မီးသတ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ( ၆ )ဘီးယာဉ်တစ်စီးနှင့် တူညီဝတ်စုံယူနီဖောင်းများ ပေးအပ်လှူ ဒါန်း
EPN
ဖားကန့်၊မေ ၁၆
ဖားကန့်မြို့နယ်၊အရန်မီးသတ်တပ်ဖွဲ့များ၏ မီးသတ်လုပ်ငန်းများတွင်
အသုံးပြုနိုင်ရေးအတွက် ( ၆ )ဘီးယာဉ်တစ်စီးနှင့် တူညီဝတ်စုံ
ယူနီဖောင်း(၁၁၀)စုံကို ယနေ့ မေ(၁၆)ရက် နေ့လည် ၃နာရိခွဲအချိန်က
မြို့နယ်အရန်မီးသတ်တပ်ရင်ရုံးတွင် ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသတ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ( ၆
)ဘီးယာဉ်တစ်စီးအား ဖားကန့်မြို့နေ
ကိုဇော်မျိုး၊မညိုမီထွန်း(ငြိမ်းချမ်း-တည်းခိုခန်း)မှ ပေးအပ်လှူ
ဒါန်းခဲ့ပြီး၊မီးသတ်တပ်ဖွဲ့ဝင်များ၏ တူညီဝတ်စုံယူနီဖောင်း(၁၁၀)စုံအား
မြို့နယ်ရဲတပ်ဖွဲ့မှူ း ရဲမှူ းသန်းဝင်းအောင် မှ ပေးအပ်လှူ ဒါန်းကြောင်း
မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
"မီးသတ်တပ်ဖွဲ့ဝင်တွေဟာဆိုရင် ဖားကန့်မြို့ရဲ့လိုအပ်ချက်တွေ
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ မီးငြိမ်းသတ်ရေး၊ဘာသာရေး၊လူမှုရေးစတဲ့
ကဏ္ဍအသီးသီးမှာ စေတနာအရင်းခံပြီး ကိုယ့်မြို့နယ်အတွက်
အကျိုးပြုနေတဲ့အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ဒီလိုအဖွဲ့အစည်းအပေါ ်မှာ
လိုအပ်ချက်လေးတွေကို တစ်ဖတ်တစ်လမ်းကနေ စေတနာထက်သန်စွာ ပါဝင်လှူ
ဒါန်းပေးတဲ့အတွက် တပ်ဖွဲ့ကိုယ်စား
လေးစားဂုဏ်ပြုအပ်ပါတယ်"ဟုမြို့နယ်အရန်မီးသတ်တပ်ရင်း ၏ ဒုတိယတပ်ရင်မှူ း
ကျော်ဝင်းဆွေက ပြောသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ
လိုအပ်လျှက်ရှိသည့် တူညီဝတ်စုံယူနီဖောင်းတစ်စုံချင်း၏တန်ဖိုးမှာ
(၂၇၀၀၀)ကျပ် ကျသင့်ပြီး၊ဝတ်စုံ(၁၁၀)စုံ ပေးအပ်လှူ
ဒါန်းခဲ့ကြောင်း၊ထို့အပြင် မီးငြိမ်းသတ်ရာတွင် လိုအပ်နေသည့်
ရေဘောက်ဆာယာဉ်အားလှူ ဒါန်းပေးသည့် အလှူ ရှင်ကိုလည်း ကျေးဇူးတင်ကြောင်း
အဆိုပါအခမ်းအနားအား တက်ရောက်လှူ ဒါန်းပေးသူ ရဲမှူ းသန်းဝင်းအောင်က ပြောသည်။
်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် မီးသတကားများတွင်
ရေပါဝင်မှုနည်းသည့်အတွက်၊ ရေများများသည့် ရေဘောက်ဆာယာဉ်တစ်စီး
လိုက်ပါကူညီပေးနိုင်ပါက အဆိုပါ မီးလောင်ကျွမ်းမှုများအား
အမြန်ငြိမ်းသတ်နိုင်မှာ ဖြစ်တယ်လို့ ယူဆမိတဲ့အတွက် ယခုလို
ရေဘောက်ဆာယာဉ်တစ်စီး လှူ ဒါန်းဖြစ်ကြောင်း မြို့မရပ်ကွက်နေ ကိုဇော်မျိုးက
ပြောသည်။
ဖားကန့်ဒေသသည်
ကျောက်စိမ်းတူးဖော်ရေးမိုင်းတွင်းလုပ်ငန်းများ တည်ရှိနေပြီး
သဘာဝဘေး အန္တရာယ်များဖြစ်သည့်
မြေပြိုခြင်း၊ရေကြီးခြင်း၊ကျောက်စိမ်းတူးဖော်ရေးကျင်းများပြိုကျခြင်းများ
ကြုံတွေ့နေရသည့်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ လိုအပ်လျှက်ရှိကြောင်း
မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှူ းရုံးမှ သိရသည်။
ဖားကန့်မြို့နယ်တွင်
သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၂၀)ဦးရှိပြီး၊ မီးသတ် တပ်ဖွဲ့ဝင်များ အနေဖြင့်
အဆိုပါမြို့နယ်အတွင်းရှိ လူမှုပရဟိတလုပ်ငန်းများအား
သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
နောင်ရိုး
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
မြေစာစွန့်ပစ်သည့်ကားကို ကျော်တက်ရာမှ ကားကြိတ်မိသဖြင့် ဆိုင်ကယ်ပေါ်မှ ဈေးသည် တစ်ဦးသေဆုံး EPN ဖားကန့်၊ ဖေဖော်ဝါရီ၂၃ ဖားကန့်မြို့နယ်၊ေ...
-
နျူကလီးယားစခန်းတွေကို အီရန်၀င်ခွင့်မပြုဘူးလို့ ကုလသမဂ္ဂနျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့ပြော EPN နိုင်ငံတကာ၊ ဇွန် ၆ အေဂျင်စီသွားချင...
-
ကချင်ပြည်နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိ EPN မြစ်ကြီးနား၊ ဇူလိုင် ၆ ကချင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် ၅ ရက်နေ့အထိ ညမထွက်...
-
ဖားကန့်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ် EPN ဖားကန့်၊ ဧပြီ ၁၁ ဖားကန့်မြ...
No comments:
Post a Comment