EPN
နိုင်ငံတကာ၊ မေ ၁၈
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးကာကွယ်ရန် ယခုနှစ်နွေရာသီ
တောင်တက်ရာသီအတွင်း ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ကို ပိတ်ထားမည်ဟု
တာဝန်ရှိသူများက ပြောကြားသည်။
ဖူဂျီတောင်ထိပ်သို့တက်ရာ အဓိကလမ်းလေးခုအနက် လမ်းတစ်ခုကို ပိတ်ထားကြောင်း ဂျပန်နိုင်ငံ၏ အ မြင့်ဆုံးတောင်ဖြစ်သည့် ဖူဂျီတောင်ရှိရာ ရှီဇူအိုကာစီရင်စုက ကြေညာခဲ့သည်။
“ဒီလမ်းကြောင်းတွေကို နွေရာသီမှာ ဖွင့်လှစ်ပေမယ့် တစ်ခုတည်းသော တောင်တက်ရာသီဖြစ်သည့် ဇူလိုင်လ ၁၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အတွင်း ထိုလမ်းကြောင်းများကို ပိတ်ထားမည်ဟု စီရင်စုမှ တာဝန်ရှိ သူတစ်ဉီးက ပြောသည်။
စီရင်စုက တောင်တက်လမ်းများကို စတင်စီမံခန့်ခွဲခဲ့သည့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ၃၇၇၆ မီတာရှိ သည့် ဖူဂျီတောင်တက်လမ်းကြောင်းများ ပိတ်ထားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖူဂျီတောင်မှာ တိုကျိုမြို့တော်မှ ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိပြီး တိုကျိုမြို့တော်မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ယမန်နှစ်က ဖူဂျီတောင်ကို တောင်တက်သမား ၂၃၆၀၀၀ ခန့် လာရောက်ခဲ့ကြောင်း ဖူဂျီတောင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ သိရသည်။
ဂျပန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမှာ ဥရောပတိုက်၊ အမေရိကန်ုနိုင်ငံတို့နှင့်ယှည်လျင် နည်းပါးသော် လည်း ဓာတ်ခွဲအတည်ပြု ကူးစက်လူနာ ၁၆၀၀၀ ကျော်နှင့် သေဆုံးသူ ၇၄၉ ဉီးရှိသည်။
တိုင်းပြည်အတွင်း နေရာအများစုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ပြဌာန်းခဲ့သည့် အရေးပေါ် အခြေအနေကို ပြီးခဲ့သည့်အပတ်အတွင်း ဂျပန်နိုင်ငံက ရုတ်သိမ်းခဲ့သော်လည်း တိုကျိုနှင့် အိုဆာကာကဲ့သို့သော မြို့ကြီးများတွင် ထိုအမိန့် သတ်မှတ်ထားဆဲဖြစ်သည်။
--ကိုးကား--
အေအက်ဖ်ပီ
Ref; Mount Fuji to be closed in summer due to coronavirus pandemic

No comments:
Post a Comment