နှစ်သစ်မှာ လူသစ်၊ စိတ်သစ်ဖြင့် ပြိုင်တူ တွန်းနိုင်ကြပါစေ
အယ်ဒီတာအာဘော်…
၂၀၁၉ ခုနှစ်ကြီး ပြီးဆုံးပြီးသွားလို့ ၂၀၂၀ ခုနှစ်ဟူသော နှစ်သစ်ကို ပြန်လည်ရောက်ရှိခဲ့လေပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် လူတစ်ဦးချင်း အသက်တစ်နှစ်ပြန်လည် ကြီးရင့်ခဲ့ပြီဖြစ်သ လို အမိမြန်မာနိုင်ငံတော်ကြီးလည်း အသက်တစ်နှစ်ကြီးရင့်ခဲ့လေပြီဖြစ်သည်။
နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် အချိန်ကာလအဟောင်းမှ အသစ်သို့
ကူးပြောင်းလဲသွားပြီး ကြီးရင့် ခဲ့လေသလို တစ်ဦးချင်း၏ အတွေးအခေါ် အယူအဆ၊
ကြံစည်တွေးတောခြင်းများသည်လည်း ရင့်ကျက် ဖို့ရန် အထူးလိုအပ်ပေသည်။
အတွေးအခေါ်ဟောင်းများရှိနေသ၍ အတွေးအခေါ်အသစ်များကို မစု စည်း နိုင်သလို
အသစ်သော လုပ်ဆောင်မှုများလည်း အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်မည်မဟုတ်
ကြောင်း ဖေါ်ပြလိုသည်။
ထိုသို့ အတွေးအခေါ်ဟောင်းများ နေရာတွင် အတွေးအခေါ် အယူအဆအသစ်များဖြင့် အစားထိုးနိုင်မှ သာ လာမည့် ၂၀၂၀ နှစ်သစ်ချိန်အခါသမယမှ စတင်ပြီး ၂၀၂၀ တစ်နှစ်ပတ်လုံး၌ အကောင်အထည်ဖေါ်ရမည့် နိုင်ငံတော်နှင့်နိုင်ငံသားတို့ မျှော်မှန်းထားသော ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို တက်လှမ်းနိုင်မည်ဖြစ်သည်။
ကုန်လွန်ခဲ့သော နှစ်ဟောင်းအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များမှ သင်ခန်းစာယူပြီး ရှေ့ဆက် ဆောင်ရွက်မည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြ ရန်လည်း အထူး သတိချပ်ရပေမည်။
၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့မှု၊ ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခဲ့မှုအပေါ် ဒေသခံများက ကန့်ကွက်ခဲ့မှု၊ နေပြည်တော်ရှိ မူကြိုကျောင်းတစ်ခုမှာ ဗစ်တိုရီးယား အမည်ရှိ ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို လူမျိုးတုန်း သတ်ဖြတ်မှု သဘောတူစာချုပ်ကို ချိုးဖောက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သည့် ဖြစ်စဉ်များနှင့်အတူ အခြားသော နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် နှစ်ဟောင်းနည်းနာများနှင့် မတူသည့် တွေးခေါ်ယူဆမှုဖြင့် နှစ်သစ်မှာ ဘယ်လိုအကောင်အထည် ဖေါ် နိုင်မလဲ ဆိုသည့် အချက်ကို စဉ်းစားရမည်ဖြစ်သည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေလိုသည့်စိတ်ဆန္ဒမှာ ကိုယ်စီရှိကြမည်မှာ မလွဲဧကန်ပင်ဖြစ်သော်လည်း စိတ်ဆန္ဒ ရှိရုံမျှဖြင့် လိုရာသို့မရောက်နိုင်သည်ကို လူတိုင်းလက်ခံထားကြ သည်။ ထို့ကြောင့် အရာရာတိုင်းမှာ တစ်ဦးချင်း ကြိုးစားအားထုတ်မှုနှင့် ညီညီညွတ်ညွတ်နှင့် ပူးပေါင်း လုပ်ဆောင်မှုဖြင့်သာ အကောင်အထည်ဖေါ်နိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံသားတိုင်းမှာ နိုင်ငံသားအသိရှိပြီး တတ်နိုင်သည့် ကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန်ဖြစ်သည်။
ထို့ကြောင့် နှစ်သစ်တစ်နှစ်ကူးပြောင်းလာတိုင်း မိမိတို့၏ အတွေးအခေါ် အယူအဆများလည်း ပြောင်း လဲတိုးတက်လာဖုိ့ရန် အရေးကြီးသည်။ တွေးဟောင်းကြံစည်မှုများဖြင့် ရှေ့ဆက်မနေဘဲ နှစ်ဟောင်းမှာ စွန့်ခွာခဲ့၍ နှစ်သစ်နှင့်အတူ စိတ်သစ်၊ လူသစ်၊ အတွေးအခေါ်သစ်၊ လုပ်ဆောင်ချက်အသစ်ဖြင့် ပူးပေါင်း လုပ်ဆောင်မှ မြန်မာစကားပုံနည်းတူ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်မည်”၊ “ စည်းလုံးခြင်းသည် အင်အား ” ဟူသည့် အဓိပ္ပာယ်ကို ဖေါ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားဖေါ်ပြလိုက်ရပါသည်။
အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network ( EPN)

No comments:
Post a Comment