ကချင်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်
EPN
မြစ်ကြီးနား၊မေ ၁၆
COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း ကချင်ပြည်နယ်အတွင်း မိုးရာသီကာလ၌
ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများကို
ယနေ့ မေလ ၁၆ ရက်နေ့က စတင်ပြီး မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့တွင်
စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှူးရုံးမှ
သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်
ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး လက်အောက်ရှိ ကျန်းမာရေး ဆရာ၊
ဆရာမများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့တို့နှင့် ပူးပေါင်းကာ မေလ
၁၆ရက်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှ အိမ်ခြေ
(၂၆၈၀)ကျော် အဘိတ်ဆေးခက်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို
ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
“ကျမတို့ ကျန်းမာရေးဌာနတွေကလည်း
နှစ်တိုင်းလိုလို အမြဲတမ်းဒီလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာ ဖြစ်တယ်။
ဒါပေမယ့် ဒီနှစ်ကတော့ ကျန်းမာရေးဝန်ထမ်းတွေကလည်း လုပ်တာတော့လုပ်နေတယ်
သို့သော် လည်း ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုတအားလိုအပ်တယ်။
မြစ်ကြီးနားမြို့မှာရော ကချင်ပြည်နယ်မှာ ရော ဦးစီးဦးဆောင်နိုင်တဲ့
အာဏာရှိတဲ့ အဖွဲ့အစည်းတွေကလည်း တကယ်ကိုဦး ဆောင်ရမယ် ကျန်းမာရေးဌာန ကလည်း
အင်တိုက်အားတိုက်လုပ်သလို ပြည်သူကလည်း နားလည်ပြီးတော့ လုပ်ကိုလုပ်ရမှာ။
သူတို့ရဲ့ အိမ်တာဝန်ကိုသူတို့ တာဝန်ယူရမယ် အသိဝင်ရမယ်” ဟု ကချင်ပြည်နယ်
ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာနော်ရှဲတာက
ပြောသည်။
ယခုလို သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများဖြင့်သာမဟုတ်ဘဲ
ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း
၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကျန်းမာရေးအဖွဲ့မှ မိုးရာသီသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ခြင်း သည်
ရောဂါမဖြစ်ပွားအောင် ကာကွယ်သည့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည့်အတွက်
ဝမ်းသာ ကြိုဆိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း တတ်နိုင်သမျှ
ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။
“ဟုတ်ကဲ့ အခုဆိုရင်တော့
အချိန်တော်တော်မှီတာပေါ့ အခုမေလ ၁၅၊ ၁၆ရက်ဆိုတော့ တစ်ဝက်ဆိုတော့ မိုးကလဲ
တဖြောင့်နှစ်ဖြောင့်စကျတဲ့ အချိန်ဆိုတော့ ဒါစလုပ်လိုက်တော့
တော်တော်လေးကောင်းပါတယ် ကျနော်တို့ အခုဆိုရင် ကြိုတင်ကာကွယ်ရေးတွေ ထိထိမိမိ
လုပ်ဆောင်ပေးတာကောင်းတယ် သွေးလွန်းတုတ်ကွေးရောဂါဟာ အရင်တုန်းကတော့
နှစ်ခြားအနေနဲ့ ဖြစ်တယ် အခုနောက်ပိုင်မှာတော့ နှစ်ဆက်ပြီးဖြစ်လာတယ်ပေါ့” ဟု
ဦးဘောက်နော်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်
ကချင်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ဦးရေမှာ စုစုပေါင်း ၄၃၂၅
ဦးရှိခဲ့ပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၃၁ ဦးအထိရှိခဲ့ကြောင်း
ပြည်နယ်ကျန်းမာရေးဦးစီးဌာနရုံး၏ စာရင်းများ အရ သိရသည်။
မင်းမင်း
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
ပူတာအိုမြို့နယ်၌ ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့လှူဒါန်း ...
-
နျူကလီးယားစခန်းတွေကို အီရန်၀င်ခွင့်မပြုဘူးလို့ ကုလသမဂ္ဂနျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့ပြော EPN နိုင်ငံတကာ၊ ဇွန် ၆ အေဂျင်စီသွားချင...
-
ကချင်ပြည်နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိ EPN မြစ်ကြီးနား၊ ဇူလိုင် ၆ ကချင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် ၅ ရက်နေ့အထိ ညမထွက်...
-
ဖားကန့်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ် EPN ဖားကန့်၊ ဧပြီ ၁၁ ဖားကန့်မြ...
-
ကချင်ပြည်နယ်အတွင်း အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက် (ရွှေ)လုပ်ကွက်တရားဝင်ခွင့်ပြု EPN မြစ်ကြီးနား၊ ဖေဖော်ဝါရ...
No comments:
Post a Comment