EPN
မိုးမောက်၊ မေ ၁၅
ကချင်ပြည်နယ် မိုးမောက်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်၊
ကျေးရွာပါတီဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ ကို
မိုးမောက်မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုကို မေလ ၁၄ ရက်နေ့တွင် ရပ်ကျေးကော်မတီဝင် ၅ ဦး နှင့် မေလ ၁၅ ရက်နေ့တွင် ရပ်ကျေးကော်မတီဝင် ၃၉ ဦး စုစုပေါင်း ၄၄ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
"မိုးမောက်မြို့ပေါ်မှာရှိတဲ့ ရပ်ကျေးကော်မတီ၀င် ၄၄ ယောက်တို့အတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်နဲ့ ဆပ်ပြာတွေကို ထောက်ပံ့ခဲ့ပါတယ်။
တစ်ယောက်ကို ဆန် (၆)ပြည်၊ ဆီ (၁)ဘူး၊ကြက်သွန်နီ (၁)ပိဿာ၊ ရွှေဝါဆပ်ပြာ (၁)ချောင်းစီ ထောက်ပံ့ခဲ့ပါတယ်"ဟု မြို့နယ်ပါတီဥက္ကဌ ဒေါက်တာထွန်းနိုင် ကပြောသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ ဗန်းမော်ခရိုင်ပါတီအတွင်းရေးမှူးဒေါ်ဝိုင်း ဦးဆောင်၍ မြို့နယ်ပါတီဥက္ကဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဦးဒါရှီတူးလွမ်၊ ဘဏ္ဏာရေးမှူး ဦးဘရန်အောင်၊ မြို့နယ်ကော်မတီ၀င် ဦးမြင့်လွင်၊ အမျိုးသမီးရေးရာတာ၀န်ခံ ဒေါ်မေရီနှင့် မြို့နယ်အရန်ကော်မတီဝင် ဦးတင့်ဆွေ တို့က တက်ရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဗန်းမော်သုမိန်

No comments:
Post a Comment