Search
Monday, September 2, 2019
လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်ခိုးယူလာသူ တစ်ဦးအား ဖမ်းဆီးရမိ
လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်ခိုးယူလာသူ တစ်ဦးအား ဖမ်းဆီးရမိ
EPN
မိုးညှင်း၊ စက်တင်ဘာ ၂
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ရဲကင်းစခန်းပိုင် နယ်မြေတွင် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်ခိုးယူလာသူတစ်ဦး ကို ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ(၁)ရက်နေ့ နေ့ လယ်၂နာရီခွဲ ချိန်ခန့် က မော်ဟန်ရဲကင်းစခန်းမှူး ရဲအုပ်ကျော်ညွန့် ဝင်း တပ်ကြပ် နေမျိုးသူရတို့ သည် သက်သေများဖြစ်သော မော်ဟန် ကျေးရွာ မော်ပင့်ရပ်ကွက် တာဝန်ခံ ဦးရန်မျိုးနိုင်၊ ရာအိမ်မှူး ဦးအောင်ကျော်စိုးအဖွဲ့တို့ နှင့်အတူ ကျေးရွာနယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်မော်ဟန်-နမ္မချီကျောက်စိမ်းမှော်သွားလမ်း နန့် ပင့်လမ်းခွဲသို့ ရောက်ရှိစဉ် မော်ဟန်ကျေးရွာနေ အောင်ဆန်းဦးဆိုသူသည် နမ္မချီမှော်ဘက်မှ မော်ဟန်ကျေးရွာဘက်သို့  KENBO-125 နီ/နက် ရောင် ဆိုင်ကယ်အား မသင်္ကာဖွယ်မောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် တားဆီးစစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်အား အောင်ဆန်းဦးအနေဖြင့်၎င်းပိုင်ဆိုင်သည့် အထောက်အထားတစ်စုံတစ်ရာမပြသနိုင်သည့် အတွက် အခြားတစ်နေရာမှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မော်ဟန်ရဲကင်းစခန်းမှူး ရဲအုပ်ကျော်ညွန့် ဝင်းမှ တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ဆန်းဦး၊ (၂၇)နှစ်၊ (ဘ)ဦးထွန်းဝေ ရွာမရပ်ကွက် မော်ဟန်ကျေးရွာ မိုးညှင်းမြို့နယ် နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ(ပ) ၁၅၀ /၂၀၁၉ ပုဒ်မ ၃၈၀/ကျင့် ၅၄ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မင်္ဂလာဦး
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment