EPN
ပူတာအို၊ မတ် ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့်
ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်စေရန်အတွက်
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မတ် (၃၀)ရက် နံနက် (၉)နာရီက
ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လူအသွားအလာများသောနေရာများဖြစ်သည့် ပူတာအိုလေဆိပ် နားနေဆောင်၊ မြို့မဈေး(မနက်ဈေး)ပတ်ပတ်လည်၊ ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၊ ကောင်းမှုလုံစေတီတော်ရင်ပြင်နှင့် ဘုန်းကြီးကျောင်း၊ လေယာဉ်ကွင်းဈေးများတွင် လူအထိအတွေ့များသောနေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဆေးဖျန်းခြင်းလုပ်ငန်းတွင် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် ခရိုင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်တို့ ဦးဆောင်မှုဖြင့် ခရိုင်အဆင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ လူအသွားအလာများသောနေရာများတွင် ရောဂါကာကွယ်ရေးအတွက် ပိုးသတ် ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)

No comments:
Post a Comment