Search

Monday, May 18, 2020

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေးစတင်ကျင်းပ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေးစတင်ကျင်းပ



EPN
မြစ်ကြီးနား၊ မေ ၁၈

ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ် တော်၏ (၁၉)ကြိမ်မြောက်ပုံမှန်အစည်အဝေး ပထမနေ့ကို ယနေ့မေလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က စတင်ကျင်းပခဲ့သည်။

ယနေ့ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၅) ခုကိုလွှတ်တော်တွင်း မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်း(၅)ခုနှစ်တွင် မချမ်းဘော့မြို့နယ် ၊မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရားဝမ်ဂျုံက ၎င်း၏မဲဆန္ဒနယ်ရှိ မန်နိုကျေးရွာအုပ်စုအတွင်း လျှပ်စစ်ဓာတ်အားလှိုင်းများသွယ်တန်းပေးရန်ရှိ/မရှိနှင့် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မြ ပြည်နယ်လွှတော်ကိုယ်စားလှယ်ဦးတင်အေးက ယင်းမဲဆန္ဒနယ်ရှိ အုတ်ကျင်းကျေးရွာနှင့် နန့်ပုတ်ကျေးရွာသို့ဆက်သွယ်ပေးသောလမ်းအား ကွန်ကရစ်လမ်းခင်းပေးရန်ရှိမရှိ ကိုလွှတ်တော်၌တင်သွင်းမေးမြန်းခဲ့ကြသည်။

ထို့ပြင် မံစီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မြ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးမင်းမင်းက မံမကောက်ကျေးရွာနှင့် သစ်ဆုံးကျေးရွာကြားရှိ မိုးယုချောင်းကူးတံတား ကိုကွန်ကရစ်တံတားအဖြစ်တည်ဆောက်ပေးသွားရန်ရှိ/မရှိနှင့် ဆွမ်ပရာဘွမ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မြ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဂျေထုရော်က ဆွမ်ပရာဘွမ်မြို့နယ်မွေးမြူရေးနှင့် ကုသေရးဦးစီးဌာန ရုံးကို အမြန်ဆောက်လုပ်ပေးရန်ရှိ/မရှိတို့ကို မေးမြန်းခဲ့ကြသည်။

အလားတူ မိုးမောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မြ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်လတ်(ခ)ဦး ထွန်းစိန်မှယင်းမဲဆန္ဒနယ်ရှိ ဒေါ့ဖုန်းယန်မြို့၊ဒိန်ဂါယန်ကျေးရွာတွင် လိုအပ်နေသော ရေတားတမံ၊ရေကာတာနှင့်ရေလွဲဆည်တည်ဆောက်ပေးရန်ရှိမရှိကိုတင်သွင်းမေးမြန်းခဲ့ပြီး အထက်ပါပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို သက်ဆိုင်ရာဝန်ကြီးများက စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့ပြည်နယ် လွှတ်တော်အစည်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော ၂၀၂၀ခု နှစ် ဘဏ္ဍာနှစ်(အောက်တိုဘာလမှ စက်တင်ဘာလအထိ)အရအသုံးခန့်မှန်းခြေငွေစာရင်းကို စီမံကိန်း၊ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်း ဆိုင်ရာကော်မတီကစီစစ်အကြုံပြုဆွေးနွေးခဲ့ပြီးခဲ့သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ် တော် ၁၉ကြိမ်မြောက်ပုံမှန်အစည်းအဝေးပထမနေ့တွင် ခွင့်ယူထားသည်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးဦးရှိခဲ့သည်။

လွမ်းအောင်

No comments:

Popular Posts