တရုတ်အနောက်တောင်ပိုင်းတွင် တောမီးလောင်မှုကြောင့် မီးသတ်သမား ၁၈ ဦးအပါအဝင် လူ ၁၉ ဦး သေဆုံး
EPN
နိုင်ငံတကာ မတ် ၃၁
တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ တောမီးငြှိမ်းသတ်နေစဉ် လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု ဒေသန္တရ အာဏာပိုင်များက ယနေ့ ပြောကြားလိုက်သည်။
သေဆုံးသူများတွင် မီးသတ်သမား ၁၈ ဦးနှင့် မီးသတ်သမားများကို ဦးဆောင်လမ်းပြခဲ့သူ ဒေသခံ သစ် တောလုပ်သားတစ်ဦးလည်း ပါဝင်သည်။
ယနေ့နံနက် ၂ နာရီတွင် လေလမ်းကြောင်း ရုတ်တရက် ပြောင်းလဲမှု ကြောင့် ၎င်းတို့မှာ မီးလောင်ကျွမ်းမှုအတွင်း ပိတ်မိသွားခဲ့သည်။
နံနက် ၁ နာရီခွဲတွင် လူ ၂၂ ဦး ပျောက်ဆုံးသွားခဲ့ပြီး နံနက် ၇ နာရီတွင် သုံးဦးကို တွေ့ရှိခဲ့ကာ ဆေးရုံသို့ ပို့ ဆောင်ခဲ့သည်။ အဆိုပါသုံးဦးမှာ ယခုအခါ အခြေအနေကောင်းမွန်ပြီး သေဆုံးသူ ၁၉ ဦးကို နောက်ပိုင်းတွင် တွေ့ ရှိခဲ့သည်။
မီးလောင်ကျွမ်းမှုမှာ ဒေသခံစိုက်ခြံတစ်ခုတွင် ယမန်နေ့လည်ပိုင်း ၃ နာရီ ၅၁ မိနစ်တွင် စတင်ခဲ့ပြီး လေ ပြင်းတိုက်ခတ်မှုကြောင့် အနီးအနားရှိတောင်များသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့ကြောင်း ရှီချန်းမြို့တော် ပြန်ကြားရေးရုံး ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ သန်းခေါင်ယံအချိန်တွင် မီးလောင်ကျွမ်းရာဧရိယာမှာ ဟက်တာ ၁၀၀၀ ကျော်လွန်သွားခဲ့ပြီး သစ်တောဧရိယာ ဟက်တာ ၈၀ ဝန်းကျင် လောင်ကျွမ်းသွားခဲ့သည်။
တောမီးလောင်ကျွမ်းမှုငြှိမ်းသတ်ရန် လူပေါင်း ၂၀၄၄ ဦး စေလွှတ်ခဲ့ပြီး ဒေသခံပြည်သူ ၁၂၀၀ ကျော်ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်။
--ကိုးကား--ဆင်ဟွာ
Ref; 19 dead in southwest China forest fire
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment