Search

Friday, May 15, 2020

တရုတ်၊ ပါကစ္စတန်တို့နဲ့ နယ်စပ်တင်းမာမှုတွေဖြစ်နေတဲ့ အိန္ဒိယက ရာဖေးလ်းဂျက်တိုက်လေယာဉ်တွေ ရရှိတော့မယ်

တရုတ်၊ ပါကစ္စတန်တို့နဲ့ နယ်စပ်တင်းမာမှုတွေဖြစ်နေတဲ့ အိန္ဒိယက ရာဖေးလ်းဂျက်တိုက်လေယာဉ်တွေ ရရှိတော့မယ်



EPN
နိုင်ငံတကာ၊ မေ ၁၅

တရုတ်၊ ပါကစ္စတန်တို့နှင့် နယ်စပ်ဒေသများ၌ တင်းမာမှုများဖြစ်ပွားနေချိန်တွင် အိန္ဒိယနိုင်ငံက အမ်ဘာ လာရှိ အိန္ဒိယလေတပ်သို့ ရာဖေးလ် ဂျက်တိုက်လေယာဉ်များ တပ်တော်ဝင်တော့မည်ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်သီတင်းပတ်အနည်းငယ် နှောင့်နှေးမှု ဖြစ်ခဲ့ပေမယ့် ရာဖေးလ်ဂျက်တိုက် လေယာဉ်တွေ ဇူလိုင်လထဲမှာ စတင်ရောက်လာမှာဖြစ်ပါတယ်။ ဒီဂျက်တိုက်လေယာဉ်တွေက ဝေဟင်တိုက်ခိုက်မှု စွမ်းပကားတွေမှာ တိုင်းပြည်ရဲ့ ပစ်ခတ်စွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပါတယ်” ဟု ထိပ်တန်း အစိုးရ သတင်းရင်း မြစ်များက ပြောသည်။


ရာဖေးလ်ဂျက်တိုက်လေယာဉ်များတွင် ရန်သူ့လေယာဉ်များကို မီတာ ၁၅၀ အကွာမှ တိုက်ခိုက်နိုင်သည့် ဝေဟင်-ဝေဟင်ဒုံးကျည်များ တပ်ဆင်ထားသည်။ တရုတ်နှင့် ပါကစ္စတန်တို့က ထိုအကွာအဝေးမှနေ၍ ဒုံးကျည် များ မပစ်ခတ်နိုင်သလို ရာဖေးလ်ဂျက်တိုက်လေယာဉ်များ၏ ဘက်စုံအသုံးပြုနိုင်သည့် စွမ်းဆောင်ရည်များ ကြောင့် ဝေဟင်အတွင်း မည်သည့်လေယာဉ်ကိုမဆို အလွယ်တကူ တိုက်ခိုက်နိုင်သည်။
အိန္ဒိယလေတပ်သို့ ရာဖေးလ်ဂျက်တိုက်လေယာဉ်များ ရောက်ရှိလာလျင် ပါကစ္စတန်နိုင်ငံက အိန္ဒိယပိုင် နက်အတွင်း ရန်စမှုပြုလုပ်ရဲတော့မည်မဟုတ်ဟု လေတပ်အကြီးအကဲဟောင်း ဘီအက်စ်ဒါနိုအာက ပြောသည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာမည့် ပထမအသုတ် ရာဖေးလ်လေယာဉ်များတွင် လေ့ကျင့်ရေးလေယာဉ်သုံး စင်း၊ တိုက်လေယာဉ်တစ်စင်းး ပါဝင်မည်ဖြစ်ပြီး နောက်ထပ်လေယာဉ်များကို ပြင်သစ်နိုင်ငံ၊ ဘော်ဒိုးမြို့ရှိစက်ရုံ ၌ ဆက်လက်ထုတ်လုပ်လျက်ရှိသည်။

တောင်အာရှဒေသတွင် အင်အားကြီးလေတပ်ဖွဲ့ တည်ဆောက်လိုသည့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ၂၀၁၆ ခုနှစ်တွင် ရာဖေးလ်ဂျက်တိုက်လေယာဉ် ၃၆ စင်းဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ သည်။

--ကိုးကား--
အိန္ဒိယတူဒေး
Ref; Amid tensions along China, Pakistan borders, India to receive Rafales in July

No comments:

Popular Posts