Search
Sunday, March 29, 2020
COVID-19 ရောဂါ ရောဂါပိုးရှိသူ ၂ ဦးထပ်တိုး
COVID-19 ရောဂါ ရောဂါပိုးရှိသူ ၂ ဦးထပ်တိုး
.........................
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၈၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၈၀) ဦး၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။
၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-09) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုသူမှာ (၂၆-၃-၂၀၂၀) ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-10) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါ သည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည်ဖြစ်ပါသည်။
၄။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (၂) ဦး၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။
၅။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment