၂၀၁၉ခုနှစ်အတွင်း မိုးကောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အမှုပေါင်း လေးရာခန့်တွင် အများစုမှာ ကြိုတင်ကာကွယ်မှုများသာဖြစ်
EPN
မိုးကောင်း၊ ဇန်နဝါရီ ၂
၂၀၁၉ခုနှစ်အတွင်း မိုးကောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့်
အမှုပေါင်းလေးရာခန့်တွင် အများစုမှာ ကြိုတင်ကာကွယ်မှုများသာ
ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ်ထက် မှုခင်းဖြစ်ပွားမှု
လျော့နည်းကျဆင်းခဲ့ကြောင်း မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀၁၉ခုနှစ် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ လေးလပတ် စာရင်းများအရ ၂၀၁၉ခုနှစ်အတွင်း မိုးကောင်းမြို့နယ်၌ အမှုကြီးအမှု၊ (၇)မှု၊ အခြားအမှု (၁၆၅)မှု၊ ကြိုတင်ကာကွယ်မှု (၂၁၈)မှု စုစုပေါင်း (၃၉၀)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၈ခုနှစ်တွင်က အမှုကြီး(၁၄)မှု၊ အခြားအမှု (၁၆၄)ခု၊ ကြိုတင်ကာကွယ်မှု (၂၆၇)မှု စုစုပေါင်း (၄၄၅)မှု အထိ ဖြစ်ပွားခဲ့ပြီး ယင်းနှစ်တွင်လည်း အများစုမှာ ကြိုတင်ကာကွယ်မှုများသာ ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်ထက်စာလျှင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ်တွင် မှုခင်းဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။
ချိုမောင်

No comments:
Post a Comment