COVID-19 လူနာ အမှတ်(၁) ဆုတောင်းပွဲ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဆရာတော်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
EPN
ကလေး၊ ဧပြီ ၁၈
ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာသို့ COVID-19 လူနာအမှတ်(၁)
ရောက်ရှိစဉ် ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဆရာတော်
တစ်ဦး တွင် ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံထားရကြောင်း
စစ်ဆေးတွေ့ရှိခဲ့သည် ဟု ကပ်တဲလ်ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး မှ စုံစမ်း
သိရသည်။
တီးတိန်မြို့ နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု
ခံယူနေသည့် လူနာအမှတ်(၁) သည် ကပ်တဲလ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး မတ်လ ၁၉
ရက်နေ့ကဆုတောင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ဆုတောင်းပွဲ
တက်ရောက်ခဲ့သည့်ကပ်တဲလ်ကျေးရွာတွင် နေထိုင်သည့် အသက် ၆၇ နှစ် အရွယ်
ခရစ်ယာန် ဆရာတော်ထံတွင် ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံထားရကြောင်း
ဧပြီလ ၁၆ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်
အရသိရသည်။
ယင်းဆရာတော် သည် မိသားစုဝင် ၅ ဦး နှင့် နေထိုင်သူဖြစ်ပြီး ဆီးချို
သွေးချို ရောဂါ ရှိသူတစ်ဦး ဖြစ်ကြောင်း ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူးပူးဒိုခတွောင် က ပြောသည်။
အုပ်ချုပ်ရေးမှူး ပူးဒိုခတွောင် က "သူက သူ့ မိသားစု နဲ့သီးသန့်နေတယ်။အဲ့ဒီ ဆုတောင်းပွဲ တက်ပြီးချိန် မှာ သူက တခြား သွားတာတော့မရှိဘူး။သူ့အိမ်မှာပဲ နေတယ်။ဘာလို့လဲ ဆိုတော့ သူက ကျန်းမာရေး မှမကောင်းတာကို ၊လမ်းလဲ ကောင်းကောင်း မလျှောက်နိုင်ဘူး"ဟု ပြောသည်။
ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည့် ကပ်တဲလ်ရွာမှ ခရစ်ယာန်ဆရာတော် ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းက
ခေါ်ဆောင်သွားပြီး၎င်းနေထိုင်သည့် နေအိမ်ကို လော့ဒေါင်း ချခဲ့ပြီး
နေအိမ်တွင် မိသားစုဝင် ၅ဦး ကျန်ရှိနေသည်။ယခုလက်ရှိ လူနာနှင့် ဆိုပါက
တီးတိန်မြို့ နယ်မှ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသူ ၄ ဦး ရှိပြီး ၎င်း ၄ ဦးမှာ လူနာ အမှတ်(၁) မှ ဆက်စပ် ဖြစ်ပွားခဲ့သူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ငြိမ်းသူမင်း
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment