Search

Friday, May 15, 2020

အာဖရိကတိုက်နေ ပြည်သူ သန်း ၂၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်

အာဖရိကတိုက်နေ ပြည်သူ သန်း ၂၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်



EPN
နိုင်ငံတကာ၊ မေ ၁၅

အရေးတကြီး ဆောင်ရွက်မှုမပြုလုပ်လျင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နှစ်အတွင်း အာဖရိကတိုက်ရှိ လူပေါင်း ၁၅၀၀၀၀ ခန့် သေဆုံးနိုင်ပြီး လူဉီးရေ သန်း ၂၅၀ ခန့် ကူးစက်ခံရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာမှုတစ်ခုအရ သိရသည်။


ယနေ့ထုတ်ဝေသည့် BMJ Global Health ဂျာနယ်တွင် သုတေသနဆိုင်ရာ စာရေးဆရာများက အာဖရိ ကတိုက်မှာ ဥရောပနှင့် အမေရိကန်နိုင်ငံကဲ့သို့ ကမ္ဘာပေါ်ရှိ အခြားဒေသများထက် ကူးစက်မှုနှင့် သေဆုံးမှုနှုန်း နည်းပါးမည်ဟု ခန့်မှန်းခဲ့သည်။

အာဖရိကတိုင်းပြည်အများစုက ကန့်သတ်ထိန်းချုပ်မှု အစီအမံများ မြန်မြန်ဆန်ဆန် ပြုလုပ်ခဲ့ကြောင်း ၄င်းတို့က ပြောကြားခဲ့ပြီး ကျန်းမာရေးစနစ်များက မနိုင်မနင်းဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ “ကန့်သတ် ထိန်းချုပ်မှု အစီအမံတွေ မအောင်မြင်ရင် ကျန်းမာရေးစနစ်တွေအတွက် ဖြစ်လာမယ့်ပြဿနာကို ကျွန်တော်တို့ရဲ့ လေ့လာမှုက ညွှန်ပြတာဖြစ်ပါတယ်” ဟု စာရေးဆရာများက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူများက ဗိုင်းရပ်စ် ထိတွေ့မှုနှုန်းနှင့် ဂျဘူတီ၊ အီဂျစ်၊ လစ်ဗျား၊ မော်ရိုကို၊ ဆိုမာလီယာ၊ ဆူဒန်နှင့် တူနီးရှားတို့ပါဝင်သည့် ဒေသတွင်း ၄၇ နိုင်ငံ၌ ကူးစက်မှုကို စံနမူနာယူခဲ့ခြင်း ဖြစ်သည်။

လူဦးရေ တစ်ဘီလီယံနေထိုင်ရာ အာဖရိကတိုက်မှ ပြည်သူ ၂၃၁ သန်း သို့မဟုတ် ၂၂ ရာခိုင်နှုန်းမှာ တစ် နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပြီး ၄င်းတို့အနက် အများစုမှာ ရောဂါလက္ခဏာ အနည်းငယ်သာ ပြသ သို့မဟုတ် ရောဂါလက္ခဏာ မပြသဟုဆိုသည်။

ခန့်မှန်းချေ လူပေါင်း ၄ ဒသမ ၆ သန်းကို ဆေးရုံတင်ရန် လိုအပ်မည်ဖြစ်ပြီး လူပေါင်း ၁၄၀၀၀၀ မှာ ပြင်း ထန်သော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံမည်ဖြစ်သည်။ ကူးစက်လူနာ ၈၉၀၀၀ မှာ အသည်းအသန် ဖျားနာမည်ဖြစ် ပြီး လူ ၁၅၀၀၀၀ ခန့် သေဆုံးနိုင်ကြောင်း လေ့လာမှုက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုစတင်ချိန်မှ လူ့အသိုင်းအဝိုင်းအတွင်း ကူးစက်မှုဖြစ်ပွားသည့် တစ်နှစ်တာကာလ အတွင်း နိုင်ငံတစ်ခုစီအတွက် ဘာဖြစ်ပျက်မည်ဆိုသည်ကို လေ့လာမှုက ခန့်မှန်းခြင်းဖြစ်သည်။

--ကိုးကား--
အေအက်ဖ်ပီ
Ref; Virus could infect more than 200 mn in Africa: WHO modelling

No comments:

Popular Posts