နေအိမ်ဈေးဆိုင်အတွင်းမှ မူယစ်ဆေးဝါးများဖမ်းဆီးရမိ
EPN
အင်းတော်ကြီး၊ မေ ၁၈
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ
နေအိမ်ဈေးဆိုင်အတွင်းမှ မေ ၁၇ရက် ၁၀နာ ရီခွဲအချိန်ခန့်က
မှုယစ်ဆေးဝါးများဖမ်းဆီးရမိသည်ဟု လုံးတုံနယ်မြေခံရဲစခန်းမှသိရသည်။
လုံးတုံနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး မင်းထွန်း၊ ရဲတပ်ကြပ်
အောင်ကျော်စိုး၊ ရဲဒုတပ်ကြပ် ရင်ထွေး သက်သေ အင်းတော်ကြီးမြို့၊
ရွှေအင်းသာရပ်ကွက် ရပ်မိရပ်ဖ ဦးရဲထွဋ်၊ မိုင်းနောင်ကျေးရွာ ရာအိမ်မှူး
ဦးအောင်မောင်း တို့နှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုင်းနောင်ကျေးရွာ အနောက်
တောင်ဘက် (၅)မိုင်ခန့်အကွာရှိ ခေါင်းတုံချောင်း အနောက်ဘက် တောစပ်ရှိ
နေအိမ်ဈေးဆိုင်ထဲသို့ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့်
ရှာဖွေခဲ့ရာ နေအိမ်ဈေးဆိုင်အတွင်း အိမ်ရှင်ကို ထိုင်လျှက်တွေ့ရှိရပြီး
၎င်း၏ရှေ့ကြမ်းပြင်ပေါ်တွင် အပြာရောင်ကော်ခြင်းတောင်းအတွင်း
အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်လျှက် BPI
တံဆိပ်ပါအဖြူရောင်ကော်ဗူးအတွင်းမှ ဘိန်းဖြူဟု
ယူဆရသောဖြူ/ဝါကြားရောင်အမှုန့် အလေးချိန် (၃၁)ဂရမ်ခန့်ပါ (၁)ဗူးအား
တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ထို့နောက်
ဆက်လက်ရှာဖွေရာ နေအိမ်ဈေးဆိုင်၏ ဘယ်ဘက်ဘေး (၅)ပေခန့်အကွာရှိ
ငှက်ပျောပင်ခြေရင်းမှ အနက်ရောင်ကြွပ်ကြွပ်အတွင်း အပြာရောင်
ကပ်ခွာအိတ်ဖြင့်ထည့်လျှက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆ
ရသော ဆေးပြား (၂၀၀) ပြားစီပါ (၂) ထုတ်နှင့် အစိမ်းရောင်အဖုံးပိတ်ပါ
အကြည်ရောင်ကော်ဗူး အတွင်း WY စာတမ်းပါ
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော ဆေးပြား (၃ဝ)ပြား၊ စုစုပေါင်း
ဆေးပြား (၄၃၀)ပြား၊ အလေးချိန် (၄၃)ဂရမ်ခန့်အား တွေ့ရှိသဖြင့် သက်သေ
များရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည် ဟု နယ်မြေခံရဲစခန်းမှသိရသည်။
ထို့ကြောင့် နေအိမ်ဆိုင်ရှင် အောင်မြင့်ဦး (ခ)ပေါက်ကျဲကို
စစ်ဆေးမေးမြန်းရာ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ မိုင်းနောင်ကျေးရွာ
အနောက်တောင်ဘက်(၇)မိုင်ခန့်အကွာ တောစပ်သို့ ဆိုင်ကယ်ဖြင့်လာရောက်
ပို့ဆောင်ရောင်းချပေးသူ အမည်မသိ၊ အသက်(၃၅)နှစ်ခန့်ထံမှ ဘိန်းဖြူဆပ်ပြာခွက်
(၁)ခွက်လျှင် (၁၅ဝဝဝဝ) ကျပ်ဖြင့် လည်းကောင်း၊ ဆေးပြား (၂၀၀)ပြားပါ
(၁)ထုတ်လျှင် (၁၈ဝဝဝဝ)ကျပ်ဖြင့်လည်းကောင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း
ရဲမှတ်တမ်းအရ သိရသည်။
ထို့ကြောင့် အင်းတော်ကြီးဒေသ
ဆနွင်းကုန်းအုပ်စု၊ အင်းသာကျေးရွာ၊နေထိုင်သူ အောင်မြင့်ဦး (ခ)ပေါက်ကျဲ
အသက်၃၇ရှိသူကို မယ (ပ) ၂၈/၂ဝ၂၀၊ မူး/စိတ် ပုဒ်မ ၁၉ (က)ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။
နေကြာ
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
ပူတာအိုမြို့နယ်၌ ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့လှူဒါန်း ...
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
နျူကလီးယားစခန်းတွေကို အီရန်၀င်ခွင့်မပြုဘူးလို့ ကုလသမဂ္ဂနျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့ပြော EPN နိုင်ငံတကာ၊ ဇွန် ၆ အေဂျင်စီသွားချင...
-
ကချင်ပြည်နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိ EPN မြစ်ကြီးနား၊ ဇူလိုင် ၆ ကချင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် ၅ ရက်နေ့အထိ ညမထွက်...
-
ကချင်ပြည်နယ်အတွင်း အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက် (ရွှေ)လုပ်ကွက်တရားဝင်ခွင့်ပြု EPN မြစ်ကြီးနား၊ ဖေဖော်ဝါရ...
No comments:
Post a Comment