အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသည့်မြန်မာရဟန်းတော်များ လေယာဉ်စင်းလုံးဌား၍ ခေါ်ယူခဲ့
EPN
မုံရွာ၊ဧပြီ - ၂၃
အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသည့်မြန်မာရဟန်းတော်များကို ဧပြီ၂၂ရက်က
လေယာဉ်စင်းလုံးဌား၍ ပြန်လည်ပင်ဆောင်ခေါ်ယူခဲ့ကြောင်း
သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှ သိရသည်။
အိန္ဒိယနိုင်ငံတွင်
ပညာသင်ကြားနေသော မြန်မာ ရဟန်းတော် အပါး ၂၂၁ ပါး၊ သီလရှင် ၆ ပါး နှင့်
ဘုရားဖူးသွားရင်း ပိတ်မိနေခြင်း၊ ဆေးကုသမှုခံယူရန် သွားရောက်ရင်း
ပိတ်မိနေခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေသည့်
လူပုဂ္ဂိုလ်များမှာ အမျိုးသား ၂၃ ဦး၊အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း
ရဟန်း၊သီလရှင် နှင့် လူပုဂ္ဂိုလ် ၂၇၀ ကျော်ကို စင်းလုံးဌား
လေယာဉ်နှစ်စင်းဖြင့် ဧပြီလ ၂၂ ရက်နေ့က သွားရောက်ခေါ်ဆောင်ခဲ့ပြီး
ညနေပိုင်းအချိန်တွင် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကာ ထိုမှ
တစ်ဆင့် စစ်ကိုင်းတောင်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။
"အိန္ဒိယမှာ
ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ စာသင်သားသံဃာတွေ
ကျောင်းတွေ ပိတ်တယ် ကျောင်းတွေ ပိတ်တော့ နေဖို့ ထိုင်ဖို့ အခက်အခဲတွေဖြစ်
အိန္ဒိယကနေ မြန်မာနိုင်ငံပြန်လာဖို့ကလည်း ဒီဘက်မှာလည်း အခက်အခဲဖြစ် အဲလို
အခက်အခဲဖြစ်၊အဲလို အခက်အခဲတွေ ဖြစ်နေတဲ့ အခြေအနေတစ်ခုကို သီတဂူ
ဆရာတော်ဘုရားကြီးက သိရှိပြီးတော့ ထိုသံဃာတော်များ ပြည်တော်ကို
ချမ်းချမ်းသာသာ ပြန်လာနိုင်ရေး အတွက် သီတဂူဆရာတောိကြီးက စီမံဆောင်ရွက်တာ
ဖြစ်ပါတယ်။ပထမက အိန္ဒိယနိုင်ငံနဲ့သီရိလင်္ကာနိုင်ငံရယ်ဆိုပြီ နှစ်ဌာန
တစ်ပေါင်းတည်း လုပ်ဖို့ ရှိပေးမယ့်လည်း အိန္ဒိယနိုင်ငံ တစ်ခုတည်းတင်
ပြန်လာမယ့် သူက သုံးရာ ရှိနေတဲ့ အတွက်ကြောင့် ပထမဆုံး
အိန္ဒိယမှာရှိတဲ့သူတွေကို ပြန်လည်ပင့်ဆောင်တယ်"ဟု
သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှ အုပ်ချုပ်ရေးဆရာတော် ဒေါက်တာအရှင်
သုဒ္ဒရ မှမိန်ကြားသည်။
အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့်
မြန်မာရဟန်းတော်များသည်
စစ်ကိုင်းတောင်ရိုး၊သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်၌ Quarantine
အဖြစ် ၂၁ ရက် သီတင်းသုုံးနေထိုင်ကြမည်ဖြစ်ပြီး
သီလရှင်၊လူပုဂ္ဂိုလ်များမှာမူ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် Quarantine
အဖြစ် ၂၁ ရက် နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
Quarantine အဖြစ်
ထားရှိမည့် အဆောင်များတွင် ရေချိုးခန်း၊ အိမ်သာ၊ အဲယားကွန်း၊
ရေခဲသေတ္တာများ ပါရှိမည်ဖြစ်ပြီး ၂၁ ရက်တိုင် အရုဏ်ဆွမ်း နေ့ဆွမ်း
ကပ်လှူသွားမည်ဖြစ်သည့် အပြင် Quarantine ရက် ပြည့်ပြီးပါက
ရဟန်းတော်များကို သင်္ကန်း ဒွိစုံစီ နှင့် အမေရိကန် ဒေါ်လာ ၂၅၀ စီ
လှူဒါန်းရန် စီမံထားကြောင်း သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှ
သိရသည်။
အိန္ဒိယနိုင်ငံသို့ သွားရောက်ပညာသင်ကြားနေသည့် မြန်မာ
ရဟန်းတော်များ နှင့် ဘုရားဖူးသွားရင်း ပိတ်မိနေခြင်း၊ ဆေးကုသမှုခံယူရန်
သွားရောက်ရင်း ပိတ်မိနေခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့်
ပိတ်မိနေသည့် လူပုဂ္ဂိုလ်များ Quarantine ရက် ပြည့်ကာ နေရပ်ပြန်ပြီပါက
ဒုတိယအသုတ်အနေဖြင့် သီရိလင်္ကာနိုင်ငံတို့ရှိ မြန်မာ ရဟန်းတော်များ
ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်ကြောင်း
သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှသိရသည်။
သူရိယထက်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment