EPN
နိုင်ငံတကာ၊ ဧပြီ ၂၉
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့်ဖြစ်ပွားသည့် လေကြောင်းဖြင့်
ခရီးသွားလာမှု ကျဆင်းလာမှုကြောင့် အဓိကကျသော ယူကေလေကြောင်းလိုင်းဖြစ်သည့်
ဗြိတိန်လေကြောင်း (BA) က အလုပ်အကိုင်နေရာ ၁၂၀၀၀ လျော့ချရန်
စီစဉ်လျက်ရှိသည်။
ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလတာအတွင်း လုပ်ငန်းလည်ပတ်မှု ဆုံးရှုံးမှုပမာဏမှာ ယူရို ၅၃၅ သန်းအထိ ရှိခဲ့ကြောင်း ဗြိတိန်လေကြောင်း (BA) ၏ မိခင်ကုမ္ပဏီ International Airlines Group (IAG) က ကြေ ညာခဲ့သည်။
ဒုတိယသုံးလတာအတွင်း လုပ်ငန်းလည်ပတ်မှု ဆုံးရှုံးမှုပမာဏမှာ သိသိသာသာ ပို၍ဆိုးလာမည်ဟု IAG က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျင် ဧပြီလနှင့် မေလအတွင်း ခရီးသွားများ ပို့ဆောင်မှုပမာဏကို ၉၄ ရာခိုင်နှုန်း လျော့ချခဲ့ပြီး မရှိမဖြစ်လိုအပ်သော ခရီးသွားလာမှုနှင့် နေရပ်ပြန်ပို့ရေး ခရီးစဉ်များကိုသာ ပြေးဆွဲ ပေးခဲ့ကြောင်း IAG က ဆိုသည်။
၂၀၁၉ ခုနှစ်ကဲ့သို့ လေကြောင်းဖြင့် ခရီးသွားလာမှုအဆင့်များ ပြန်လည်ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု မျှော်မှန်းထားရာ ကုန်သွယ်ရေးသမဂ္ဂများနှင့် ပြန်လည်တည်ဆောက်ရေးနှင့် ပိုလျှံရေးအစီအစဉ် တစ်ခု စေ့စပ်ညှိနှိုင်းနေကြောင်း IAG က ထုတ်ဖော်ပြောခဲ့သည်။
IAG က ဝန်ထမ်းများ နားနေခွင့်ပြုရန် အစိုးရ၏ အလုပ်အကိုင် ဆက်လက်ထားရှိရေး အစီအစဉ်တစ်ရပ် ကို အသုံးပြုခဲ့သည်။ နဂိုအခြေအနေပြန်ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ရာ IAG က အုပ်စုလိုက် ပြန် လည်တည်ဆောက်ရေး အစီအမံများပြဌာန်းရန် လိုအပ်မည်ဖြစ်သည်။
--ကိုးကား--
အင်န်အိတ်ချ်ကေ
Ref; British Airways plans to slash up to 12,000 jobs

No comments:
Post a Comment