ၈
(ဗုိလ္က်ေရးသားသည္)

ကခ်င္ျပည္နယ္၏ ၿမိဳ႕ေတာ္ႀကီးျဖစ္ေသာ ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ ကေမၻာဇဘဏ္ခြဲကို ေဖာက္ထြင္းခဲ့ေသာ ေဖာက္ထြင္းမႈ အပါအဝင္ လုယက္မႈႀကီးမ်ားတြင္ ပါဝင္က်ဴးလြန္ခဲ့သူလူတစ္စုကုိ ယခုရက္ပုိင္းတြင္းမွာ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႔က ေဖၚထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထုိသတင္းသည္ ျပည္သူလူထုမ်ားက ေမွ်ာ္လင့္ခဲ့ရေသာ သတင္းေကာင္းတစ္ခုဟု ဆုိလည္း မွားမည္မထင္။ ထိုအမႈႀကီးမ်ားကုိ ေဖၚထုတ္ႏိုင္ခဲ့မႈတြင္ ရပ္ကြက္ေန လူထုပါဝင္ခဲ့သည္ဟု ဆိုသည္။

ယခုအမႈတြင္ ပါ ဝင္ကူညီေပးခဲ့ေသာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ပါဝင္ခဲ့သူလူခ်ိဳ႕ကုိ ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔က အသိအမွတ္ျပဳ ဂုဏ္ျပဳေပးသည့္ အခမ္းအနားကုိ ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ျမစ္ႀကီးနားၿမိဳ႕၊ ၿမိဳ႕သစ္ ႀကီးရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ျပဳလုပ္ခဲ့သည္။

ထို႔အျပင္ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႔၏ လုပ္ၿခဳံေရးေဆာင္ရြက္ခ်က္မ်ားႏွင့္ တရားဥပေဒစိုးမိုးေရး ေဆာင္ ရြက္ခ်က္မ်ားအား အားရေက်နပ္မိသည့္အတြက္ ရဲတပ္ဖြဲ႔အား ျမစ္ႀကီးနားၿမိဳ႕ ျပည္သူလူထုမွ ဂုဏ္ျပဳ သည့္ အခမ္းအနားကုိ ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔မွဴးရုံးရွိ အစည္းအေဝးခန္းမတြင္ စက္တာဘာလ ၆ ရက္ ေန႔က ျပဳလုပ္ခဲ့သည္။

ယခု ရဲတပ္ဖဲ႔ြအား လူထုမွ ဂုဏ္ျပဳသည့္ အခမ္းအနားမ်ိဳးကုိ လြန္ခဲ့ေသာ ကာလမ်ား မႀကဳံခဲ့ဖူးသည့္ အခမ္းအနားတစ္ခုလို႔ ဆိုလိုေသာ္ မွားႏုိင္မည္ေလာ။ ထိုအခမ္းအနားကုိ ျမစ္ႀကီးနားၿမိဳ႕၌ ၿမိဳ႕မိၿမိဳ႕ဖ အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေနထုိုင္ေဆာင္ရြက္ခဲ့သည့္ ဦးေဇာ္ဂ်ာမွ ဦးေဆာင္ၿပီး လူထု၊ လုပ္ငန္းရွင္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့သည္။

ယခု ဂုဏ္ျပဳဆုခ်ီးျမွင့္ျခင္းသည္ ဂုဏ္ျပဳထုိက္သူမ်ားအား ဂုဏ္ျပဳျခင္းပင္ ျဖစ္သည္။ အဘယ္ေၾကာင့္ဆုိေသာ္ ကခ်င္ျပည္နယ္အတြင္း ယခုကဲ့သုိ႔ ေငြပမာဏမ်ားျပားသည့္ ေဖာက္ထြင္း လုယက္မႈမ်ားသည္ ေလ့လာမွတ္သားထားသေလာက္ အျခားေသာ အမႈျဖစ္စဥ္မရွိေၾကာင္း ေလ့လာသိရွိ ရသည္။
ဤေနရာ ဒီထက္ အျခားလုယက္မႈမ်ား (ေဖာက္ထြင္း၊ လုယက္မႈမွအပ အျခားမႈခင္းမပါ) ရွိခဲ့ ေသာ္လည္း မိမိအေနျဖင့္ ေလ့လာမႈ အားနည္းျခင္းေၾကာင့္ ျဖစ္သည္ဟု ေဖၚျပလိုပါသည္။

ယခုလို အမႈႀကီးမ်ားကို ေဖၚထုတ္ႏုိင္ခဲ့ေသာ ရဲတပ္ဖြဲ႔ဝင္မ်ားလည္း ျပည္နယ္အစိုးရအေနျဖင့္ ဂုဏ္ျပဳ ဆုခ်ီးျမွင့္ျခင္းျဖင့္ အသိအမွတ္ျပဳသင့္သည္။ အဘယ္ေၾကာင့္နည္းဆုိေသာ္ ယခု အမႈတြင္ပါဝင္သည့္ ကေမၻာဇဘဏ္ခြဲကို ေဖာက္ထြင္းခဲ့မႈသည္မွာ တစ္ႏွစ္ေက်ာ္ရွိေနၿပီး သိန္း ၉၀၀ေက်ာ္ လုယက္ခံခဲ့ရ သည့္အမႈျဖစ္သည္။ ယင္းအမႈအပါအဝင္ လူထုစိတ္ဝင္စားေနေသာ ေငြလုယက္မႈမ်ားကို ေဖၚထုတ္ ႏုိင္ခဲ့သည့္ ရဲတပ္ဖြဲ႔ကုိ ျပည္နယ္အစိုးရအေနျဖင့္ေသာ္လည္းေကာင္း၊ ႏုိင္ငံေတာ္အဆင့္အေနျဖင့္ ေသာ္လည္းေကာင္း အသိအမွတ္ျပဳသင့္ေၾကာင္း ေဖၚျပလိုေပသည္။ ျဖစ္စဥ္အက်ဥ္းကို ေျပာရမည္ဆိုလွ်င္ ၾသဂုတ္လ ၂၇ ရက္ေန႔ မနက္ ၉ နာရီခြဲအခ်ိန္ခန႔္က ျမစ္ႀကီးနား ၿမိဳ႕၊ ၿမိဳ႕သစ္ႀကီးရပ္ကြက္၊ ေနာင္ခမ္းရွမ္း႐ြာေန ေဒၚလုနန္သည္ ျမစ္ႀကီးနားေစ်းႀကီးသို႔ ဆိုင္ကယ္ျဖင့္ ထြက္လာရာရြာအတြင္းရိွ မာန္ေဘာ္ဒါေဆာင္ေရွ႕အေရာက္တြင္ xxxသည္ ဆိုင္ကယ္ျဖင့္ေနာက္မွ လိုက္ပါလာၿပီး ပိုက္ဆံအိတ္ကုိ လုယက္ခဲ့ရာ ၎မွ ေအာ္ဟစ္အကူအညီေတာင္းရာအနီးရိွ ရပ္ကြက္ေနသူမ်ားက ဝုိင္းဝန္းဖမ္းဆီးႏုိင္ခဲ့သည္။

အဆုိပါ xxxသည္ ေရွ႕မွ ဆိုင္ကယ္ျဖင့္ ထြက္ေျပးရာလမ္းတြင္တံတားျပင္ရန္ ေျမာင္းတူးထား ၍ ေနာက္ျပန္လွည့္အလာ ေဒၚလုနန္နွင့္ဆိုင္ကယ္ခ်င္း တိုက္မိစဥ္ ေနာက္မွ လိုက္ပါလာသည့္ ရပ္ ကြက္ျပည္သူအခ်ိဳ႕တို႔က ဝိုင္းဝန္းဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႔မွတ္တမ္းအရ သိရသည္။ ထုိသူကုိ မသကၤကာဖြယ္ေငြေၾကးသုံးစြဲမႈမ်ားေၾကာင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမင့္မိုး ကုိယ္တိုင္ဦးစီးၿပီး စစ္ေဆးေမးျမန္းရာ အမ်ိဳးသမီးတစ္ဦးထံမွ ေငြ ၂၃၀ သိန္းကုိ လုယက္ခဲ့သည့္အမႈ ေပၚေပါက္ခဲ့သည္။

ထိုစစ္ေဆးေပၚေပါက္ခ်က္အရ က်ဴးလြန္သူမ်ားကို ဖမ္းဆီးႏုိင္ခဲ့ရာ ၎ထံမ်ားမွ ကေမၻာဇဘဏ္ခြဲကုိ ေဖာက္ထြင္းမႈႏွင့္ အျခားၿမိဳ႕တြင္း လုယက္မႈႀကီးမ်ားကို ေပၚေပါက္ခဲ့သည္ဟု ရဲတပ္ဖြဲ႔က ေျပာသည္။

လက္ရွိ ျမစ္ႀကီးနားၿမိဳ႕တြင္ ပူပူေႏြးေႏြးျဖစ္ေနေသာ အမႈမွာ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ(၆)ေန႔၊ ေန႔ခင္း တစ္နာရီအခ်ိန္ခန္႔က တပ္ကုန္းရပ္ကြက္၊ အိမ္အမွတ္(၆၉) ဧဒင္နယ္ေျမေနသူ ေဒၚဇံုးဝမ္သည္၎၏ ကိုယ္ပိုင္ယာဥ္ျဖင့္ ကေမၻာဇဘဏ္မွ ေငြက်ပ္သိန္း ၂၃၀ အား ထုတ္ယူၿပီးေနအိမ္သို႔ ညေန ၄ နာရီခန႔္ ျပန္လည္ေရာက္ရွိစဥ္ေနအိမ္အျပင္ဘက္၌ လူငယ္(၃)ဦးသည္ အျဖဴေရာင္ Honda Fitျဖင့္ ေရာက္ရွိ လာၿပီး ေဒၚဇုံးဝမ္ကုိ ဓားေထာက္၍ ပါလာေသာ ေငြမ်ားကုိ လုယက္သြားသည့္ အမႈျဖစ္သည္။

အဆိုပါ ၿမိဳ႕သစ္ႀကီးရပ္ကြက္မွ လုယက္မႈေၾကာင့္ ဖမ္းဆီးခဲ့မိသည့္ xxx သည္ ယင္းေငြသိန္း ၂၃၀ လု ယက္မႈတြင္ ပါဝင္သူတစ္ဦးျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
ထို႔ေနာက္ ၎ကို ဥပေဒလုပ္ ထုံးလုပ္နည္းအတုိင္း စစ္ေဆးေဆာင္ရြက္ႏုိင္ခဲ့ျခင္းျဖင့္ ကြင္းဆက္က်ဴးလြန္သူမ်ားကို ေဖၚထုတ္ႏိုင္ ခဲ့သည္။ ျမစ္ႀကီးနားၿမိဳ႕တြင္ ျဖစ္ေပၚခဲ့ေသာ အမႈႀကီးမ်ားသည္ ကေမၻာဇဘဏ္မွ ေငြထုတ္ၿပီးကားျဖင့္ ျပန္လာ သည့္ ေဒၚဇုမ္းဝမ္ထံမွ ေငြ ၂၃၀ သိန္း လုယူမႈ၊ ကေမၻာဇဘဏ္မွ ဆိုင္ကယ္ျဖင့္ ေငြထုတ္ၿပီး ျပန္လာ သည့္ ေဒၚျမစိုး ထံမွ ေငြ သိန္း ၁၀၀ က်ပ္ အားလုယူမႈ၊ ျမစ္ႀကီးနားၿမိဳ႕မေစ်း အေပၚထပ္တြင္ဖြင့္လွစ္ထားသည့္ ကေမၻာဇ မီနီဘဏ္မွ ေငြ သိန္း ၉၂၀ က်ပ္အားလုယက္မႈ၊ ေနအိမ္သို႔ျပန္လာသည့္ ကို ေက်ာ္ေဝထံမွ ေနအိမ္ေ႐ွ႕အေရာက္တြင္ ေငြ သိန္း ၄၈၀ လုယူမႈတို႔၏ အမႈမ်ားကုိ ေဖၚထုတ္ႏိုင္ခဲ့ျခင္း ျဖစ္သည္ဟု ရဲတပ္ဖြဲ႔မွ သိရသည္။

ယခု မႈခင္းေဖၚထုတ္ႏုိင္မႈတြင္ ရဲတပ္ဖြဲ႔ႏွင့္ ျပည္သူလူထုတို႔မွ ပူးေပါင္းျခင္းျဖင့္ ေဖၚထုတ္ႏုိင္ခဲ့ျခင္း ဟုလည္း ဆိုရမည္ပင္ျဖစ္သည္။ ျပည္နယ္အစိုးရအဖြဲ႔၊ အရပ္ဖက္အဖြဲ႔အစည္းႏွင့္ ရဲတပ္ဖြဲ႔တို႔က ေဆြးေႏြးပြဲမ်ားတြင္ လည္းေကာင္း၊ မႈခင္းႀကိဳတင္ကာကြယ္ေရးလုပ္ငန္းေဆာင္ရြက္ရာ၌ေသာ္လည္းေကာင္း၊ ေဒသတြင္း တရားဥပေဒစိုးမုိးေရးေဆာင္ရြက္ရာတြင္ ရဲတပ္ဖြဲ႔ႏွင့္ ျပည္သူလူထုတို႔ ပူးေပါင္းမွသာလွ်င္ လုပ္ေဆာင္ႏုိင္မည္ ျဖစ္ေၾကာင္း မၾကာခဏေျပာေလ့ရွိသည္။

ထုိ႔အျပင္ ယခုလို လူထုစိတ္ဝင္စားေနေသာ ေဖာက္ထြင္းလုယက္မႈမ်ားကုိ ေဖၚထုတ္ႏုိင္ခဲ့ျခင္းသည္ ရဲတပ္ဖြဲ႔မွ ေန႔၊ ည လုံၿခဳံေရးႏွင့္ မႈခင္းက်ဆင္းေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ေနျခင္းေၾကာင့္ ယခုကဲ့သုိ႔ သံသယတရားခံမ်ားကုိ ေစာင့္ၾကည့္ၿပီး မသကၤာဖြယ္သူမ်ားကုိ ေစာင့္ၾကည့္ၿပီး ခိုင္လုံၿပီ ဆိုကာမွ ဖမ္းဆီး၍ စစ္ေဆးႏုိင္ခဲ့ျခင္းျဖစ္သည္။

ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔မွ ျမစ္ႀကီးနားၿမိဳ႕တြင္း လုံၿခဳံေရးေဆာင္ရြက္မႈသည္ တစ္ႏွစ္ၿပီးတစ္ႏွစ္ တုိးျမွင့္လာၿပီး မႈခင္းေဆာင္ရြက္ျခင္းသည္လည္း ပုိမိုလုပ္ေဆာင္လာသည္။ ကခ်င္ျပည္နယ္တြင္ မူးယစ္ေဆး ဖမ္းဆီးမႈ၊ လုယက္မႈဖမ္းဆီးရမိမႈသည္ တစ္ႏွစ္ထက္တစ္ႏွစ္တိုးျမွင့္လာၿပီး မႈခင္းျဖစ္ပြားမႈေလွ်ာ့က်လာ သည္ကို ေတြ႔ရသည္။ ထို႔အျပင္ မႈခင္းႀကိဳတင္ကာကြယ္မႈအျဖစ္ ေက်ာင္း၊ ၿမိဳ႕ရြာ ေသဒမ်ားတြင္ ေဟာေျပာပြဲမ်ားကိုလည္း လစဥ္၊ အပတ္စဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

အစိုးရဌာနမ်ားတြင္ ရဲတပ္ဖဲ႔ြသည္ ေန႔စဥ္ပိ္တ္ရက္မရွိ ၂၄ နာရီအခ်ိန္ျပည့္ တာဝန္ထမ္းေဆာင္ေနရ သည့္ ဌာနတစ္ခုအပါဝင္ျဖစ္သလို ရဲတပ္ဖြဲ႔ဝင္မ်ားအေနျဖင့္လည္း မိမိက်ရာ တာဝန္ကို ၂၄ နာရီအခ်ိန္ ျပည့္ တာဝန္ထမ္းေဆာင္ရသည္။

လက္ရွိ ကခ်င္ျပည္နယ္၏ ရဲတပ္ဖြဲ႔ဝင္ အင္အားသည္ ျပည္သူလူထု ႏွင့္ အခ်ိဳးက်လွ်င္ အရမ္းကို နည္းသည္ဟု ဆုိသည္။ ရဲတပ္ဖြဲ႔ဝင္တစ္ဦးသည္ ျပည္သူ ရွစ္ရာေက်ာ္အ ခ်ိ္ဳးက်ေနေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ တာဝန္ရွိသူမ်ားက ေျပာသည္။

သို႔ေသာ္ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႔အေနျဖင့္ ရဲတပ္ဖြဲ႔ အင္အားနည္းျခင္း၊ မ်ားျခင္းကုိ ပဓာနမထားဘဲ ျပည္သူလူထုမ်ား၏ အသက္အိုးအိမ္၊ စည္းစိမ္မ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္အလို႔ငွာ ေန႔ညအခ်ိန္ မေရြး၊ ေနရာေဒသမေရြး မိမိအသက္ကုိပင္ ပဓာနမထားဘဲ တာဝန္ထမ္းေဆာင္ေနေသာ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႔၏ လုပ္ေဆာင္ခ်က္မ်ားကုိ ဂုဏ္ျပဳေလးစားပါေၾကာင္း ေဖၚျပေရးသားလိုက္ရေပသည္။

ဗိုလ္က်
-------------------------------------------------------------------------


မြစ်ကြီးနားမြို့တွင်း ဖောက်ထွင်းလုယက်သူများကို ရဲတပ်ဖွဲ့မှ ဖေါ်ထုတ်နိုင်ခဲ့

EPN
ဆောင်းပါး၊ စက်တင်ဘာ ၈
(ဗိုလ်ကျရေးသားသည်)


ကချင်ပြည်နယ်၏ မြို့တော်ကြီးဖြစ်သော မြစ်ကြီးနားမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဖောက်ထွင်းခဲ့သော ဖောက်ထွင်းမှု အပါအဝင် လုယက်မှုကြီးများတွင် ပါဝင်ကျူးလွန်ခဲ့သူလူတစ်စုကို ယခုရက်ပိုင်းတွင်းမှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသတင်းသည် ပြည်သူလူထုများက မျှော်လင့်ခဲ့ရသော သတင်းကောင်းတစ်ခုဟု ဆိုလည်း မှားမည်မထင်။ ထိုအမှုကြီးများကို ဖေါ်ထုတ်နိုင်ခဲ့မှုတွင် ရပ်ကွက်နေ လူထုပါဝင်ခဲ့သည်ဟု ဆိုသည်။

ယခုအမှုတွင် ပါ ဝင်ကူညီပေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပါဝင်ခဲ့သူလူချို့ကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့က အသိအမှတ်ပြု ဂုဏ်ပြုပေးသည့် အခမ်းအနားကို သြဂုတ်လ ၃၀ ရက်နေ့မှာ မြစ်ကြီးနားမြို့၊ မြို့သစ် ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။



ထို့အပြင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ လုပ်ခြုံရေးဆောင်ရွက်ချက်များနှင့် တရားဥပဒေစိုးမိုးရေး ဆောင် ရွက်ချက်များအား အားရကျေနပ်မိသည့်အတွက် ရဲတပ်ဖွဲ့အား မြစ်ကြီးနားမြို့ ပြည်သူလူထုမှ ဂုဏ်ပြု သည့် အခမ်းအနားကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် စက်တာဘာလ ၆ ရက် နေ့က ပြုလုပ်ခဲ့သည်။

ယခု ရဲတပ်ဖဲ့ွအား လူထုမှ ဂုဏ်ပြုသည့် အခမ်းအနားမျိုးကို လွန်ခဲ့သော ကာလများ မကြုံခဲ့ဖူးသည့် အခမ်းအနားတစ်ခုလို့ ဆိုလိုသော် မှားနိုင်မည်လော။ ထိုအခမ်းအနားကို မြစ်ကြီးနားမြို့၌ မြို့မိမြို့ဖ အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ဆောင်ရွက်ခဲ့သည့် ဦးဇော်ဂျာမှ ဦးဆောင်ပြီး လူထု၊ လုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ယခု ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကချင်ပြည်နယ်အတွင်း ယခုကဲ့သို့ ငွေပမာဏများပြားသည့် ဖောက်ထွင်း လုယက်မှုများသည် လေ့လာမှတ်သားထားသလောက် အခြားသော အမှုဖြစ်စဉ်မရှိကြောင်း လေ့လာသိရှိ ရသည်။

ဤနေရာ ဒီထက် အခြားလုယက်မှုများ (ဖောက်ထွင်း၊ လုယက်မှုမှအပ အခြားမှုခင်းမပါ) ရှိခဲ့ သော်လည်း မိမိအနေဖြင့် လေ့လာမှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဖေါ်ပြလိုပါသည်။

ယခုလို အမှုကြီးများကို ဖေါ်ထုတ်နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များလည်း ပြည်နယ်အစိုးရအနေဖြင့် ဂုဏ်ပြု ဆုချီးမြှင့်ခြင်းဖြင့် အသိအမှတ်ပြုသင့်သည်။ အဘယ်ကြောင့်နည်းဆိုသော် ယခု အမှုတွင်ပါဝင်သည့် ကမ္ဘောဇဘဏ်ခွဲကို ဖောက်ထွင်းခဲ့မှုသည်မှာ တစ်နှစ်ကျော်ရှိနေပြီး သိန်း ၉၀၀ကျော် လုယက်ခံခဲ့ရ သည့်အမှုဖြစ်သည်။ ယင်းအမှုအပါအဝင် လူထုစိတ်ဝင်စားနေသော ငွေလုယက်မှုများကို ဖေါ်ထုတ် နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ကို ပြည်နယ်အစိုးရအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် သော်လည်းကောင်း အသိအမှတ်ပြုသင့်ကြောင်း ဖေါ်ပြလိုပေသည်။ ဖြစ်စဉ်အကျဉ်းကို ပြောရမည်ဆိုလျှင် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က မြစ်ကြီးနား မြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နောင်ခမ်းရှမ်းရွာနေ ဒေါ်လုနန်သည် မြစ်ကြီးနားဈေးကြီးသို့ ဆိုင်ကယ်ဖြင့် ထွက်လာရာရွာအတွင်းရှိ မာန်ဘော်ဒါဆောင်ရှေ့အရောက်တွင် xxxသည် ဆိုင်ကယ်ဖြင့်နောက်မှ လိုက်ပါလာပြီး ပိုက်ဆံအိတ်ကို လုယက်ခဲ့ရာ ၎င်းမှ အော်ဟစ်အကူအညီတောင်းရာအနီးရှိ ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ xxxသည် ရှေ့မှ ဆိုင်ကယ်ဖြင့် ထွက်ပြေးရာလမ်းတွင်တံတားပြင်ရန် မြောင်းတူးထား ၍ နောက်ပြန်လှည့်အလာ ဒေါ်လုနန်နှင့်ဆိုင်ကယ်ချင်း တိုက်မိစဉ် နောက်မှ လိုက်ပါလာသည့် ရပ် ကွက်ပြည်သူအချို့တို့က ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။ ထိုသူကို မသင်္ကကာဖွယ်ငွေကြေးသုံးစွဲမှုများကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုး ကိုယ်တိုင်ဦးစီးပြီး စစ်ဆေးမေးမြန်းရာ အမျိုးသမီးတစ်ဦးထံမှ ငွေ ၂၃၀ သိန်းကို လုယက်ခဲ့သည့်အမှု ပေါ်ပေါက်ခဲ့သည်။

ထိုစစ်ဆေးပေါ်ပေါက်ချက်အရ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခဲ့ရာ ၎င်းထံများမှ ကမ္ဘောဇဘဏ်ခွဲကို ဖောက်ထွင်းမှုနှင့် အခြားမြို့တွင်း လုယက်မှုကြီးများကို ပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

လက်ရှိ မြစ်ကြီးနားမြို့တွင် ပူပူနွေးနွေးဖြစ်နေသော အမှုမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၆)နေ့၊ နေ့ခင်း တစ်နာရီအချိန်ခန့်က တပ်ကုန်းရပ်ကွက်၊ အိမ်အမှတ်(၆၉) ဧဒင်နယ်မြေနေသူ ဒေါ်ဇုံးဝမ်သည်၎င်း၏ ကိုယ်ပိုင်ယာဉ်ဖြင့် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၂၃၀ အား ထုတ်ယူပြီးနေအိမ်သို့ ညနေ ၄ နာရီခန့် ပြန်လည်ရောက်ရှိစဉ်နေအိမ်အပြင်ဘက်၌ လူငယ်(၃)ဦးသည် အဖြူရောင် Honda Fitဖြင့် ရောက်ရှိ လာပြီး ဒေါ်ဇုံးဝမ်ကို ဓားထောက်၍ ပါလာသော ငွေများကို လုယက်သွားသည့် အမှုဖြစ်သည်။

အဆိုပါ မြို့သစ်ကြီးရပ်ကွက်မှ လုယက်မှုကြောင့် ဖမ်းဆီးခဲ့မိသည့် xxx သည် ယင်းငွေသိန်း ၂၃၀ လု ယက်မှုတွင် ပါဝင်သူတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့နောက် ၎င်းကို ဥပဒေလုပ် ထုံးလုပ်နည်းအတိုင်း စစ်ဆေးဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ကွင်းဆက်ကျူးလွန်သူများကို ဖေါ်ထုတ်နိုင် ခဲ့သည်။ မြစ်ကြီးနားမြို့တွင် ဖြစ်ပေါ်ခဲ့သော အမှုကြီးများသည် ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီးကားဖြင့် ပြန်လာ သည့် ဒေါ်ဇုမ်းဝမ်ထံမှ ငွေ ၂၃၀ သိန်း လုယူမှု၊ ကမ္ဘောဇဘဏ်မှ ဆိုင်ကယ်ဖြင့် ငွေထုတ်ပြီး ပြန်လာ သည့် ဒေါ်မြစိုး ထံမှ ငွေ သိန်း ၁၀၀ ကျပ် အားလုယူမှု၊ မြစ်ကြီးနားမြို့မဈေး အပေါ်ထပ်တွင်ဖွင့်လှစ်ထားသည့် ကမ္ဘောဇ မီနီဘဏ်မှ ငွေ သိန်း ၉၂၀ ကျပ်အားလုယက်မှု၊ နေအိမ်သို့ပြန်လာသည့် ကို ကျော်ဝေထံမှ နေအိမ်ရှေ့အရောက်တွင် ငွေ သိန်း ၄၈၀ လုယူမှုတို့၏ အမှုများကို ဖေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ယခု မှုခင်းဖေါ်ထုတ်နိုင်မှုတွင် ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့မှ ပူးပေါင်းခြင်းဖြင့် ဖေါ်ထုတ်နိုင်ခဲ့ခြင်း ဟုလည်း ဆိုရမည်ပင်ဖြစ်သည်။ ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ရဲတပ်ဖွဲ့တို့က ဆွေးနွေးပွဲများတွင် လည်းကောင်း၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌သော်လည်းကောင်း၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့ ပူးပေါင်းမှသာလျှင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း မကြာခဏပြောလေ့ရှိသည်။

ထို့အပြင် ယခုလို လူထုစိတ်ဝင်စားနေသော ဖောက်ထွင်းလုယက်မှုများကို ဖေါ်ထုတ်နိုင်ခဲ့ခြင်းသည် ရဲတပ်ဖွဲ့မှ နေ့၊ ည လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းကြောင့် ယခုကဲ့သို့ သံသယတရားခံများကို စောင့်ကြည့်ပြီး မသင်္ကာဖွယ်သူများကို စောင့်ကြည့်ပြီး ခိုင်လုံပြီ ဆိုကာမှ ဖမ်းဆီး၍ စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ မြစ်ကြီးနားမြို့တွင်း လုံခြုံရေးဆောင်ရွက်မှုသည် တစ်နှစ်ပြီးတစ်နှစ် တိုးမြှင့်လာပြီး မှုခင်းဆောင်ရွက်ခြင်းသည်လည်း ပိုမိုလုပ်ဆောင်လာသည်။ ကချင်ပြည်နယ်တွင် မူးယစ်ဆေး ဖမ်းဆီးမှု၊ လုယက်မှုဖမ်းဆီးရမိမှုသည် တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်လာပြီး မှုခင်းဖြစ်ပွားမှုလျှော့ကျလာ သည်ကို တွေ့ရသည်။ ထို့အပြင် မှုခင်းကြိုတင်ကာကွယ်မှုအဖြစ် ကျောင်း၊ မြို့ရွာ သေဒများတွင် ဟောပြောပွဲများကိုလည်း လစဉ်၊ အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အစိုးရဌာနများတွင် ရဲတပ်ဖဲ့ွသည် နေ့စဉ်ပိတ်ရက်မရှိ ၂၄ နာရီအချိန်ပြည့် တာဝန်ထမ်းဆောင်နေရ သည့် ဌာနတစ်ခုအပါဝင်ဖြစ်သလို ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိကျရာ တာဝန်ကို ၂၄ နာရီအချိန် ပြည့် တာဝန်ထမ်းဆောင်ရသည်။

လက်ရှိ ကချင်ပြည်နယ်၏ ရဲတပ်ဖွဲ့ဝင် အင်အားသည် ပြည်သူလူထု နှင့် အချိုးကျလျှင် အရမ်းကို နည်းသည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပြည်သူ ရှစ်ရာကျော်အ ချိုးကျနေကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက ပြောသည်။

သို့သော် ကချင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ အင်အားနည်းခြင်း၊ များခြင်းကို ပဓာနမထားဘဲ ပြည်သူလူထုများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ နေ့ညအချိန် မရွေး၊ နေရာဒေသမရွေး မိမိအသက်ကိုပင် ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေသော ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ဂုဏ်ပြုလေးစားပါကြောင်း ဖေါ်ပြရေးသားလိုက်ရပေသည်။

ဗိုလ်ကျ

No comments:

Popular Posts