လူနေအိမ်အတွင်းသိုဝှက်ထားသော ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ
EPN
ရွှေကူ၊ မေ ၁၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ငါးဘတ်ကြီးကျေးရွာ လူနေအိမ်အတွင်းမှ ဘိန်းဖြုမှုန့်များ ဖမ်းဆီးရမိ ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲ တပ်ဖွဲ့၊တပ်ဖွဲ့ စု(၁) (ဗန်းမော်) ထံမှသိရသည်။
ယနေ့ မေ ၁၈ ရက် နေ့နံနက၆ နာရီ ခွဲ အချိန် က မူးယစ်ဆေးဝါး သတင်းအရ ရွှေကူမြို့ နယ် ငါးဘတ်ကြီးကျေးရွာ သာပို(ခ)သံခဲ ၏ နေအိမ်ကို မူးယစ်ဆေးဝါး ဖမ်းဆီးခွင့်ဝရမ်ဖြင့် ဝင်ရောက်ရှာဖွေ ခဲ့ကြရာ အိမ်ရှင်၏ ခန္ဓာကိုယ်နှင့် နေအိမ်အတွင်းသို့ ဝင်ရောက် ရှာဖွေ ခဲ့ကြရာ သာပို အိပ်ခန်း အိပ်ယာဘေးနံရံပျဉ် တန်းပေါ်မှအဖုံးပါ ဖန်ပုလင်း ငယ်အတွင်း ထည့်လျှက် ဘိန်းဖြူ ဟုယူဆရသော ဖြူဝါကြားမှုန့် ၀ ဒသမ ၁ ဂရမ် ခန့်အားလည်းကောင်း၊ နေအိမ် ခြံဝင်းခေါင်းရင်းရှိ နွားချေးပုံ အနီးမှ
အကြည်ရောင်ပလပ်စတစ်အိပ်အတွင်း၌ အဖုံးပါ ကော်ဗူး ဖြင့် ထည့်လျှက် ဘိန်းဖြူ ဟုယူဆရသော ဖြူဝါကြားမှုန့် ၁၀ ဂရမ် ခန့်၊စုစုပေါင်းအလေးချိန် ၁၀ ဒသမ ၁ ဂရမ် ၊တို့အား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ် သက်၍ ရဲအုပ် ဇော်ဦး က တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ရွှေကူမြို့မ ရဲစခန်းက မူး/စိတ် ပုဒ်မအရ အမှု ဖွင့်၍ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ သာပို (ခ)သံခဲ ၃၇ နှစ်၊ ငါးဘတ်ကြီးကျေးရွာ နေသူကို ဖမ်းဆီးပြီး စစ်ဆေးအရေးယူဆောင် ရွက်လျှက်ရှိကြောင်း ကနဦးသတင်း ရရှိသည်။
ဗန်းမော်သုခမိန်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
နျူကလီးယားစခန်းတွေကို အီရန်၀င်ခွင့်မပြုဘူးလို့ ကုလသမဂ္ဂနျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့ပြော EPN နိုင်ငံတကာ၊ ဇွန် ၆ အေဂျင်စီသွားချင...
-
အင်းတော်ကြီးဒေသ အထင်ကရ နေရာများသို့ လည်ပတ်ခွင့် ယာယီ ပိတ်မည် EPN အင်းတော်ကြီး၊ ဇွန် ၁၀ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်က...
-
ရိုးရိုးလေးပဲ တွေးပြီး ပြောပါ EPN Article ဆောင်းပါး၊ သြဂုတ် ၁၅၊ ၂၀၂၀ (ဗိုလ်ကျရေးသည်) ကိုယ့်ပြည်တွင်းမှာ သစ်တောပြုန်းတီးမှုတွေ ဖြစ်နေတယ်...
-
မိုးကောင်းမြို့နယ်ကို ငှက်ဖျားကူးစက်မှုပပျောက်ရေးအတွက် စီမံချက် ချမှတ်ဆောင်ရွက်နေဟု ဆေးရုံအုပ်ကြီး ပြောကြား EPN မိုးကောင်း၊ မေ ...
No comments:
Post a Comment