အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အရေးပေါ်လိုအပ်နေသည့် ဒေါ်လာ ၈၄ သန်းတန် အသက်ရှူစက်များ ဝယ်ယူမည်
EPN
နိုင်ငံတကာ မတ် ၃၁
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ကူညီတိုက်ဖျက်မည့် အသက်ရှူစက် ၈၀၀၀ ဝယ်ယူရန် စီစဉ်လျက်ရှိသည်။
အသက်ရှူစက်များဝယ်ယူရေးအတွက် ဒေါ်လာ ၈၄ သန်းကျော် သုံးစွဲမည်ဟု အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
အရန်ထားသည့် အသက်ရှူ စက် ၂၀၀၀ ရရှိမည်ဟု အစောပိုင်းက ကြေညာပြီးနောက် ယခုကဲ့သို့ ဝယ်ယူမည့်အစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ် သည်။
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးဖြစ်ပွားနေသည့် နယူးယောက်နှင့် အရေးပေါ် ဖျား နာသည့်လူနာများကုသရန် အခက်အခဲရှိနေသည့် အခြားပြည်နယ်အချို့တွင် အသက်ရှူစက်များ များစွာ လိုအပ် လျက်ရှိသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက နယူးယောက်နှင့် လော့အိန်ဂျလိစ်မြို့များသို့ ဆေးရုံသင်္ဘော များ စေလွှတ်ခဲ့သည်။ ထို့အပြင် ပင်တဂွန်က တိုင်းပြည်တစ်ဝန်းရှိ အစည်းအဝေးခန်းမများ၊ အခြားအဆောက်အ အုံများကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲလျက်ရှိသည်။
သမ္မတက နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်နေသော ပစ္စည်းများထုတ်လုပ်ရန် ပုဂ္ဂလိကလုပ်ငန်း များကို ခိုင်းစေခွင့်ရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအက်ဥပဒေကို မတ်လ ၂၇ ရက်တွင် သမ္မတ ဒေါ်နယ် ထရမ့်က ကိုးကားခဲ့သည်။
အဆိုပါအက်ဥပဒေကို အခြေခံ၍ သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် အသက် ရှူစက်များ မြန်ဆန်စွာ ထုတ်လုပ်ရန် အမေရိကန်ကားကုမ္ပဏီကြီး General Motors သို့ ညွှန်ကြားခဲ့သည်။
--ကိုးကား--အင်န်အိတ်ချ်ကေ
Search
Tuesday, March 31, 2020
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment