Search

Sunday, September 22, 2019

အီရန္ကို တိုက္ခိုက္သည့္ႏိုင္ငံက အဓိက စစ္ေျမျပင္ျဖစ္လာမည္ဟု အီရန္ အသိေပး



အီရန္ကို တိုက္ခိုက္သည့္ႏိုင္ငံက အဓိက စစ္ေျမျပင္ျဖစ္လာမည္ဟု အီရန္ အသိေပး

EPN
ႏိုင္ငံတကာ၊ စက္တင္ဘာ ၂၂

အီရန္ကို တိုက္ခိုက္တဲ့ ဘယ္ႏုိင္ငံမဆို အဓိက စစ္ေျမျပင္ျဖစ္လာလိမ့္မယ္လို႕ စက္တင္ဘာ ၂၁ ရက္ေန႕မွာ အီရန္က သတိေပးေျပာၾကားလိုက္ပါတယ္။

ေဆာ္ဒီေရနံခ်က္စက္ရံုတိုက္ခိုက္ခံရျပီးေနာက္ အေမရိကန္ႏိုင္ငံက ပင္လယ္ေကြ႕ တပ္ဖြဲ႕၀င္ေတြ ေစလႊတ္ဖို႕ ညႊန္ၾကားခဲ့ျပီးေနာက္ အီရန္က အခုလို သတိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီေရ နံခ်က္စက္ရံုတိုက္ခိုက္ခံရျပီးေနာက္ အီရန္နဲ႕ အေမရိကန္ႏုိင္ငံတို႕ အေျခအေနတင္းမာမႈ ျမင့္တက္ လာခဲ့ပါတယ္။ အေမရိကန္ဘက္က ေဆာ္ဒီရဲ႕ ေတာင္းဆိုခ်က္အရ တပ္ဖြဲ႕၀င္ေတြေစလႊတ္တာျဖစ္ျပီး ေ၀ဟင္နဲ႕ ေလေၾကာင္းကာကြယ္ေရးအတြက္ အဓိက ရည္ရြယ္တာျဖစ္တယ္လို ေျပာၾကားထားပါတယ္။

အီရန္ စစ္တပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး ဟူစိန္ ဆလာမီကေတာ့ “အီရန္ဘက္က ဘယ္လို အေျခအေနမ်ိဳးအတြက္ ျဖစ္ျဖစ္ အသင့္ျဖစ္ေနျပီး ၄င္းတို႕ႏုိင္ငံကို အဓိက စစ္ေျမျပင္ျဖစ္ခ်င္တယ္ဆိုရင္ ဘယ္သူျဖစ္ျဖစ္ ဆက္လုပ္ပါ” လို႕ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားသြားခဲ့ပါတယ္။

အီရန္ႏိုင္ငံပိုင္နက္ကို ဘယ္လိုစစ္ပြဲပံုစံမ်ိဳးနဲ႕ျဖစ္ေစ ထိပါးခြင့္ျပဳမွာမဟုတ္ဘူးလို႕လည္း ဆလာမီက သတိေပးေျပာၾကားခဲ့ပါတယ္။

Ref;CNA
Iran issues 'battlefield' warning as US deploys troops
---------------------------------------------------------------------------------

အီရန်ကို တိုက်ခိုက်သည့်နိုင်ငံက အဓိက စစ်မြေပြင်ဖြစ်လာမည်ဟု အီရန် အသိပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

အီရန်ကို တိုက်ခိုက်တဲ့ ဘယ်နိုင်ငံမဆို အဓိက စစ်မြေပြင်ဖြစ်လာလိမ့်မယ်လို့ စက်တင်ဘာ ၂၁ ရက်နေ့မှာ အီရန်က သတိပေးပြောကြားလိုက်ပါတယ်။

ဆော်ဒီရေနံချက်စက်ရုံတိုက်ခိုက်ခံရပြီးနောက် အမေရိကန်နိုင်ငံက ပင်လယ်ကွေ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် အီရန်က အခုလို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ဆော်ဒီရေ နံချက်စက်ရုံတိုက်ခိုက်ခံရပြီးနောက် အီရန်နဲ့ အမေရိကန်နိုင်ငံတို့ အခြေအနေတင်းမာမှု မြင့်တက် လာခဲ့ပါတယ်။ အမေရိကန်ဘက်က ဆော်ဒီရဲ့ တောင်းဆိုချက်အရ တပ်ဖွဲ့ဝင်တွေစေလွှတ်တာဖြစ်ပြီး ဝေဟင်နဲ့ လေကြောင်းကာကွယ်ရေးအတွက် အဓိက ရည်ရွယ်တာဖြစ်တယ်လို ပြောကြားထားပါတယ်။

အီရန် စစ်တပ် ဗိုလ်ချုပ်မှူးကြီး ဟူစိန် ဆလာမီကတော့ “အီရန်ဘက်က ဘယ်လို အခြေအနေမျိုးအတွက် ဖြစ်ဖြစ် အသင့်ဖြစ်နေပြီး ၎င်းတို့နိုင်ငံကို အဓိက စစ်မြေပြင်ဖြစ်ချင်တယ်ဆိုရင် ဘယ်သူဖြစ်ဖြစ် ဆက်လုပ်ပါ” လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

အီရန်နိုင်ငံပိုင်နက်ကို ဘယ်လိုစစ်ပွဲပုံစံမျိုးနဲ့ဖြစ်စေ ထိပါးခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဆလာမီက သတိပေးပြောကြားခဲ့ပါတယ်။

Ref;CNA
Iran issues 'battlefield' warning as US deploys troops
 

No comments:

Popular Posts