Search

Friday, May 15, 2020

၁၄ ရက်အတွင်း ပြန်လာသည့် ပြည်တော်ပြန် ၂၀၀၀ ကျော်ရှိ

၁၄ ရက်အတွင်း ပြန်လာသည့် ပြည်တော်ပြန် ၂၀၀၀ ကျော်ရှိ

 

EPN
မြစ်ကြီးနား၊ မေ ၁၅

တရုတ်နိုင်ငံ၊ ဒေသအသီးသီးသို့ အလုပ်သွား ရောက်လုပ်ကိုင်သူများမှ ကချင်ပြည်နယ်အတွင်း နယ်စပ်ဂိတ်များမှ မေလ(၁၄) ရက်အတွင်း ပြန်လာသည့် ပြည်တော်ပြန် ၂၀၀၀ ကျော် ဝင်ရောက်ထား ကြောင်း ကချင်ပြည် နယ်အစိုးရ အဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနစာရင်း အရ သိရသည်။


အဆိုပါ စာရင်းများအရ မေလ(၁) ရက်မှ မေလ (၁၄)အတွင်း ကန်ပိုက်တီဂိတ်မှ ဝင်ရောက်လာသူ စုစုပေါင်း(၂၀၀)ဦး၊ လွယ်ဂျယ်ဂိတ်မှဝင်ရောက်လာသူ စုစုပေါင်း ( ၁၉၃၃)ဦး အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

" တရုတ်ဘက်ကနေ ဝင်လာတဲ့ ဒီပြည်တော်ပြန်တွေကို နယ်စပ်ဂိတ်ကနေ နေ့စဉ်မနက် (၇)နာရီကနေ မွန်းလွဲ(၂)နာရီအထိပဲ ဝင်ခွင့်ပေးထားတယ် '' ဟု ပြည်နယ် လဝကဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

တရုတ်နိုင်ငံ ဒေသအသီးသီးသို့ အလုပ်သွား ရောက်လုပ်ကိုင်သူများသည် အလုပ်ရာသီပြီး ဆုံးသည့်အတွက် ဧပြီလ ၁၆ရက်နေ့ကစပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာကြခြင်းဖြစ်သည်။

ချမ်းမြူး
ပုံ။ ဧပြီ ၁၆ ရက်က တရုတ်ပြည်ပြန်များကို လွယ်ဂျယ်ဂိတ်၌ မြင်တွေ့ရစဉ်

No comments:

Popular Posts