EPN
နိုင်ငံတကာ၊ ဧပြီ ၂၉
ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးက သမ္မတ ဒေါ်နယ်ထရမ့် နှင့်တွေ့ဆုံကာ
စီးပွားရေးကန့်သတ်ချက် များ ဖြေလျော့ရန်ဆွေးနွေးနေစဉ် အမေရိကန်နိုင်ငံတွင်
ယမန်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၈၀၀၀ ကျော်အထိ
ရှိလာခဲ့ပြီး ဗီယက်နမ်စစ်ပွဲကာလအတွင်း အသက်စွန့်လွှတ်ရသူများထက်
ပိုများလာခဲ့သည်။
ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က စီးပွားရေးကို ထိခိုက်စေသည်ဟု ဝေဖန်လျက်ရှိ သော အလုပ်ခွင်ကန့်သတ်ချက်များ ဖြေလျော့ရန်နှင့် အိမ်တွင်းနေအမိန့်များ ရုတ်သိမ်းရာတွင် အခြားပြည်နယ် အချို့ကဲ့သို့ လုပ်ဆောင်ရန် ချိန်ဆလျက်ရှိသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဒီဆန်းတစ်က အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့်တွေ့ဆုံမှုမှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် တစ်ရက်အတွင်း စံချိန်တင် သေဆုံးမှုရှိကြောင်း ဖလော်ရီဒါပြည်နယ်က ကြေညာကာ အိမ်တွင်းနေအမိန့် သက်တမ်းကုန်တော့မည့်အချိန်တွင် ပြုလုပ်ခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ချက်များ ဖြေလျော့မည့် အဆင့်တစ်ကို ယနေ့ ကြေညာမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ ဘဲဥပုံခန်းမမှ ဒီဆန်းတစ်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံးခံရသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူ ၈၃ ဉီး ထပ်မံသေဆုံးကာ ၇၀၀ ကျော် ထပ်မံ ကူးစက်ခံခဲ့ရသည်။
လက်ရှိအချိန်ထိ ဖလော်ရီဒါပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၃၂၈၄၆ မှုနှင့် သေဆုံးသူ ၁၁၇၁ ဉီးရှိကြောင်း သိရသည်။
အင်္ဂါနေ့နံနက်ပိုင်းအထိ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၈၆၀၅ ဉီးရှိခဲ့ရာ ဗီ ယက်နမ်စစ်ပွဲ၌ အမေရိကန်တပ်မတော်က ပါဝင်တိုက်ခိုက်ရာတွင် သေဆုံးခဲ့သည့်အရေအတွက်ထက် ပိုများလာခဲ့ သည်ဟု ဆိုသည်။
--ကိုးကား--
ရိုက်တာ
Ref; U.S. coronavirus deaths surpass Vietnam War toll as Florida readies reopening plan

No comments:
Post a Comment