EPN
မြစ်ကြီးနား၊ ဧပြီ ၁၃
နိုင်းစတား စက်သုံးဆီရောင်းဝယ်ရေး မိသားစုမှ မြစ်ကြီးနားမြို့ပေါ်
ရပ်ကွက်များရှိ လူမျိုး၊ ဘာသာပေါင်းစုံ၊ လက်လုပ်လက်စား ပြည်သူ အိမ်ထောင်စု
(၇၀၀) ကျော်အား ဆန်နှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်းစတား စက်သုံးဆီရောင်းဝယ်ရေး မိသားစုမှ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ရမ်ပူရပ်ကွက်မှ လက်လုပ်လက်စား အိမ်ထောင်စု (၄၁၅)စုနှင့် အစိုးရ ထောက်ပံ့မှု မရရှိခဲ့သည့် တပ်ကုန်း ရပ်ကွက်မှ လက်လုပ်လက်စား အိမ်ထောင်စုများကို တစ်အိမ်ထောင်စုလျှင် ဆန်(၈)ပြည်၊ စားသုံးဆီ တစ်လီတာ၊ ကုလားပဲ တစ်ပိဿာနှင့် ဆားတစ်ထုတ်တို့ကို ဝေငှလှူဒါန်းခဲ့ကြောင်း သိရသည်။
တပ်ကုန်းရပ်ကွက်တွင် အိမ်ထောင်စု လေးထောင့်ရှစ်ရာကျော်ရှိပြီး ဧပြီလ ၁၀ရက်နေ့က အစိုးရ၏ ထောက်ပံ့မှုကို အိမ်ထောင်စု ငါးရာကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည့်အတွက် အမှန်တကယ် စားဝတ်နေရေး ခက်ခဲပြီး ထောက်ပံ့မှုမရရှိသည့် အိမ်ထောင်စု ၃၅စု ကျန်ရှိနေကြောင်း တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။
"ရပ်ကွက်မှာရှိတဲ့ ပြည်သူတွေစာရင်းကို သေချာစိစစ်ပြီး ကောက်ခဲ့ရပါတယ်၊ ဒါပေမယ့် စာရင်းက ချက်ချင်း ကောက်ရတယ် ဆိုတော့ အမှန်တကယ် စားဝတ်နေရေးခက်ခဲပေမယ့် ကျန်သွားတဲ့ သူတွေလဲ ရှိတယ်၊ ကျန်ထားတဲ့ ပြည်သူတစ်ချို့က သူတို့ကိုယ်တိုင် ဆက်သွယ်လာလို့ အခုလို နိုင်းစတား စက်သုံးဆီဆိုင် ကို ကူညီဖို့ ချိတ်ဆက်တဲ့ အချိန်မှာ သူတို့က လာရောက်လှူဒါန်းတာဖြစ်ပါတယ်၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ ကိုယ်စား ကျေးဇူးလဲတင်ပါတယ်" ဟု ၎င်းက ပြောသည်။
ရမ်ပူရပ်ကွက်မှ ဦးမျိုးဝင်းကလဲ “ကျွန်တော်တို့ ရမ်ပူရပ်ကွက်က ပြည်သူတွေက တော်တော်ကို ဆင်းဆင်းရဲရဲ တွေပါ။ ရေခဲချောင်း ရောင်းတဲ့သူ၊ အချဉ်ပေါင်း ရောင်းတဲ့သူ စတဲ့ လက်လုပ်လက်စားတွေ များတယ်။ အခုကိုဗစ်ဖြစ်တော့ အားလုံးက အိမ်မှာဘဲနေပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ အချိန်မှာ ဒီလို နိုင်းစတား ကနေ ဆန်၊ ဆီ၊ ဆား လာလှူဒါန်းတာဟာ တော်တော်အထောက်အကူဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်းစတား စက်သုံးဆီဆိုင် အနေနှင့် ဧပြီလ ၁၂ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် အိမ်ထောင်စု ၂၅၀ ကို လှူဒါန်းခဲ့ကြောင်း သိရပြီး ကိုယ်မြို့သူမြို့သားတွေအနေနှင့် အခက်အခဲ ဖြစ်နေချိန်မှာ လှူဒါန်းခွင့်ရသည့်အတွက် များစွာဝမ်းသာပီတီ ဖြစ်ရကြောင်း နိုင်းစတား စက်သုံးဆီဆိုင် ပိုင်ရှင် ဦးမင်းသိန်းက ပြောသည်။
“ဒီလိုအချိန်မှာ အားလုံးက ခက်ခဲနေတာလေ အိမ်မှာနေဖို့ ထုတ်ပြန် ထားပေမယ့်၊ လက်လုပ်လက်စားတွေ အနေနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ ခက်ခဲတဲ့ ဒီလိုအချိန်၊ ကိုယ်မြို့သူမြို့သားတွေအနေနဲ့ တစ်ပတ် ဆယ်ရက်စာ လောက်ပဲ ဖြစ်ဖြစ် စားဖို့သောက်ဖို့ ပြေလည်အောင် ကူညီခွင့်ရတဲ့အတွက် ဝမ်းသာ ပီတိဖြစ်ရပါတယ်၊ နောက်လည်း တက်နိုင်တဲ့ ဘက်က လှူဒါန်းသွားမှာပါ၊ အခုလိုလှူဒါန်း တဲ့အခါမှာ အခက်အခဲမရှိအောင် ဝိုင်းဝန်းကူညီ ပေးခဲ့ကြသူများကိုလဲ ကျေးဇူးတင်ပါတယ် ” ဟု ဦးမင်းသိန်းက ဆိုသည်။
နိုင်းစတား စက်သုံးဆီရောင်းဝယ်ရေး မိသားစုအနေနှင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ရှိ လက်လုပ်လက်စား အိမ်ထောင်စု (၇၀၀)ကျော် အတွက် ဆန်၊ ဆီ၊ ဆား လှူဒါန်းခဲ့ရာ စုစုပေါင်း တန်ဖိုး ကျပ်သိန်း (၉၀)ကျော်ရှိကြောင်း သိရပြီး၊ နောင်တွင်းလဲ ယခုကဲ့သို့ ခက်ခဲနေသူများကို လူမျိုး၊ ဘာသာမရွေး တက်နိုင်သည့်ဘက်က ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - မင်းမင်း

No comments:
Post a Comment