EPN
ႏိုင္ငံတကာ၊ စက္တင္ဘာ ၂၆
ေတာင္ကိုရီးယားႏိုင္ငံမွာ ဆရာ၀န္က လူနာမွားျပီး ကိုယ္၀န္ဖ်က္ခ်မိလို႕ ကိုယ္၀န္ေဆာင္မိခင္တစ္ဦး ရင္ေသြးဆံုးရႈံးမႈျဖစ္ပြားခဲ့တယ္လို႕ ရဲဌာနက ေျပာပါတယ္။
ေတာင္ကိုရီးယားသတင္းေအဂ်င္စီတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ လူနာျဖစ္သူဟာ အာဟာရအတြက္ ေဆးထိုးဖို႕ ေဆးစာက ညႊန္ၾကားထားေပမယ့္ သူနာျပဳသူေတြက ၄င္းရဲ႕ ေဆးမွတ္တမ္းကို ေလ့လာျခင္းမရွိဘဲ ကိုယ္၀န္ဖ်က္ခ်တဲ့ေဆးထိုးေပးခဲ့တာျဖစ္ပါတယ္။
ဆရာ၀န္ျဖစ္သူကလည္း လူနာကို ေမးျမန္းျခင္းမရွိဘဲ ကိုယ္၀န္ဖ်က္ခ်တဲ့ ေဆာင္ရြက္မႈေတြလုပ္ကိုင္ခဲ့တယ္လို႕သိရပါတယ္။
ကိုယ္၀န္ေဆာင္အမ်ိဳးသမီးဟာ ေသြးဆင္းလာတာေၾကာင့္ ေနာက္ေန႕ ေဆးရံုထပ္မံျပသခဲ့ရာမွာ ကိုယ္၀န္ဖ်က္ခ်ခံခဲ့ရတာကို သိရွိခဲ့ပါတယ္။
အခုျဖစ္ရပ္အတြက္ သူနာျပဳဆရာမတစ္ဦးဟာ တရားစြဲဆိုခံခဲ့ရပါတယ္။
ေတာင္ကိုရီးယားႏုိင္ငံမွာ လက္ရွိဥပေဒအရ ကိုယ္၀န္ဖ်က္ခ်မႈဟာ အဓမၼမႈျဖစ္ရပ္ကလြဲရင္ တရားမ၀င္တဲ့ လုပ္ရပ္ျဖစ္ပါတယ္။ ဒါေပမယ့္ေတာင္ကိုရီးယားမွာ ကိုယ္၀န္ဖ်က္ခ်မႈေတြကို က်ယ္က်ယ္ျပန္႕ျပန္႕ လုပ္ေဆာင္ေနၾကျပီး အစိုးရက တရား၀င္ ထိေရာက္တဲ့အေရးယူမႈေတြမရွိဘူးလို႕ The New York Times သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
Ref;CNA
Doctor charged after performing abortion on wrong woman in South Korea
----------------------------------------------------------
တောင်ကိုရီးယားတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လူနာမှားပြီး ကိုယ်ဝန်ဖျက်ချခံရ
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆
တောင်ကိုရီးယားနိုင်ငံမှာ ဆရာဝန်က လူနာမှားပြီး ကိုယ်ဝန်ဖျက်ချမိလို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ရင်သွေးဆုံးရှုံးမှုဖြစ်ပွားခဲ့တယ်လို့ ရဲဌာနက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ကိုယ်ဝန်သီတင်း ၆ ပတ်ရှိနေပြီဖြစ်တဲ့ ဗီယက်နမ်နိုင်ငံသား အမျိုးသမီးတစ်ဦးဟာ သြဂုတ်လ ၇ ရက်နေ့မှာ အခုလိုအဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
တောင်ကိုရီးယားသတင်းအေဂျင်စီတစ်ခုရဲ့ ဖော်ပြချက်အရ လူနာဖြစ်သူဟာ အာဟာရအတွက် ဆေးထိုးဖို့ ဆေးစာက ညွှန်ကြားထားပေမယ့် သူနာပြုသူတွေက ၎င်းရဲ့ ဆေးမှတ်တမ်းကို လေ့လာခြင်းမရှိဘဲ ကိုယ်ဝန်ဖျက်ချတဲ့ဆေးထိုးပေးခဲ့တာဖြစ်ပါတယ်။
ဆရာဝန်ဖြစ်သူကလည်း လူနာကို မေးမြန်းခြင်းမရှိဘဲ ကိုယ်ဝန်ဖျက်ချတဲ့ ဆောင်ရွက်မှုတွေလုပ်ကိုင်ခဲ့တယ်လို့သိရပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သွေးဆင်းလာတာကြောင့် နောက်နေ့ ဆေးရုံထပ်မံပြသခဲ့ရာမှာ ကိုယ်ဝန်ဖျက်ချခံခဲ့ရတာကို သိရှိခဲ့ပါတယ်။
အခုဖြစ်ရပ်အတွက် သူနာပြုဆရာမတစ်ဦးဟာ တရားစွဲဆိုခံခဲ့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိဥပဒေအရ ကိုယ်ဝန်ဖျက်ချမှုဟာ အဓမ္မမှုဖြစ်ရပ်ကလွဲရင် တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်တောင်ကိုရီးယားမှာ ကိုယ်ဝန်ဖျက်ချမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပြီး အစိုးရက တရားဝင် ထိရောက်တဲ့အရေးယူမှုတွေမရှိဘူးလို့ The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။
Ref;CNA
Doctor charged after performing abortion on wrong woman in South Korea
No comments:
Post a Comment